Saturday, March 19, 2016

သစ်ပင်မခုတ်သောကိုရီးယာ

တကယ်တော့ စနေနေ့ ဆိုတာကျွှန်တော်တို့ အတွက် အလုပ်နေ့ ဝက်ပဲဆင်းရပြီး နပ်ရတဲ့နေ့  ဒီနေ့ လဲကျွှန်တော် အဝတ်လျှော်ရေချိုးပြီးcomputerဖွင့် ဖတ်ချင်တဲ့စာအုပ်တွေဒေါင်းလုပ်ဆွဲနေတုန်း ဘူဂျန်းနင်း သူဌေးတူရောက်လာပြီ အလုပ်ရှိတယ်လုပ်မလားလာမေးပါလေရော၊ကျွှန်တော်လဲ အေးလုပ်မယ်ပေါ့ တကယ်တော့သူအလုပ်တွေကစက်ရုံအလုပ်တွေမဟုတ်ဘူး သူကိုယ်တိုင်ကအပြင်ဆိုဒ်သမားဒီနေ့ လဲဘယ်ကဘယ်လိုအလုပ်လက်ခံထားလဲမသိကျွှန်တော်တို့ မြန်မာ၂ယောက်သူကားပေါ်တက်ပြီးOvertime ဆင်တယ်ပေါ့ဗျာ ကျွှန်တော်တို့ နေတဲ့နေရာကနေတော်တော်လှမ်းတဲ့နေရာ တောင်ခြေလယ်ထဲးမှာအလုပ်ကလဲ မပင်ပန်းဘူးထင်လို့ လိုက်လာတာ ဒီရောက်မှသိရတာလယ်ကဇင်းရီုးက ဂျိုင့်တွေကွန်ကရစ်နဲတာမံတုပ်မှာ ကိုရီးယားမှာက လယ်ထွန်တာရိပ်သိမ်းတာအကုန်စက်တွေနဲချည်လုပ်တာဆိုတော့ လယ်ကွက်တွေထဲးကားဝင်လို့ ရအောင်လမ်းတွေကိုကွန်ကရစ်ခင်းထားတယ် မြန်မာပြည်လိုမြိုထဲးလမ်းတွေတင်ကွန်ကရစ်ခင်းတာမဟုတ်ဘူးထုံးစံအတိုင်း ကွန်ကရစ်ဖျော်တဲ့ကားလာမယ်ပြီးရင်ကားကခင်းမယ့်နေရာသွန်ချပေးမယ် ကျွှန်တော်တို့ ကလိုက်ညှိရမယ်ဒီလိုထင်ထားတာ တကယ်လက်တွေ့ကအဲလို့ မဟုတ်ဘူးဗျ ကားကလည်းကဇင်းရိုးကိုတဖက်ထဲးကဘဲဝင်ရသလို ကွန်ကရစ်ကားရဲ လည်နေတဲ့ အုန်းမွေးလုံးကြီးက မြင့်တော့ ကဇင်းရိုးပေါ်မှာရှိတဲ့ သစ်ပင်ရဲအကိုင်းတွေနဲမလွတ်ဘူးဗျ ကျွှန်တော်ကမလွတ်တဲ့ကိုင်းတွေခုတ်လိုက်ပါလားဆို့ တော့ကိုရီးယားတွေက မခုတ်ဘူးခင်ဗျ (သစ်ပင်၁ပင်လုံးမဟုတ်ဘူးနော်အကိုင်းတောင်မခုပ်တာဗျ)ကျွှန်တော်တို့ ဆီမှာတော့ ဓာတ်တိုင်စိုက်တာမလွတ်လို့ နှစ်၂၀၀သက်တမ်းရှိတဲ့ သစ်ပင်တွေတောင်ခုပ်ပစ်လိုက်တာ အော်ကွာပါ့နော် ကဲးအခုသူမခုတ်တော့ကျွှန်တော်တို့ မြန်မာ၂ယောက်ပင်ပန်းတော့တာပေါ့ဗျာ လမ်းပေါ်မှာပုံထားတဲ့ ဘီးလပ်မြေ မဆလာတွေကို လက်တွန်းလှည်းနဲ့ တင်ပြီးတာမံတုတ်တဲ့ဆီသယ်ရတော့တာပေါ့ ၃ယောက်သားလုပ်လိုက်တာ ညနေ၃း၃၀ကနေည၇း၀၀ထိုးမှဘဲပြီးတော့တယ် အလုပ်ပြီးတော့ ဝက်သားပြုတ် ဘီယာလေး အအေးလေးနဲစားပြီး ကျွှန်တော်တို့ ၂ယောက်အတွက်ဒီလအတွက်ဆန်ရယ်ဆီရယ်ကြက်၂ကောင်ဝယ်ပေးတယ်ခင်ဗျ။ဒီလတော့ ထမင်းဘိုးမကုန်တော့ဘူးပေါဗျာ။ဒီနေ့ ကျွှန်တော်တို့ ရလိုက်တဲ့သင်ခန်းစာက ကိုရီးယားတွေဟာသဘာဝကို သစ်ပင်တွေကိုဘယ်လိုတန်ဘိုးထားသလဲဆိုတာပါပဲ။ကမ္ဘာ၁၃ခုမြောက်အချမ်းသာဆုံးနိုင်ငံကတောင်သစ်ပင်တွေကိုအဲလိုချစ်မြတ်နိုးရင်ကျွှန်တော်တို့မြန်မာနိုင်ငံသားတွေလဲ သစ်တေားသစ်ပင်တွေကိုချစ်ကြပါလို့ပြေားချင်ပါတယ်ဗျာ။အင်းကျွှန်တော်အတွေအကြုံ လေးနဲ ပြေားရပေမဲ့ ကိုယ်မခုတ်လဲ ယိုးဒယားကဝင်ခုတ်လိုက် တရုပ်ကဝင်ခုတ်လိုက်နဲ အင်းးးးးး ပြောင်နေပါပြီ။

Thursday, March 17, 2016

သမ္မတကြီးဦးထင်ကျော်နှင့်ဂဇကေသရီယုဂ်

သမတ ဦးထင်ကျော်ဇာတာက ဒေါ်အောင်ဆန်းစုကြည်ထက်အများကြီးသာ
လွန်နေပါတယ်- မကြာခင်ဘိတ်သိပ်မြောက်လိုက်တာနဲ့ မြန်မာပြည်မှာဘုန်းအ
ကြီးဆုံးပုဂ္ဂိုလ်ဖြစ်သွားမှာပါ-
ဇာတာရဲ့ မွေးအချိန်ကို rectify လုပ်ချက်အရလဂ်က ကြဋ် 4 degree မှ5 degree
အတွင်းမှာရှိနေပြီး MC ဆယ်တန့် ဘာဝက မိသာရာသီ အင်္ဂါ စိုးမိုးထားသော
( Ashwini ) အသာဝနီ နက္ခတ်ကိုစီးထား၏သို့ ဖြစ်၍ MC ဆယ်တန့် အားရှိနေခြင်း၊
ဆယ်တန့် ဘာဝ အနေကောင်းနေခြင်း ဆယ်တန့် ဘာဝသည် စန်း၏ ဗျ ယ ၁၂ တန့် 
နှင့် ၈ တန့် တို့ ၌တည်မူ မကောင်းပေ- ယ္ခု သမတ ဇာတာ၏ ဆယ်တန့့် ဘ၀ MC က
စန်း၏ ၂ တန့် ၌တည်၍အနေကောင်းခြင်း၊လဂ်၌ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးယှဉ်နေခြင်း၊ပြ
စနေကလဂ်နှင့်ယှဉ်နေပေမဲ့ စန်းနှင့်ကိန်းလွတ်နေခြင်း။
လဂ်သ္ခင်စန်းက ၉တန့် ၌တည်ပြီး၉တန့် သ္ခင်ကြာသပတေးက၉တန့် ရှိလက်သ္ခင်စန်း
ကိုအမြင်ရှိနေခြင် ဤသည်က ဂဇကေသရီယုဂ်နဲ့ တန်းတူဖြစ်နေခြင်း။တခါ စန်းရဲ့ 
MC ကလဂ်၏ ၆ တန့် ၌တည်၍အနေကောင်းနေခြင်း။ တနင်္ဂနွေ၏ MC က လဂ်ရဲ့ 
MC နှင့် တစ်ထပ်တည်းကျ နေခြင်းက MC ဆယ်တန့် ဘာဝကိုနှစ်ဆအားရှိသွားစေ
ခြင်း၊စသဖြင့် ရိုးရီုးလေးနဲ့ သန့် သန့် လေးအားရှိနေသောဇာတာကောင်းဖြစ်နေသလို
စန်း+ ကြာသပတေး combination နှင့် Uranus နှင့် ၃ တန့် ကြာသပတေးတို့ က
( 120 degree ) တိတိပပအမြင်အယှဉ်ရှိနေခြင်းတို့ က သမတကြီးမှာမြင့်မားသော
အတွေးအခေါ်တွေရှိနေခြင်းဗုဒ္ဓဘာသာပီသခြင်း- လဂ်နှင့် တနင်္ဂနွေ တို့ ၏ MC တို့ 
တစ်ထပ်တည်းကျ ပြီးကမိသရှိMars အင်္ဂါ စိုးမိုးထားသော Ashwini နက္ခတ်ကိုစီး
ထားခြင်းကိုက အုပ်ချုပ်ရေးလူတန်းစား-မင်းစိုးရာဇာအတွက်အားတွေကိုဖြစ်စေ
သလိုလက်ရှိစစ်တပ်နှင့်လည်းသဟဇာတကျ နိုင်ခြင်း။နောက်အရေးပါဆုံးက
သမတကြီး၏ MC ဆယ်တန့် သ္ခင်က နိုင်ငံတော်ဇာတာ၏လဂ်သ္ခင်နဲ့ နိုင်ငံတော်
၏MC ရာဇပုလ္လင်ရှိ အင်္ဂါနှင့် တစ်ထပ်တည်းကျနေခြင်းအကြောင်းတရားတို့ က
သမတကြီးအနေနဲ့ MC ၌ အင်္ဂါ စိုးမိုးထားသောနိုင်ငံတော်ရာဇာပုလ္လင်၌မင်းဖြစ်
ထိုက်သောအကြောင်းတရားများပါလာခဲ့ရခြင်းဖြစ်ပါသည်။
သို့ ဖြစ်၍သမတကြီး၏ဇာတာက ရုပ်သေးသမတ မဖြစ်နိုင်တာမို့ ဒေါ်အောင်ဆန်းစု
အနေ နဲ့ Washington Post ကိုပြောခဲ့သော < ကျ မက သမတ အထက်မှာနေ
မယ်-သမတ ကကျ မဘေးမှာထိုင်ရမယ်>ဆိုတာတွေကို ခေါငိးထဲကနေထုတ်ပစ်
ရမှာဖြစ်ပါတယ်မိမိကိုယ်၌ မင်းဖြစ်ဘို့ အကြောင်းတရားမပါခဲ့တာမို့ တစ်ကမ္ဘာလုံး
တပြည်လုံးနဲ ကမ္ဘာ့ထီးဆောင်မင်းရာကျော်တို့ ၏ဖိအားတွေနဲ့ ကမ္ဘာမီဒီယာတို့ 
၏တဘက်စီးနင်းကျပေးနေကြတာသော်မှ မိမိမှာမင်းမဖြစ်လာနိင်တာကိုတရား
သဘောနဲ့ ဆင်ခြင်သင့်သလိုမြန်မာမင်းတွေရဲ့ ရာဇ၀င် တစ်လျောက်တိုင်းပြည်
ကိုဘယ်ရုပ်သေးမင်းမှမစိုးမိုးမအုပ်ချုပ်ခဲ့ကြဘူးဆိုတာရယ်မြန်မာဆိုတာကရုပ်
သေးအစိုးရ ရုပ်သေးသမတအအုပ် ချုပ်ခံလူ မျိုးတွေမဟုတ်ဘူးဆိုတာကိုလည်းး
အချိန်မှီ နှလုံးသွင်းထားသင့်ပါတယ်။ပြီးတော့ မိမိကိုယ်၌ကမင်းဖြစ်ဘို့ အကြောင်း
တရားမပါခဲ့တာမို့ မိမိက မိမိအတွေးအခေါ်တွေနဲ သမတ ကိုကြိုးဆွဲပါရင်လည်း
တိုင်းပြည်အတွက်ဘာမှကောင်းလာစရာအကြောင်းမရှိပါဘူး၊
အကယ်၍ဒေါ်အောင်ဆန်းစုကြည် ကလက်ရှိသမတ ကိုရုပ်သေးသမတအဖြစ်အ
ရုပ်လုံးဖေါ်လာမယ်ဆိုရင်-ရုပ်သေးမင်းကို လက်မခံမဲ့ နိုင်ငံတော်ရာဇာပုလ္လင်က
သမတ ဦးထင်ကျော်ရာဇာပုလ္လင်ကနေ ကန် ချ ဘို့ အကြောင်းတရားများ
ဧကန် ရှိလာမှာဖြစ်ပြီး လက်ရှိသမတ ဆင်းသွားရရင် ဒုသမတ က သမတ ဖြစ်
လာဘို့ အခြေနေတွေကိုပေးသွားနိုင်ပြီးNLD မှာလည်း conflict တွေဖြစ်လာနိုင်ပါ
တယ် ၊၊ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်က မိမိ ခေါင်းထဲမှာရှိနေတဲ့ သမတအ
ပေါ်မှာနေမယ်-သမတ ကကျ မဘေးမှာထိုင်ရမယ်ဆိုတာတွေကို ခေါင်းထဲကအ
ချိန်မှီ delete လုပ်ပစ်ဘို့ လိုအပ်ပါတယ်။သမတဦးထင်ကျော်ကသူ့ အတွေးအ
ခေါ် သူအစွမ်းအစနဲ့ လွတ်လွတ်လပ်လပ်တိုင်းပြည်ကိုဦးဆောင်ခွင့်ပေးလိုက်ပါ။
သမတကြီးကလည်းမိမိတို့  NLD ကမဟုတ်တဲ့ Political skill နဲ့ knowledge
တွေနဲ့ ပြည့်ဝတဲ့မြန်မာ-သမတ အကြံပေးတစ်ယောက်ကိုခန့် ထားသင့်ပါတယ်။
နက္ခတ်ဗေဒင်လောကမှာကျွ န်ပ်က ဟိန္ဒူ မူကိုဖက်ထားသူမဟုတ်ပါ မိမိ အတွေး
အခေါ်နဲ့ မိမိတည်ဆောက်ထားတဲ့မူပိုင် Theory တွေနဲ့ ဘဲအများဆုံးဟောပြော
တတ်ပါတယ်။ယ္ခုလည်း Logically သုံးသပ်ထားတာဖြစ်ပါတယ်။
နက္ခတ်ဗေဒင်ဆိုတာကစကြာဋ္ဌာ လောက်ကျ ယ်ဝန်းနက်ရှိုင်းလွန်းလှနေတာမို့ 
နက္ခတ်ဗေဒင်မှာ ဘောင်မခတ်ထားပါ-လွတ်လွတ် လပ်လပ်ကျယ်ကျယ်ပြန့် 
တွေးခေါ်ယူနိုင်ပါတယ်၊

Saturday, March 12, 2016

မွန်သူရဲကောင်း သမ္မတကြီးဒလဘန်း။

မွန်သူရဲကောင်းသမ္မတဒလဘန်း လာပြီ။
ဂြိုဟ်နက္ခတ်ရပ်တည်မှုတွေကတော့
သမ္မတဖြစ်ထိုက်သော ဇာတာရှင်...............အမေရိကန်သမ္မတGeorge W Bushဖြင့် မွေးနှစ်၊မွေးလ၊မွေးဖွားချိန်လဂ်တူညီနေသော မြန်မာနိုင်ငံသမ္မတ
Zayar Ko added 7 new photos.
11 mins
မရည်ရွယ်ပဲစော်ကဲမင်းဖြစ်..........အိပ်မက်ပင်မမက်ခဲ့ဘူးသော
မြန်မာနိုင်ငံသမ္မတရာဇပလ္လင်ထက်.........ဆန်းဆန်းပြားပြားရောက်ရှိလာ
ခဲ့သူတစ်ဦး................ဒါပေမယ့် ဂြိုဟ်နက္ခတ်ရပ်တည်မှုတွေကတော့
သမ္မတဖြစ်ထိုက်သော ဇာတာရှင်...............အမေရိကန်သမ္မတGeorge W Bushဖြင့် မွေးနှစ်၊မွေးလ၊မွေးဖွားချိန်လဂ်တူညီနေသော မြန်မာနိုင်ငံသမ္မတ
...................
ကရကဋ်လဂ်......မြတ်သောန၀င်းစီးနင်းပြီးတနင်္လာဂြိုဟ် သုဘဘာဝ
ရပ်တည်မှုအရ ဘုန်းကံသြဇာအရှိန်အ၀ါထွန်းတောက်မည့် ရာဇသုဘယုဂ်၊
ဖလယောဂယုဂ်များရရှိနေမှု။သောကြာမြတ်သောန၀င်းစီးနင်းနေမှု။တနင်္ဂနွေ
ဂြိုဟ်ကသစ်န၀င်းစီနင်းနေမှု၊ကြာသပတေးဂြိုဟ် သုဘသူကြွယ်ယုဂ်ရရှိထားမှု
များ ဇာတာတွင်အားကောင်းသည်။ကံဂြိုဟ် အမည်ဂုဏ်သတင်းကျော်ကြားမည့်
ပုတ္တဘာဝဖလယောဂယုဂ်ရရှိထားသည်။
မွေးနံစနေနိစ်ပြမိပြီး ပြအိမ်ပြန၀င်း အထူးညံ့သည်။ရာဟုဗျာယ
၊ကိတ်အာရီ အားပျက်နေသည်။ဗုဒ္ဓဟူးဂြိုဟ်အားအသင့်တင့်ကောင်းမွန်သည်။
ယူရေးနပ်စ်နှင့်ရာဟု ဒီဂရီနီးကပ်စွာပူးယှဉ်လျက်ဗျာယဘာဝရပ်တည်မှုမှာကား
