Thursday, December 31, 2015

ရပ်ကွက်အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲအတွက်နောက်ထပ်ပြင်ရမည်ဥပဒေ ၁ခု။(ပုဒ်မ၉ ရေားပုဒ်မ၆ ပါပြင်ပေးပါ။)

ရပ်ကွက်အုပ်ချုပ်ရေးမှူးစိစစ်ရွေးချယ်
ခန့်ထားခြင်းကိုပြည်ထောင်စုလွှတ်တော်က
ဆိုင်းငံ့ထားလိုက်ပြီး
နောက်တက်လာမဲ့အစိုးရသစ်လက်ထက်မှသာ
ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တာဝန်
ပေးအပ်နိုင်မဲ့ဒုတိယအကြိမ်ပြင်ဆင်တဲ့
ဥပဒေကြမ်းလွှတ်တော်ကိုတင်သွင်းလိုက်ပြီ။
၂၀၁၂ ကအတည်ပြုပြဌာန်းထားတဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုင်ရာဥပဒေ
ပုဒ်မ ၉ မှာပါဝင်တဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ရာထူးသက်တမ်းသည်
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်
ဒါဆိုရင် ၃၁.၁.၂၀၁၆ မှာ
လွှတ်တော်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။
ဒါကြောင့်ပြင်ဆင်တဲ့ ဥပဒေကြမ်းက
ပုဒ်မ ၉ မှာပါဝင်တဲ့
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီ
ဆိုတဲ့စကားရပ်နေရာမှာ
နိုင်ငံတော်သမ္မတရာထူးသက်တမ်းအတိုင်း
လို့ပြင်ဆင်ခြင်းဖြစ်သည်တဲ့။
ဒါဟာသိပ်ကောင်းတဲ့အဆိုပြုချက်တစ်ခု
ဖြစ်ပါတယ်။နောက်ထပ်ပြင်ဆင်သင့်တာ
ကိုလဲဥာဏ်မှီသလောက်ပြောပါရစေ
ပုဒ်မ ၆ အရ ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ ၅ ဦး
ပါဝင်တဲ့ ရွေးချယ်စိစစ်ရေးအဖွဲ့အနေနဲ့
ရွေးချယ်မှုပုံစံဖြစ်တဲ့ ပုဒ်မ ၇ အကြောင်းပါ။
ဆယ်အိမ်တစ်စုကို ဆယ်အိမ်ခေါင်းတစ်ယောက်
တင်ရမယ်။အဲ့ဆယ်အိမ်ခေါင်းတွေကမှတဆင့်
ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အဆိုပြုတင်သွင်း
ရမယ်။
ဒီနေရာမှာ ပြဿနာရှိတာက
ဝင်အရွေးခံမဲ့အုပ်ချုပ်ရေးမှူးလောင်းက
ရပ်ကွက်အတွင်းမှာရှိတဲ့ ကျန်တဲ့အိမ်ထောင်စု
တွေရဲ့ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်
ဖြစ်စေ ဂရုပြုစရာမလိုပဲ ဆယ်အိမ်ခေါင်းတွေ
ကိုသာမဲဆွယ်နိုင်ရင် အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဥပမာ- အိမ်ခြေ ၁၀၀ ရှိတဲ့ ရပ်ကွက်တစ်ခုမှာ
ဆယ်အိမ်ခေါင်း ၁၀ ယောက်ရှိမယ်
ဒါဆိုရင် အုပ်ချုပ်ရေးမှူးလောင်းအနေနဲ့
ဆယ်အိမ်ခေါင်း အနည်းဆုံး ၆ ဦးကို
အုပ်စုဖွဲ့ စည်းရုံးနိုင်တာနဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဒါဟာဒီမိုကရေစီစနစ်နဲ့သွေဖယ်နေတယ်။
ဒါကြောင့်ဖြစ်သင့်တာက
(၁) အရွေးချယ်ခံမဲ့ အုပ်ချုပ်ရေးမှူးလောင်း
အမည်စာရင်တင်သွင်း
(၂) ရလာတဲ့အမည်စာရင်းကို
ရွေးချယ်စိစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသော
ဥပဒေပုဒ်မ ၅ ပါအချက် (၁၁) ချက်နဲ့
ကိုက်ညီမှုရှိမရှိစစ်ဆေး
(ဥပဒေနဲ့မကိုက်ညီသူကို အမည်စာရင်းမှပယ်ဖျက်)
(၃) ထိုအမည်စာရင်းများကို ရပ်ကွက်နေပြည်သူ
များထံသို့ အကြောင်းကြားစာပို့
(၄) အချိန်ကာလတစ်ခုသတ်မှတ်၍
မဲပုံးထောင်ပြီး ရပ်ကွက်အတွင်းရှိ (ပုံစံ ၆၆/၆)
သန်းခေါင်စာရင်းရှိသော အိမ်ထောင်စုတစုလျှင်
တစ်မဲနှုန်းဖြင့် ကိုယ်တိုင်လာရောက်
တိုက်ရိုက်မဲပေးရွေးချယ်သင့်ကြောင်း
အကြံပြုပြောကြားလိုပါတယ်။
လိုအပ်တာတွေကိုလဲ ဝေဖန်အကြံပြုပေးကြပါဦး။
ဒီဥပဒေကြမ်းကိုဖြည့်စွက်ပြင်ဆင်လိုသော
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့
၅.၁.၂၀၁၆ နောက်ဆုံးထားပြီးအမည်စာရင်း
တင်သွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဌကကြေငြာထားတဲ့အတွက်
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူများ
လက်တို့လိုက်ကြပါလို့.......

၂၀၁၆ ခုနှစ်တွင်းဖြစ်ပေါ်မည့်အာကာသဆိုင်ရာထူးခြားဖြစ်စဉ်များ။

>>>၂၀၁၆ ခုနှစ်မှာ ဖြစ်မယ့် ထူးခြား ဖြစ်စဉ်များ<<<
လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်မယ့် အာကာသအတွင်းက ထူးခြားဖြစ်စဉ်များ၊ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်မည့် အရာများစွာထဲမှ ထင်ရှားမယ့် ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာ စာဖတ်ပရိတ်သတ်များအတွက် အမြည်းသဘော.. စုစည်းတင်ဆက်ပေးလိုက်ပါတယ်..။ ဖော်ပြထားတဲ့ အရာ အားလုံးဟာ မြန်မာနိုင်ငံမှာ မြင်တွေ့ရမယ့် အရာများဖြစ်ပါတယ်..။
ဇန်နဝါရီလ (၃) ရက်နေ့ည။ ။ Quadrantids Meteor Shower (ကြယ်မိုးရွာခြင်း)
မတ်လ (၈) ရက်နေ့ည ။ ။ ဂျူပီတာ နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ဂျူပီတာကို အနီးကပ် ဆွဲကြည့်နိုင်မည်။
မတ်လ (၉) ရက်နေ့နံနက်။ ။ နေကြတ်မည်။
မတ်လ (၂၃) ရက် ည။ ။ လကြတ်မည်။
ဧပြီ ၂၂ ည ၂၃ မနက်။ ။ Lyrids Meteor Shower (ကြယ်မိုးရွာခြင်း)
မေလ (၉) ရက် ညနေ။ ။ နေ ရှေ့မှ ဗုဒ္ဓဟူးဂြိုဟ်ဖြတ်မည်။ (အင်မတန် ရှားပါးသော ဖြစ်စဉ် ဖြစ်သည်။)
မေလ (၂၂) ရက်။ ။ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ထင်ရှားစွာ ဆွဲကြည့်နိုင်မည်။
ဇွန်လ (၃) ရက်နေ့။ ။ စနေဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်(ကြီး) များဖြင့် လှပသော စနေဂြိုဟ်ပတ်ကွင်းများကို အနီးကပ် ဆွဲကြည့်နိုင်မည်။
ဇူလိုင် (၄) ရက်။ ။ ကမ္ဘာမှ လွှတ်တင်ထားသော ဂျူနို အာကာသယာဉ် ဂျူပီတာသို့ ရောက်မည်။
သြဂုတ်လ (၁၂) ည (၁၃) နံနက်။ ။ Perseids Meteor Shower (ထင်ရှားသော ကြယ်မိုးရွာခြင်း ဖြစ်စဉ်။)
သြဂုတ် (၂၇)။ ။ အနောက်အရပ်က ကြယ်နှစ်လုံး ပေါ်ထွက်သည့်အလား.. ဂျူပီတာနှင့် ဗီးနပ်စ်တို့ ပူးကပ်ကြမည်..။
စက်တင်ဘာ (၁၆) ရက်။ ။ လ အပြည့်ကြတ်မည်။
အောက်တိုဘာ (၁၆) ရက်။ ။ လပြည်နေ့ စူပါမွန်း ဖြစ်မည်။
ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်။ ။ Geminids Meteor Shower (ကြယ်မိုးဘုရင် ကြယ်မိုးရွာသွန်းခြင်း နှင့် လပြည့် စူပါမွန်း ဖြစ်ခြင်း။
................................................
အာကာသ ဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
...............................................
ကြယ်တာရာတွေကို ကြည့်ဖို့ တယ်လီစကုတ် ကောင်းကောင်းတစ်ခု ဆောင်ထားချင်တယ်ဆိုလျှင်တော့.. အာကာသနှင့် စကြဝဠာ တယ်လီစကုတ်နှင့် သင်ထောက်ကူပစ္စည်း အရောင်းဆိုင် - အမှတ် ၁၂၁ (E)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်။ ဖုန်း -09257766234 ကို ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်။ တယ်လီစကုတ်နဲ့ ပတ်သက်တဲ့ အခြားဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမှာပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးပုံအဆင့်ဆင့်

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း မှန်ကန်မျှတ ရှိစေရန် NLD ပါတီဝင်များ နှင့် ပြည်သူအားလုံး ဝိုင်းဝန်းထိမ်းကျောင်း ပေးဖို့
ဆရာ နေဘုန်းလတ် မှ တိုက်တွန်း
Credit : Sithu Maung
===========================================
တိုင်းပြည်တစ်ခုထဲက အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စတစ်ခုကို တင်ပြချင်ပါတယ်။
ရပ်ကွက်တွေ၊ ကျေးရွာအုပ်စုတွေမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးး ရွေးချယ်မှုတွေကို လာမယ့် ဇန်နဝါရီလအတွင်းပြုလုပ်သွားတော့မှာဖြစ်ပြီး တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ငန်းစဉ်တွေကို စတင်နေပြီ ဖြစ်ပါတယ်။
ဒီလို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ အရေးအကြီးဆုံးကတော့ ကြီးကြပ်ရေးအဖွဲ့ဖြစ်ပြီး အဲဒီ့ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးဖို့တာဝန်ရှိသူကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးပဲဖြစ်ပါတယ်။
ဒီလမကုန်ခင် ကြီးကြပ်ရေးအဖွဲ့တွေအကုန်ဖွဲ့မှာဖြစ်ပြီး နောက်လ ဇန်နဝါရီအတွင်းမှာ အုပ်ချုပ်ရေးမှူးတွေအပြီးသတ် ရွေးချယ်မှာဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေတွေကို လေ့လာကြည့်တဲ့အခါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်တာဝန်ပေးခြင်းလုပ်ငန်းစဉ်တွေကို အခုလိုတွေ့ရပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ
အခန်း(၂) ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
ကြီးကြပ်ရေးအဖွဲ့
ဖွဲ့စည်းရခြင်းရည်ရွယ်ချက် - ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး
ဘယ်သူ့ကဖွဲ့ပေးမလဲ - မြို့နယ်အုပ်ချုပ်ရေးမှူးမှဖွဲ့စည်းမည်
ဘယ်သူတွေပါဝင်မလဲ - အများကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိသည့် ရပ်မိရပ်ဖ ငါးဦး
(အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကြီးကြပ်ရေးအဖွဲ့ဖြစ်တဲ့ အဲဒီ့ ရပ်မိရပ်ဖငါးဦးဟာ အရေးအကြီးဆုံးဖြစ်တာကြောင့် အဲဒီ့ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီသောသူတွေပါဝင်ဖို့ အရေးကြီးလှပါတယ်)
ကြီးကြပ်ရေးအဖွဲ့၏လုပ်ငန်းတာဝန်များ
- ရပ်ကွက်အတွင်း အများဆုံး အိမ်ထောင်စုဆယ်စုပါဝင်သော ဆယ်အိမ်စုများဖွဲ့စည်း၊
- ဆယ်အိမ်စုတစ်စုစီအတွက် ဆယ်အိမ်စုကိုယ်စားလှယ်တစ်ဦးစီကို ဆယ်အိမ်စုအတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသူ အိမ်ထောင်ဦးစီး (သို့) အိမ်ထောင်စု ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်၊
- ရွေးချယ်ပြီးသော ဆယ်အိမ်စုကိုယ်စားလှယ်များကို ကြီးကြပ်ရေးအဖွဲ့မှ စိစစ် ၊ ပုံစံ (က) တွင် အမည်စာရင်းပြုစု၊
- အရွေးချယ်ခံရသော ဆယ်အိမ်စုကိုယ်စားလှယ်များမှ မိမိတို့အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးရန် သင့်လျှော်သောသူကို ကြီးကြပ်ရေးအဖွဲ့သို့ အဆိုပြု။ အဆိုပါအမည်စာရင်းကို ကြီးကြပ်ရေးအဖွဲ့မှ ပုံစံ(ခ) ဖြင့် ပြုစု။
- အဆိုပြုခံရသူများထဲမှ တစ်ယောက်ကို ဆယ်အိမ်စုကိုယ်စားလှယ်များမှ လျှို့ဝှက်မဲပေးရွေးချယ်။ ရရှိသော မဲစာရင်းကို ပုံစံ(ဂ) ဖြင့်ထိန်းသိမ်း၊ (ရပ်ကွက်နေပြည်သူအားလုံးက မဲပေးရွေးချယ်ရမှာမဟုတ်ပဲ ဆယ်အိမ်စုကိုယ်စားလှယ်များကသာ မဲပေးရွေးချယ်ရမှာကို သတိပြုရပါမယ်)
- မဲအများဆုံးရသူ၏ အမည်စာရင်းကို ပုံစံ(ဃ) ဖြင့်ပြုစုပြီး ကိုယ်ရေးအချက်အလက်နှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ။
အခန်း(၃)
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးခန့်အပ်တာဝန်ပေးခြင်း
- ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသောပုဂ္ဂိုလ်ကို စိစစ်ပြီး အရည်အချင်းနှင့်ပြည့်စုံပါက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြ အတည်ပြုချက်ရယူ၍ ခန့်အပ်တာဝန်ပေး
ဒီအဆင့်တွေကတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို ရွေးချယ်တင်မြှောက် ခန့်အပ်တာဝန်ပေးတဲ့အဆင့်တွေပါပဲ။
နောက်အစိုးရမတက်ခင်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို အပြီးခန့်အပ်သွားမှာဖြစ်တဲ့အတွက် ဒီလိုရွေးချယ်ခန့်အပ်ရေးဖြစ်စဉ်တစ်ခုလုံးဟာ ဒီမိုကရေစီနည်းလမ်းကျဖို့နဲ့ ပြည်သူလူထုသဘောဆန္ဒအတိုင်းဖြစ်စေဖို့ ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးရမယ့် တာဝန်ဟာ ပါတီဝင်များနဲ့ နိုင်ငံသားအားလုံးမှာ ရှိတယ်လို့ယူဆပါတယ်။
ဒါကြောင့် အားလုံးပဲ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ထိန်းကျောင်းကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

Sunday, December 27, 2015

အဓမ္မဝါဒ လုံးဝပျက်သုဉ်းပါစေသတည်း။

ယိုးဒယားသံရုံးရှေ့ မှာမြန်မာတွေ နေစဉ်ဆန္ဒပြနေကြတာကိုကျွှန်တော်ထောက်ခံပါတယ် ဒါသေရေးရှင်ရေးကိစ္စပါ အမှားကိုအမှန်လုပ်တဲ့ကိစ္စပါ ဓမ္မကိုအဓမ္မလုပ်တဲ့ကိစ္စပါ အမှန်တရားကိုချစ်မြတ်နိုးတဲ့ထိုင်းလူမျိုးတွေတောင် သေဒဏ်ပေးခံရတဲ့ မြန်မာ၂ယောက်ဖက်မှာနေကြပါတယ်။ဖြစ်နိုင်ရင်နေစဉ်ဆန္ဒပြကြပါ ဆန္ဒပြကြရင်လဲ ဒါနိုင်ငံရေးပွဲမဟုတ်ပါဘူးအော်ဟစ်ဆူညံမနေဘဲ ငြိမ်းချမ်းစွာ ဆုတောင်းကြပါ အမှန်တရားအောင်မြင်ပါစေ အဓမ္မဝါဒကျဆုံးပါစေ လူအချင်းလှည်ပတ်ခြင်းကင်းရှင်းကြပါစေ စတဲ့ ကြွေးကျော်သံတွေဟာအကောင်းဆုံးပါပဲ။မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်ရင်တာဝန်အရှိဆုံးက မြန်မာအစီုးရပါ သမ္မတကြီးပါနောက် ကာလုံ ကာချုပ်ကြီးပါ အခုတာဝန်ကျေပါတယ် ကာချုပ်ကြီးကချက်ခြင်းAction ယူပါတယ်။နောက်မြန်မာပြည်ရဲ သြဇာကိတ္တမရှိတဲ့အဖွဲအစည်းတွေပါ။သူတို့ လည်းတာဝန်ကျေပါတယ်အားလုံးကျေညာချက်ထုပ်ပြီးပါပြီ။ဒီအချိန်မှာနည်းနည်းသတိရှိဘိုက့ မြန်မာ့နိုင်ငံရေးအခြေအနေပါ ရွေးကောက်ပွဲပြီးလို့ အာဏာလွဲဘို့ လုပ်နေတဲ့အချိန်ဖြစ်နေပါတယ် အစီုးဘက်ကလဲ လွဲပြောင်းပေးဘို့ စံနစ်တကျရှိအောင်လုပ်နေသလို လက်ခံယူရမဲ့ဘက်ကလဲ ကြိုတင်ပြင်ဆင်မှုတွေ အားသွန်လုပ်နေရပါတယ် တကယ်တန်းပြေားရရင် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အလွန်အလုပ်များတဲ့အချိန်ဖြစ်နေပါတယ် အဲဒီအနေအထားကိုမကြည့်ဘဲ ဆန္ဒပြသူတွေအနေနဲ သမ္မတကြီးကိုဆဲးလိုက် ဒေါ်စုကိုဆဲးလိုက်လုပ်နေရင် ယိုးဒယားတွေ တရုပ်တွေ ကျောက်စိမ်းသူခိုးတွေခင်ဗျားတို့ ကိုကြည့်ပြီးရီနေမှာသေချာပါတယ်။ဒီမိုကရေစီစံနစ်ကိုသွားရင်အဲလို လမ်းဆုံမျိုးကိုကြုံတွေ့ရတတ်ပါတယ်။The Right လား The mass လား The Voice လားThe daredevil လားဆိုတဲ့လမ်းဆုံကိုပါ။
The Right မှန်တဲ့ဘက်ကနေရင်လူကြိုက်မများနိုင်ဘူး ။The Mass များတဲ့ဘက်လိုက်ရင်လဲအမှန်နဲဝေးနေတတ်တယ်။The Voice အသံဖက်ပါရင်လဲ အသံမထွက်တဲ့လူတွေကိုပစ်ပယ်ရာရောက်တယ် The Daredevilစွန့်စားမှုယူသူဘက်လိုက်ရင်လဲမှန်ကန်တဲ့လုပ်ရပ်လို့ဘယ်သူအာမခံမလဲဆိုတဲ့လမ်းဆုံကိုပါဘဲ နောက်ဆုံး Time အချိန်နှင်ုဖြစ်နိုင်ခြေpossibilitiesကိုဘဲရွေးပြိးလုပ်ရတာဖြစ်တယ် ကျွှန်တော်တို့ တိုက်နေတာယိုးဒယားနိုင်ငံရဲတရားစီရင်ရေးမတရားမှု့ ရဲတွေရဲလာပ်စားမှု ကိုပါအဲဒါတွေကိုကမ္ဘာကသိအောင်လုပ်ရပါမယ် ပြည်တွင်းကခေါင်းဆောင်တွေတိုက်နေတာမဟုတ်ပါဘူး အဲဒါကြောင် ဒေါ်စုအိမ်ရှေသွားသွားပြီးတောင်းဆိုသောသူများရေား ဦးသိန်းစိန်ကိုဆဲးနေသောသူများပါမိမိတို့ ဆန္ဒပြခြင်း၏ Aimed & objective ကိုအပျောက်မခံဘဲ အချိန်နှင့်ဖြစ်နိုင်ခြေကို ဆုပ်ကိုင်ထားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။အဓမ္မဝါဒ လုံးဝပျက်သုန်းပါစေသတည်း။

Saturday, December 26, 2015

ပညာသင်တယ်ဆိုတာဘာတုန်း(ဆရာတာ)

ပညာသင်တယ်ဆိုတာ ဘာတုန်း

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ - ကိုတာ တင်ပြချက်

ပညာသင်တယ်ဆိုတာ ဘာလဲ။
ဘဝအတွက် ပြင်ဆင်တာလို့ပဲ ယူပါတယ်။ ဘဝအတွက် ဉာဏ်ကို တပ်ဆင်ပေးဖို့ပဲ။ အင်္ဂလိပ်လို ထည့်ပါရစေ။ Intelligence, capable of being applied in any field whatever တဲ့။

ပညာတတ် (educated person) ဆိုတာကတော့ မစ်ကယ်ဂျွန် ဟောတဲ့ ပုံကလေးကို ဟောပါရစေ။ အလက်ဇန္ဒာမစ်ကယ်ဂျွန်ယာ အမေရိကန် ပညာတတ်သမိုင်းမှာ အရေးကြီးသူတစ်ယောက် ဖြစ်ပါတယ်။
        ပညာရေးဆိုတာ ဒါကိုး၊ ကိုယ် အရင်က တစ်ခါမှမလုပ်ဘူးတာကို လုပ်နိုင်တာကိုး။
        "That's what education means to be able to do what you've never done before."ဒီစကားလုံးဟာ ပညာသင်ထားတဲ့သူရဲ့ အရည်အချင်းကို ဖော်ပြပါတယ်။

ကျွန်တော်တို့ပြည်က ပညာရေးဟာ အဲသလို ပညာတတ်မျိုး မွေးထုတ်နိုင်သလား။ မွေးထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။

ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်မှာ
ဉာဏ်ဆိုင်ရာ ရည်ရွယ်ချက် (Intellectual aim)
- တွေးခေါ်မြော်မြင်တတ်ရန်
- ယဉ်ကျေးလိမ္မာရန်
- ပေါင်းသင်းဆက်ဆံတတ်ရန

လက်တွေ့ရည်ရွယ်ချက် (Practical Aim)
- ဘာသာစကားတတ်မြောက်ရန်
- ကျွမ်းကျင်မှုများ (Skills) ရရန် ဖြစ်သင့်ပါတယ်။ ကျွမ်းကျင်မှုများဆိုတာကတော့ သင့်လျော်ရာ ကျွမ်းကျင်မှုများကို ဆိုလိုပါတယ်။ (Multiple intelligence theory ကိုရှု)

ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတဲ့ လုပ်ငန်းစဉ်ကြီးမှာ “ပညာရေး“ ကဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေတင်မကဘူး၊ တခြား အမြော်အမြင်ရှိတဲ့သူတွေလည်း ပါသင့်တယ်။

ပရိသတ်ကြီးခင်ဗျား ...
ပညာရေးစနစ် ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ စိတ်ကူးစိတ်သန်းလေးတွေ လိုပါတယ်။ ခင်ဗျားကကော စိတ်ကူးစိတ်သန်းရှိလို့လားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်မှာ စိတ်ကူးလေး ရှိပါတယ်။ ပြောကြည့်ပါရစေ။

၁။ ပညာရေးဘတ်ဂျက်တိုး။ ၂ ဆ - ၃ ဆ
၂။ အစိုးရက ထိန်းချုပ်မထားနဲ့။ တခြားသူတွေ ပါဝင်လုပ်ပါစေ။ မစိုးရိမ်နဲ့။ လူတွေမှာ စဉ်းစားဉာဏ် ရှိသင့်သလောက် ရှိတာချည်း။ စေတနာလည်း ရှိတာချည်းပါ။
၃။ ဘုန်းတော်ကြီးတွေကို အားပေးပါ။
၎။ ပုဂ္ဂလိက ပြည်တွင်း/ပြည်ပ လုပ်ပါစေ။ ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်။ အဆောက်အဦ၊ ဆရာ.... Class Size
၅။ ဆယ်တန်းစာမေးပွဲပြောင်းလဲ။ ဒါကတော့ အရေးအကြီးဆုံးပါ။
၆။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်

မြန်မြန်လုပ်သင့်တာက
၁။ အသက်မွေးဝမ်းကျောင်းတွေကောင်းကောင်း ၃- ၄ ခု ဖွင့်။
၂။ နိုင်ငံတကာနဲ့မီ၊ အင်း... မီချင်မှမီမယ်။ သို့သော် အလုပ်တော့ ဖြစ်နိုင်တဲ့ ပညာတတ်တွေ မွေးထုတ်ဖို့ လူရိုသေရှင်ရိုသေ တက္ကသိုလ်လေးတစ်ခု။

Tuesday, December 15, 2015

၂၀၁၆ခုနှစ် နိုင်ငံတော်နှင်ဒေါ်စုအတွက်အဟေား (ဆရာ ဘဲးလားလေဘာတီ)

ကမ္ဘာမှာ တိုင်းနိုင်ငံတွေအတွက်မင်းတွေကိုသူလူမျိုးသူ့ ဘာသာနဲ့ တိုင်း
ပြည်ရဲ့ အခြေနဲ့ အနေအထားပေါ်မူးတည်လို့ အကြောင်းတရားကပေး
ထားတဲ့မင်းအစိုးရဆိုတာကို fixed လုပ်ပေးပြီးသာပါ- ယနေ့ လွတ်လပ်
ရေးဇာတာတော်အရ တိုင်းပြည်က ပါပ အားကြီးနေပြီးစစ်နဲ့ မခြိမ်းချ မ်း
ခြင်းတွေနဲ့ အနိဌာရုံတွေကိုသာသရုပ်ဆောင်လာနေတတ်ပါတယ်။သို့ 
ဖြစ်၍စစ်အုပ်ချု ပ်ရေးကိုအကြောင်းတရားတို့ ကနေရာပေးထားပြီးစစ်အုပ်
ချု ပ်ရေးကိုလည်းရာစုဝက်တိုင်အဒွန့် စေခဲ့ခြင်းဘဲဖြစ်ပါတယ်။
ဆယ်စုများစွာကတည်းကပြည်သူတွေက ဒီမိုကရေစီ ဒီမိုကရေစီ လို့ ညာ
သံပေးပြီးဒေါ်စုနောက်ကိုလိုက်နေခဲ့ကြသလိုရွေးကောက်ပွဲကြီးမှာဒေါ်စု
အောင်ပွဲလှလှရအောင် တကမ္ဘာလုံးနဲ့ အခြေခံလူတန်းစားပြည်သူတွေ
ကမျော်လင့်ချ က်ကြိးစွာနဲ့ ဒေါ်စုကိုမဲတွေဝိုင်းပေးခုဲ့ကြပြီးဒေါ်စုတက်လာ
ရင်သူတို့ တွေအဆင်ပြေလာပြီးချ မ်းသာလာကြလိမ့်မယ်ဆိုတဲ့မျော်လင့်
ကြီးကရင်မှာအလျှံ လို့ မိုးထိအောင်ပျော်နေကြလျ က်ပါ-
တကယ်တော့ အကြေင်းတရားတွေရဲ့ လျှို့ ဝှက်ချ က်တွေနဲ့ နက်ရှိုင်းမှု့ 
တွေကိုတော့ ဘယ်လိုပညာရှင်ကမှသိလိုက်ကြမှာမဟုတ်ပါဘူး။
တကယ်တော့ ဒေါ်စုမွေးရာပါ ဇာတာကလည်းတိုင်းပြည်နဲ့ ထပ်တူထပ်မျှ
ပါပ အားတွေကြီးနေပါတယ် လဂ်ရဲ့ ၇ တန့် ကိန်းမှာ ( ၁၄၀၈ ) Solar +
Mercury+ Saturn+ North Node ) စတဲ့ ပါပဂြိုဟ်ကြီးတွေကရပ်တည်နေ
ပြီးတခါ ကန်စန်းရဲ့ MC ဆယ်တန့် ဘာဝမှာလည်းအထက်ပါ Solar +
Mercury+ Saturn + North Node တို့ က ရပ်တည်နေပြီး လဂ်+စန်း
နှစ်ပါစလုံးကပါပ ကိန်း တြိဂုံးပိတ်မိနေပြန်ပါတယ်၊ ဒီတော့ ဒေါ်စုက ပါပ
ခေါင်းဆောင်တစ်ယောက်သာဖြစ်နေတာမို့ ဒေါ်စုကလည်းအာဏာရှင်
တစ်ယောက်ဘဲဖြစ်နေမှာပါ- ဒါကြောင့်ဒီနေ့ အပြတ်အသတ်နိုင်ပြီးဆိုက
တည်းကသူက တစ်ပါတီ အာဏာရှင် စနစ်ကိုဘဲသွားမှာဖြစ်ပါတယ်။
ဒေါ်စုကအာဏာရှင်ဖြစ်နေတာမို့ သူပါတီက ခဏခဏ conflict တွေဖြစ်
နေခဲ့ရသလို နှစ်ပေါင်း ၃၀ နိးပါးတိုင်ခဲ့ပါသော်လည်းသူ့ မှာအင်အား
ကြီးတဲ့ပါတစ်တစ်ခုကိုဖွဲ့ စည်းထိမ်းသိမ်းနိုင်စွမ်းမရှိခဲ့သလို အာဏာရှင်
ပီပီး ယနေ့ ရွေးကောက်ပွဲဝင်တဲ့အထိ သူ့ ပါတီမှာ နံပါတ် ၂ တောင်မ
ထားပါဘူး၊ ဒီတော့ မိမိကသမတ မဖြစ်ပေမဲ့ သမတ နေရာ-ရောဝန်ကြီး
ဌာနတိုင်းကိုရော တိုင်းပြည်ရဲ့ လှည်းနေမြင်းစောင်းမကျ န်သူ တစ်
ယောက်တည်းချ ယ်လှယ်မယ် သူ့ အမိန့် သူ အာဏာ ဘဲဖြစ်ရမယ်ဆိုတဲ့
ဇာတ်ညွှန်းကိုရေးသားထားပြီးဖြစ်ပါတယ်၊
တစ်ခုရှိနေတာက စစ်တပ်ချုပ်ရေးသက်တမ်းမှာစစ်တပ်ကတိုင်းရင်းမှူးး
တပ်မမှူးး တိုင်းမှူးးဌာန ဆိုင်ရာဝန်ကြီးစသည်တို့ ကို ကိုယ်ပိုင်ဆုံးဖြတ်
ခွင့်အုပ် ချုပ်ခွင့်တွေကိုပေးထားပါတယ်ဒါပေမဲ့ ဒေါ်စုကတော့သမတ
ဝန်ကြီး-ပြည်နယ်အုပ်ချုပ်ရေးမှူးး အမတ်စတဲ့အုပ်ချုပ်ရေးယန္တာယား
ကြီးတစ်ခုံလုံးကို ဘယ်သူ့ ကိုမှ လုပ်ပိုင်ခွင့်ပေးထားမှာမဟုတ်သလိုဘယ်
လိုပညာရှင်တွေရဲ့ ကြံညာဏ်ကိုသော်မှလည်းလက်ခံမှာမဟုတ်ဘဲတစ်ပါ
တီ အာဏာရှင်စနစ်ကိုပီပီပြင်ပြင် သရုပ်ဖေါ်လာနေမှာဖြစ်ပြီးသူဟာရုပ်
သေးပေါင်းများစွာကိုကြိုးကိုင်နေတဲ့ ရုပ်သေးဆရာမကြီးတစ်ယောက်
လိုလည်းဖြစ်သွားနိုင်ပါတယ်၊
ဟူဟာ အမေရီကန် Democrat -နဲ့ Republican လို အားလုံးကမည်သူမ
ဆိုသမတ ၀န်ကြီးဖြစ်နိုင်တဲ့အရည်အချ င်းတွေရှိနေပြီးအားလုံးက Political
field မှာရင့်ကျက်နေပြီး တိုင်းပြည်နဲ့ powe balance ဖြစ်နေမဲ့ အင်အားရှိ
တဲ့ပါတီမျိုးကိုဒေါ်စုကမလိုလားပါဘူး၊ဒါကြောင့်ရွေးကောက်ပွဲနီးမှPolitical
field နဲ့ ဘာမှမဆိုင်တဲ့ မင်းသား-မင်းသမီးတွေ ဇာတ်သမ သဘင်သည်တွေ
မော်ဒယ်တွေ-တရိစ္ဆာန် ဆရာဝန်တွေ- စတဲ့ နိုင်ငံရေး field နဲ့ ဘာမှမဆိုင်
တဲ့နလဗိန်းတုံးတွေကိုပါတီထဲအတင်းဆွဲသွင်းခဲ့တာပါ-အဲဒါတွေကဘာ
ကြောင့်လဲဆိုတော့ သူ့ ကိုမလှန်နိုင်တဲ့လူတွေကိုဘဲသူက လိုချင်နေလို့ 
ပါဘဲ၊
လူတိုင်းစဉ်းစားတတ်ကြမှာပါ လောက မှာ သူ field နဲ့ သူဘဲတွင်ကျ ယ်
တာမျိုးပါ ဆရာဝန်က ဆရာဝန်အလုပ်ကိုလဲလုပ်လို့ ရပါတယ်ဆရာဝန်က
Engineer အအလုပ်ကိုသွားလုပ်လို့ မရပါဘူးပြီး မင်းသ္မီးမင်းသားမော်
တယ်အဆိုတော်တွေကလည်းသူ တို့ အလုပ်ကိုဘဲသူတို့ လုပ်တတ်ကြမှာ
Political field မှာလာတွင်ကျ ယ်လို့ မရပါဘူး၊လူသားတွေက သူ field
နဲ့ ဘဲသူတွင်ကျ ယ်တယ်ဆိုတာကို ခလေးတောင်သိကြပါတယ်။
ပြီးတော့ ဇာတာအရသူက ခေါင်းမာပါတယ် ဘယ်သူ့ ကိုမှအကျော်ခံမှာမ
ဟုတ်သလိုဘယ်သူ့ အကြံကိုမှလည်းလက်ခံမှာမဟုတ်ပါဘူး-
ဒါကြောင့် ယနေ့ ပြည်သူတွေထင်နေသလို ဒေါ်စုဟာ ဒီမိုကရေစီခေါင်း
ဆောင်စစ်မဟုတ်ဘဲဒီမိုကရေစီ မျက်နှာဖုံးစု တစ် ပါတီစနစ်နဲ့ သွားမဲ့ 
အာဏာရှင်တစ်ယောက်ဘဲဖြစ်ပါတယ်-အစိုးရဖွဲ့ ပြီးလို့ သက်တမ်းရ
လာတာနဲ့ အမျှ သူ့ ပါတီမှာ Inner conflict တွေဖြစ်လာမှာဖြစ်ပြီး-ကြား
ဖြတ်ရွေးကောက်ပွဲတွေကိုလည်းမကြာမကြာလုပ်ရမဲ့ ကိန်းကိုဆိုက်သွား
နိုင်ပါတယ်၊
စာရေးသူက Venus News ဂျာနယ်မှာ ကိုသားဆိုးလာပြီးဟေ့ဆိုတဲ့
