Saturday, December 26, 2015

ပညာသင်တယ်ဆိုတာဘာတုန်း(ဆရာတာ)

ပညာသင်တယ်ဆိုတာ ဘာတုန်း

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ - ကိုတာ တင်ပြချက်

ပညာသင်တယ်ဆိုတာ ဘာလဲ။
ဘဝအတွက် ပြင်ဆင်တာလို့ပဲ ယူပါတယ်။ ဘဝအတွက် ဉာဏ်ကို တပ်ဆင်ပေးဖို့ပဲ။ အင်္ဂလိပ်လို ထည့်ပါရစေ။ Intelligence, capable of being applied in any field whatever တဲ့။

ပညာတတ် (educated person) ဆိုတာကတော့ မစ်ကယ်ဂျွန် ဟောတဲ့ ပုံကလေးကို ဟောပါရစေ။ အလက်ဇန္ဒာမစ်ကယ်ဂျွန်ယာ အမေရိကန် ပညာတတ်သမိုင်းမှာ အရေးကြီးသူတစ်ယောက် ဖြစ်ပါတယ်။
        ပညာရေးဆိုတာ ဒါကိုး၊ ကိုယ် အရင်က တစ်ခါမှမလုပ်ဘူးတာကို လုပ်နိုင်တာကိုး။
        "That's what education means to be able to do what you've never done before."ဒီစကားလုံးဟာ ပညာသင်ထားတဲ့သူရဲ့ အရည်အချင်းကို ဖော်ပြပါတယ်။

ကျွန်တော်တို့ပြည်က ပညာရေးဟာ အဲသလို ပညာတတ်မျိုး မွေးထုတ်နိုင်သလား။ မွေးထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။

ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်မှာ
ဉာဏ်ဆိုင်ရာ ရည်ရွယ်ချက် (Intellectual aim)
- တွေးခေါ်မြော်မြင်တတ်ရန်
- ယဉ်ကျေးလိမ္မာရန်
- ပေါင်းသင်းဆက်ဆံတတ်ရန

လက်တွေ့ရည်ရွယ်ချက် (Practical Aim)
- ဘာသာစကားတတ်မြောက်ရန်
- ကျွမ်းကျင်မှုများ (Skills) ရရန် ဖြစ်သင့်ပါတယ်။ ကျွမ်းကျင်မှုများဆိုတာကတော့ သင့်လျော်ရာ ကျွမ်းကျင်မှုများကို ဆိုလိုပါတယ်။ (Multiple intelligence theory ကိုရှု)

ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတဲ့ လုပ်ငန်းစဉ်ကြီးမှာ “ပညာရေး“ ကဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေတင်မကဘူး၊ တခြား အမြော်အမြင်ရှိတဲ့သူတွေလည်း ပါသင့်တယ်။

ပရိသတ်ကြီးခင်ဗျား ...
ပညာရေးစနစ် ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ စိတ်ကူးစိတ်သန်းလေးတွေ လိုပါတယ်။ ခင်ဗျားကကော စိတ်ကူးစိတ်သန်းရှိလို့လားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်မှာ စိတ်ကူးလေး ရှိပါတယ်။ ပြောကြည့်ပါရစေ။

၁။ ပညာရေးဘတ်ဂျက်တိုး။ ၂ ဆ - ၃ ဆ
၂။ အစိုးရက ထိန်းချုပ်မထားနဲ့။ တခြားသူတွေ ပါဝင်လုပ်ပါစေ။ မစိုးရိမ်နဲ့။ လူတွေမှာ စဉ်းစားဉာဏ် ရှိသင့်သလောက် ရှိတာချည်း။ စေတနာလည်း ရှိတာချည်းပါ။
၃။ ဘုန်းတော်ကြီးတွေကို အားပေးပါ။
၎။ ပုဂ္ဂလိက ပြည်တွင်း/ပြည်ပ လုပ်ပါစေ။ ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်။ အဆောက်အဦ၊ ဆရာ.... Class Size
၅။ ဆယ်တန်းစာမေးပွဲပြောင်းလဲ။ ဒါကတော့ အရေးအကြီးဆုံးပါ။
၆။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်

မြန်မြန်လုပ်သင့်တာက
၁။ အသက်မွေးဝမ်းကျောင်းတွေကောင်းကောင်း ၃- ၄ ခု ဖွင့်။
၂။ နိုင်ငံတကာနဲ့မီ၊ အင်း... မီချင်မှမီမယ်။ သို့သော် အလုပ်တော့ ဖြစ်နိုင်တဲ့ ပညာတတ်တွေ မွေးထုတ်ဖို့ လူရိုသေရှင်ရိုသေ တက္ကသိုလ်လေးတစ်ခု။

No comments: