Sunday, April 3, 2016

ဒီနေ့ ရာသီဥတုက နေ့ လည်၁၂နာရီနောက်ပိုင်းမိုးရွာမှာဆိုတော့ဘယ်မှမထွက်တော့ဘူးလို့ နေတာ ညီတော်မောင်က ကိုကြီးဘဲသားမင်ညူးသစ်လေးစားရအောင်ဆိုတာနဲ့ အပြင်ထွက်ဖြစ်သွားတယ် ဆိုင်ရောက်တောညီအကို၂ယောက် ဖေဘုတ်ပေါ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် အကြောင်းစကားပြေားဖြစ်ကြတယ် ရန်ကုန်သင်္ကြန်နဲကင်းကွာနေတာ ကျွှန်တော်ညီက ၁၀နှစ် ကျွှန်တော်က၃နှစ်ရှိပါပြီ ဒါကနိုင်ငံခြားရောက်နေလို့ လို့ ပြေားလို့ ရပေမဲ့ ရန်ကုန်မှာရှိလဲ ကျွှန်တော်တို့ သင်္ကြန်တွင်းမှာရေကစားရတဲ့နှစ်တွေကနည်းပါးလှပါတယ် အခါတွင်းရောက်တာနဲ့ အဖွားနဲ့ လိုက်ပြီး မှော်ဘီသဲအင်းဂူမှာတရားဝင်တာများပါတယ် ငယ်ငယ်ထဲးက အဖွားကအဲလိုလေကျင့်ပေးထားတော့ ကျွှန်တော်တို့ အသက်တွေကြီးတဲ့အထိအဲဒီကောင်းကျင့်လေးကစွဲးသွားပါတယ်။သင်္ကြန်ရောက်ရင်ကျွှန်တော်တို့ သဲအင်းဂူရောက်နေတော့တာပါပဲ အင်းကျွှန်တော့်သားတွေမွေးပြီတောကျွှန်တော် အဲလိုအလေ့အကျင့်ကောင်းလေးတွေကိုသူတို့ ကိုလက်ဆင့်ကမ်းပေးပါတယ် ဒါပေမဲ့ခေတ်က ကျွှန်တော်တို့ ခေတ်တွေနဲမတူတော့ပါဘူး ကျွှန်တော်ငယ်ငယ်ကအိမ်မှာရေဒီယိုမရှိပါဘူး တယ်လီဖုန်းမရှိပါဘူး မော်တော်ကားမရှိပါဘူး။ကျွှန်တော်သားတွေက TV မော်တော်ကား ဖုန်းတွေနဲ ဖက်မွေးလာတဲ့သူတွေပါအဲဒီတော့သူတို့ခေတ်ကိုနားလည်လက်ခံရသလို ကျွှန်တော်အဖွားပေးသွားတဲ့ကောင်းမွေကိုလဲလက်ဆင့်ကမ်းရပါတယ် ဒီအချိန်မှာငါမင်းအဖေ မင်းငါပြေားသလိုလုပ်လို့ အမိန်ပေးပြီးလုပ်ခိုင်းလို့ မရပါဘူး ကျွှန်တော့်သားကြီးက၁၀တန်အောင်ပြီးပါပြီ တက္ကသိုလ်ကျောင်းသားဖြစ်နေပါပြီ။သားတွေကလည်းလိမ်မာပါတယ် သင်္ကြန်၅ရက်ကိုတဝက်ခွဲးပြီးတရားထိုင်ပါတယ်နောက်တဝက်မှာရေပက်ခံထွက်တယ်မဏ္ဍပ်ထိုင်ကြပါတယ် ကျွှန်တော်မိန်းမနဲကျွှန်တော်တနှစ်သူတို့ မဏ္ဍပ်တွေနားလိုက်ကြည့်ဘူးတယ်သောက်စားမူးယစ်နေတဲ့လူငယ်တွေရှိသလို အေးအေးဆေးဆေးရေကစားနေတဲ့လူငယ်တွေလဲရှိပါတယ် စိတ်ဝင်စားစရာအကောင်းဆုံးက ကားတစီးကလူငယ်တွေက ကွန်ဒုံးတွေလိုက်ဝေနေပြီး ကားတစီးကလူငယ်တွေက သန္ဓေတားဆေးတွေလိုက်ဝေ နေတာပါဘဲ နောက်ကားတစီးကမူးယစ်ဆေးပညာပေးလိုက်လုပ်နေတာတွေ့ ရတယ် ကျွှန်တော်တို့ လင်မယားမဏ္ဍပ်နားခဏနေလိုက်တာလက်ထဲးမှာ ကလေးတွေဝေသွားတဲ့ပညာပေးတွေ တပုံကြီးနဲဖြစ်သွားတယ်တကယ်တော့ အနှစ်၅၀လောက်ပိတ်ဆို့ ထားတဲ့နိုင်ငံဆိုတော့လူငယ်တွေဟာဒီသင်္ကြန်ဟာသူတို့ အတွက်ထွက်ပေါက်၁ခုလိုဘာဘဲ ဒါပေမဲ့လူငယ်တွေသတိတော့မမေ့ကြဘူး အဆိုးတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်အောင်ကြိုးစားကြတယ်။ညီတော်မောင်ကမေးတယ်အကိုကြီးသင်္ကြန်မဏ္ဍပ်တွေပိတ်တာ ဘယ်လိုမြင်လဲအကိုအသက်အရွယ်အရတော့ကောင်းပါတယ်ပြေားမယ် အခုအချိန်အကို၁၈နှစ်သားဆိုရင်တော့ ကန်ကွက်မှာဘဲလို့ ပြေားလိုက်တယ်။ဖဆပလ ခေတ်မှာ ဦးနုကအမဲးသားမပေါ်ရလို့ ပိတ်ခဲ့ဘူးတယ် တိုးတိုးသားဆိုပြီးခိုးပေါ်တယ်။မဆလခေတ်မှာ အစီုးရကလွဲပြီးအရက်ဆိုင်တွေ မဖွင့်ရဥပဒေထုပ်ခဲ့တယ် အရက်ပုန်းရောင်တဲ့ဆိုင်တွေမှိုလိုပေါက်ပြီးပေါ်ခဲ့တယ် ရဲတွေ ဆပ်ကြေးတောင်းတဲ့နေရာဖြစ်ခဲ့တယ်။အခုလဲ လာနီညို ဘာညာကြောင့် ရိုးရာပျက်နေလို့ ဘာကြောင့်ညာကြောင့်လို့ ပြေားပြီးပိတ်တယ် ကန်တော်ကြီးအင်ယားပတ်လည်မဏ္ဍပဆောက်တာမှ အဲဒီကန်တွေထဲးကရေဘဲကုန်မှာ မိမိအိမ်ရှေ မဏ္ဍပ်ဆောက်ရင်ရေက ဂျိုးဖြူရေသုံမှာသေချာတယ် သင်္ကြန်မရှိလဲ KTV နိုက်ကလပ် တွေရန်ကုန်တမြို့ လုံးဒင်းကြမ်းပါဘဲ မူးယစ်ဆေးဆိုလဲ မိလိုက်တာမှမနည်းမနှေားဘာဘဲ အဲဒါတွေကအုပ်ချုပ်ရေးရဲတာဝန်ယူရမယ်ဟာတွေ။ မြန်မာ့ရိုရာသင်္ကြန်နဲပေါင်းပြီးယာဉ်ကျေးမှုသစ်တခုကိုဖေါ်ဆောင်နေတဲ့ မြန်မာ့ရေသဘင်ပွဲကိုတော့ ပိုစည်ကားအောင်ဘယ်လိုလုပ်မလဲဘယ်လိုအန္တရာယ်ကင်းအောင်ကျင်းပမလဲလို့ ဘဲစဉ်းစားသင့်တယ်ငါညီရေ။ဟာအကိုကလဲအခုဝန်ကြီးချုပ်ကစေတနာကောင်းနဲ့လုပ်တာဘဲဟာ ။အေးအေးငရဲပြည်ကိုသွားတဲ့လမ်းတွေကိုအဲဒီစေတနာကောင်းတွေနဲ့ဖောက်ထားတာငါညီရေအုပ်ချုပ်တဲ့လူဆိုတာ ဦးနှောက်ထက် နှလုံးသားပိုကြီးရတယ်ခေတ်အဆက်ဆက် တိုင်းပြည်ကို အာဏာရှင်စံနစ်နဲအုပ်ချုပ်ခဲ့ပြီးလူငယ်တွေနိုင်ငံရေးဖက်မလှည်ရင်ပြီးရေားဆိုပြီးသင်္ကြန်မှာအလွန်အကျွှံလွတ်ပေးပြီးအရက်မူးယစ်ဆေး ဖာသင်္ကြန်ဖြစ်အောင်ဖန်တီးပေးထားတဲ့စံနစ်ကိုပြင်ပြစ်ရမယ် မြန်မာ့ရိုးရာအတိုင်းသံကြပ်သံတွေဖေါ်ထုပ်ရမယ် အကိုသာဆိုရင်တော့လူငယ် လူလတ်လူကြီးတွေပျော်လို့ ရတဲ့ နီုင်ငံရေအနှစ်သာရတွေရှိမယ့်မဟာသင်္ကြန်မျိုးနိုင်ငံခြားသားတွေလာမဲ့သင်္ကြန်မျိုးသာဖန်တီးမှာဘဲငါညီရေ။ဘာပဲပြေားပြေားဝန်ကြီးချုပ်သစ်ကိုထောက်ခံရမှာဘဲငါညီ။