ခေါင်းစည်းနဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဘူးပါတယ်-ဘယ်လိုလဲဆိုတော့
စာရေးသူ ရန်ကုန် ပထမ တန်းမှာဘောလုံးကန် ခဲ့စဉ်က ပွဲမှာခြေမပေါ
တဲ့ဘောလုံးသမားကို နည်းပြဆရာ ကလူလဲလို့ လဲလိုက်တဲ့ဘောလုံး
သမားက ကွင်းထဲပြေးဝင်လာတာနဲ့ တောင်ဘက်-မြောက်ဘက်တန်းက
ပရိတ်သတ်တွေက " ကိုသာဆိုးလာပြီးဟေ့ ..." လို့ တစ်ပြိုင်တည်းအော်
တတ်ကြပါတယ်၊
ဒီနေ့ လည်းဒီလိုပါဘဲ-ဘယ်သူတက်တက်လာလာ ပြည်သူ နဲ့ တိုင်းပြည်
အတွက်" ကိုသာဆိုး" ဘဲလာမှာတော့ မြေကြီးလက်ခတ်မလွဲပါဘဲ၊
တိုင်းပြည်ဇာတာက MC လဂ် ဆယ်တန့် မှာ Mars အင်္ဂါ က ပုလ္လင်မှာ
ထိုင်နေသလို စန်းရဲ့ MC ဆယ်တန့် မှ Mars ထက်အင်အားကြီးတဲ့
Uranus ကတည်နေပြန်ပါတယ်ဒီတော့ ယနေ့ အတိုက်ခံခေါင်းဆောင်
ရဲ့ ဇာတာကလည်းလဂ်စန်းနှစ်ပါလုံးကို ပါပ အားကြီးနေတာမို့ ပါပ
အားကြီးနေတဲ့နိုင်ငံကို ပါပ အားကြီးတဲ့ခေါင်းဆောင်တက်အုပ်ချုပ်ရင်
တိုင်းပြည်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို စဉ်းစားလို့ ရကြမှာပါ။
ရွေးကောက်ပွဲ အချိန်မှာ MC ဆယ်တန့် ရှိ စန်းပေါ်ကို Mars + ရာဟု
တို့ စီးနေပြီးလဂ်ကို Mars အင်္ဂါအမြင်အယှဉ်ခံထားချိန်စြေ်နေတာမို့ 
အတိုက်အခံခေါင်းဆောင်က မီဒီယာ နဲ့ တွေ့ ရင်အပြောအဆိုဆင်ခြင်
ရမှာဖြစ်သလို လာမည့်2016 September 2oth မှ October 31 st
အတွင်းမှာတော့ ဒေါ်စုအနေနဲ့ ကျမ္မာရေးကအစကဘက်စုံသတိထား
ဆင်ခြင်ဘို့ တော့ လိုပါတယ်- 2018- 2019 မှာတော့ နိုင်ငံရေးအကြံပေး
မရှိဘဲတစ်ကိုယ်ကောင်းမိမိပါပ အားတွေနဲ့ ဇွတ်တိုးနေမယ်ဆိုရင်တော့ 
သက်တမ်းပြည့် ဘို့ အလွန်ခက်ခဲသွားနိုင်ခြင်းသို့ မဟုတ်တိုင်းပြည်က
အာဏာသိမ်းရလောက်တဲ့အခြေအနေအထိယိမ်းယိုင်သွားနိုင်ပါတယ်၊
တိုင်းပြည်ရဲ့ အခြေနေက စားလဲရူး ဆုတ်လဲ ဆူးဆိုတာမျိုးတွေဖြစ်နေ
နိုင်ပြီးအာဏာသိမ်းပြန်လည်း ၁၉၆၂ ကလို တည်ငြိမ်နေမှာမဟုတ်တော့ 
ဘဲ ပြည်တွင်းစစ်ဘက်ကိုဦးတည်သွားနိုင်ပါတယ်၊
ဒါကြောင့် ယနေ့ တိုင်းပြည်ရဲ့ အနာဂ တည်ငြိမ်အေးချ မ်းရေးနဲ့ ကမ္ဘာ့အ
လယ်မှာလူမျိုးရေးတွေဆက်လက်မြင့်မားနေရေးအမျိုးဘာသာသာသ
နာ နဲ့ ပြည်ထောင်စုကြီးတည်တန့် နေရေး တွေက ဒေါ်စုပေါ်မှာသာမူတည်
လို့ နေမှာဖြစ်သလိုတိုင်းပြည်အတွက် စစ်တပ်ထက် ဒေါ်စုကတာဝန်ပိုကြီး
သွားပြီးဆိုတာကိုသတိထားသင့်ပါသည်၊
တိုင်းပြည်အတွက်ကြို တင်ပြင်ဆင်နိုင်ရန်ဖြစ်လာနိုင်တာတွေကိုကြိုတင်ပြ
ထားခြင်းသာဖြစ်ပြီး ဒါတွေထဲမှာအတင်း အဖျ ဉ်းတွေ-နဲ့ အပုပ်ချ နေတာ
မျိုးတွေလုံးဝမပါပေ၊