ပြင်းထန်စွာပေါက်ကွဲမည့်ပဋိပက္ခပြသနာကြီးများဖြင့်ရင်ဆိုင်ဖြေရှင်းရနိုင်သည်။
အဆိုပါဂြိုဟ်နှစ်လုံး၏အရှိန်သည် နိုင်ငံရေးအဓိပတိဂြိုဟ်အင်္ဂါအား ၉၀ံကိန်း အကွာအဝေးဖြင့် ဆက်သွယ်နေသည်။
ဒသာစနစ်အရ ၂၀၁၆မေ၁၁ကျော်လွန်ပြီသည့်နှင့် ယောဂကာရက အင်္ဂါဂြိုဟ်၏ဒသာစားဝင်မည်။တနင်္လာနှင့်အင်္ဂါက နိုင်ငံတော်သမ္မတရာထူး
တာဝန်ကိုမရည်ရွယ်ပဲ ပေးအပ်နှင်းခဲ့သလို......ဗျာယဘာဝမှာ ယူရေးနပ်စ်နှင့် ရာဟုမှလည်း ပြသနာများဖန်တီးပုံဖော်ဖို့ ၉၀ံ ကိန်းအမြင်အကွာအဝေးဖြင့်
စောင့်ဆိုင်းနေချိန်ဖြစ်ပေသည်။
အမေရိကန်သမ္မတဘုရှ်ကတော့ သမ္မတသက်တမ်း(၂)ဆက်တာဝန်ယူ
နိုင်ခဲ့သလို စစ်ပွဲကြီးတွေလဲဖန်တီးဆင်နွှဲခဲ့တဲ့သမ္မတတစ်ဦးပါပဲ။လက်ရှိ
မြန်မာနိုင်ငံသမ္မတဖြင့် မွေးဖွားရက်ကွာခြားမှု၊တနင်္လာစန်းကွာခြားမှု၊
တနင်္ဂနွေနေမင်းကွာခြားမှု၊ဒသာစနစ်ကွာခြားမှုများကြောင့် သမ္မတဘုရှ်
နှင့် ကွဲပြားသောကံတရားအခြေအနေများ ဖြစ်ပေါ်လာပေလိမ့်မည်။
မြန်မာပြည်၏သမ္မတသစ်အား အထင်သေးဖို့ မသင့်လျော်ပါ........
အမေရိကန်သမ္မတဘုရှ်ဖြင့် နီးနီးစပ်စပ်ဇာတာဆင်တူသူတစ်ဦးဖြစ်သည်။
သမ္မတသစ်၏အနာဂတ်ကံကြမ္မာကို ဖေါ်ပြလိုပေမယ့်.........ရင်ထဲမှာပဲသိမ်းထားလိုက်ပါတော့မည်........မသိမ်းထားပဲ တွေ့ရာမြင်ရာ ထည့်တိုးပြောမိလျှင်
................................ကျွန်တော်လည်းမကောင်းပါ..........အဆဲလဲမခံချင်သလို
............အချို့ကြားညှပ်နိုင်သောကိစ္စများအတွက်လည်း လက်ရှောင်မိပါသည်။(ဆရာဇေယျာကို)

Monday, March 7, 2016

၉-၃-၂၀၁၆ နေကြပ်ခြင်းနှင့်နက္ခတ်အမြင်။


Eclipse နေသဗ္ဗကြတ်ခြင်း(၃) Annular Eclipse or Ring Eclipse နေမီးဂွင်း
သဏ္ဍကြတ်ခြင်း ဤကြတ်ခြင်းမျိုးက နေ၀န်းကြီးနေချိန် နေထွက်ချိန်နဲ့ နေ၀င်
ဆည်းဆာချိန်များမှာသာဖြစ်ပေါ်တတ်ပါသည်။ (၄) Hybrid eclipse တချိန်တည်း
မှာဒင် Annular နဲ့ Total Eclipse နှစ်မျိုးပေါင်းကြတ်ခြင်းဟူ၍နေကြတ်ခြင်း၎မျိုး
ရှိနေတတ်ပါသည်။ဤကြတ်ခြင်းမျိုးကတော့ နေထွက် ချိန်န်မှာ Annular Eclipse
နဲ့ နေကြတ်တက်လာပြီးနေမြင့်ချိန်နေ၀န်းကသေးသွားချိန်မှာအလိုလိုTotal
Eclipse ကိုဖြစ်သွားစေတာမျိုးပါ-သို့ ဖြစ်၍ Hybrid Eclipse ကိုတော့ နံက်ပိုင်း Annular Eclipse ဖြစ်ပေါ်ချိုန်မျိုးမှာသာ ဖြစ်ပေါ်လေ့ရှိတတ်ပါသည်၊
နေကြတ်ခြင်းဟူသည် နေ-လ-ကမ္ဘာတို့ တစ်တန်းတည်းကျ ချိန် လဆန်းရက်တွေ
မှာသာဖြစ်ပေါ်စေတတ်ပါသည် လကြတ်ခြင်းကိုတော့လပြည့်နေ့ နေ-ကမ္ဘာ-လ တို့ တစ်တန်းတည်းကျ ချိန်န်မှာဖြစ်ပေါ်စေတတ်ပါသည်၊
သို့ ဖြစ်၍ ၂၀၁၆ နေသဗ္ဗကြတ် Total Solar Eclipse ကိုတော့ မတ်လ ၈ ရက်နေ့ 
GMT 23:19 ( 11:19 )PM မြန်မာစံတော်ချိန်အရ မတ်လ ၉ ရက်နေ့ နံက် ၅ နာရီ
၄၉ မီးနစ်မှာ နေစတင်ကြတ် မှာဖြစ်ပြီးအပြည့်အ၀ သဗ္ဗတြတ်ခြင်းကိုတော့ ၉ ရက် ရက်နေ့ GMT( 01:59 AM ) မြန်မာစံတော်ချိန် နံက် ၈ နာရီ ၂၉ မီးနစ်မှာကြတ်မှာ
ဖြစ် ပါတယ် သို့ သော်ပေးထားသောနေကြတ်လမ်းကြောင်းအရမြန်မာနိုင်ငံမှpartial
eclipse တစ်ပိုင်းတစ် စကြတ်ခြင်းကိုသာမြင်မှာဖြစ်ပြီးMaximum eclipse နေ
အပြည့်ဝကြတ်ခြင်းကိုတော့အင်ဒိုနီးရှားကျွ န်းစုအချို နဲ့ Pacific Ocean ပစ္စီပိတ်သ
မုဒ္ဒရာ တို့ မှာသာအကောင်းဆုံးမြင်နိုင်မှာဖြစ်ပါတယ်။နေကြတ်လမ်းကြောင်းက၁၅၅ ကီလိုမီတာ( ၉၆ မိုင်)ကျယ်ဝန်းနေမှာဖြစ်သလို Maximum eclipse နေတင်းပြည့်
ကြတ်ချိန်န်က( ၄ မီးနစ်နဲ့  ၉ စက္ကန့် ) သာကြာမြင့်မှာဖြစ်ပါတယ်။
တိုင်းရေးပြည်ရေး အနေနဲ့ ကတော့တိုင်းပြည်၏ဗြိစ္ဆာလဂ်ပေါ် စနေ+အင်္ဂါ စီးနေ
ချိန်တခါ MC ဆယ်တန့် ရာဇာ ပုလ္လင်ပေါ်ရှိကေသရာဇာခြင်္သေ့ကိုရာဟုစီးနေ
ချိန်မှာနေကြတ်ခြင်းကလဂ်ကိန်း၎တန့် မှာကြတ်၍ထိုနေကြတ်က နိုင်ငံတော်
ဇာတာရှိရာဟုကြတ်ထားသောရာဇာပုလ္လင်ကိုသမသတ်အမြင်ရှိနေချိန်နဲ့ တိုက်
ဆိုင်လို့ နေပြန်ပါသည်၊ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းသောရွေးကောက်ပွဲရလဒ်မှရ
ရှိခဲ့သောမင်းအစိုးရနှင့်ဘုန်းကံမရှိသောမင်း-တိုင်းပြည်နဲ့ power balance မဖြစ်
သောပါတီတို့ မှနေကြတ်နှင့်ယှဉ်၍တက်လာမည့်သမတ ကတိုင်းပြည်ကိုအဘယ်
မှာထိမ်းသိမ်းနိုင်စွမ်းရှိမည်နည်း? ၂ နှစ်အတွင်းမှာ ပါတီအတွင်းသဘောထားကွဲ
လွှဲမှု့ တွေ နဲ့  inner conflict တွေဖြစ်လာမှာဖြစ်ပြီးလက်ရှိတက်လာမည့်သမတ
၏သက်တမ်းပြည့်ရန်ပင်အလွန်ခဲယင်းလို့ နေနိုင်ပါသည်။ တကယ့်နိုင်ငံရေးကို
နားလည်သူ ရှု့ ဒေါင့်ကနေကြည့်သော် ဤ Transition ကတိုင်းပြည်အတွက်
အလွန်ကြောက်စရာကောင်းသော Transition တစ်ခုလို့ မှတ် ချ က် ချ ရပါမည်။
တိုင်းပြည်အုပ်ချု ပ်တာက ခလေးကစားစရာမဟုတ်ဘူးဆိုတာရယ်မီဒီယာ ဇာတ်
ခုံပေါ်ကဆင်းလာပြီးတိုင်းပြည်အုပ်ချုပ်လို့ မရဘူးဆိုတာကို မျက်ဝါးထင်ထင်မြင်
တွေ့ ကြရမှာပါ။
The Total eclipse on 8 Mar – Wednesday, 9 March 2016 - Are you able to see it
TIMEANDDATE.COM

Friday, March 4, 2016

ကြယ်တခွန်နှင်ယှဉ်၍

ဇန်နဝါရီ ၁၅ မှ ၁၇ ရက်အတွင်း ကြည်ပြာရောင် ကြယ်တံခွန် ကမ္ဘာနဲ့ အနီးဆုံးက ဖြတ်သန်းမည် - ဘာတွေဖြစ်လာနိုင်မလဲ

- See more at: http://thevoicemyanmar.com/index.php/perspective/item/9554-znk#sthash.oRUZRu9T.dpuf