Sunday, June 19, 2016

အဓိပတိနက္ခတ်.....
လူတစ်ယောက်၏ ဘ၀ကံကြမ္မာအထွဋ်အထိပ်သို့ ပို့ဆောင်ပေး
သော အဓိပတိနက္ခတ်သည် မြန်မာ့ရိုးရာ ထီးသုံးနန်းသုံးအာယုစန်း
ပညာတွင်အထူးအရေးပါလှပေသည်။မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက်
အခက်အခဲပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရသော နိုင်ငံရေးလမင်းတစ်စင်း
အသက်(၄၄)နှစ် နက္ခတ်၂၆လုံး(ဥတ္တရဘဒြပိုဒ်နက္ခတ်)အပေါ် အာယုစန်း
ဖြတ်သန်းစဉ် အဓိပတိနက္ခတ်၏အကျိုးကို ရရှိခဲ့သည်။နိုင်ငံရေးဆိုတာ
ဘာမှမသိ....မိခင်ကြီးကျန်းမာရေးအတွက်....မြန်မာနိုင်ငံခေတ္တပြန်ရောက်
စဉ်....ရှစ်လေးလုံးအရေးအခင်းကြီးပေါ်ပေါက်လာသည်....အာဇာနည်
ခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်၏ ရဲရဲတောက်အာဇာနည်သွေးဖြစ်တာ
ကြောင့်.......ကံကြမ္မာက နိုင်ငံရေးစင်မြင့်ထက်သို့ တွန်းတင်ပေးခဲ့သည်။
အဓိပတိနက္ခတ်အစွမ်းပြချိန်ဖြစ်တာကြောင့် ၁၉၉၀ရွေးကောက်ပွဲတွင်လည်း
အံ့သြလောက်အောင် အနိုင်ရရှိခဲ့သည်......ဒါပေမယ့် နိုင်ငံရေးရာဇပလ္လင်ထက်
ထိပ်ဆုံးအထိတော့ အဓိပတိနက္ခတ်က ခေါ်ဆောင်မသွားခဲ့......ကောဇာစနေ
ဂြိုဟ်က ဘက်ဂီယာထိုးပြီး ဓနုရာသီလဂ်ပေါ်သို့ အငြိုးကြီးစွာ စီးနင်းနေသည်။
ထိုအချိန်....ယှဉ်ပြိုင်ရသော ပြိုင်ဖက် နိုင်ငံဥသျှောင်၏ဇာတာကလည်း ရှေ့နှစ်
အနည်းငယ် မီးဇာကုန်ဆီခမ်းတော့မည့်အခြေအနေအတွက်.. ကံကြမ္မာမှ နောက်ဆုံးပိတ် အစွမ်းကုန် ထွန်းတောက်ခွင့်ပြုထားပေရာ.......
နှစ်ပေါင်း(၂၀)ကျော်......................ခါးသီးသောနိုင်ငံရေးမုန်တိုင်းများအောက်
သံမဏိစိတ်ဓါတ်ခွန်အားများဖြင့် အံတုခဲ့ရသည်။ရာဇယောဂဖြစ်သည့်နက္ခတ်
၅လုံး(မိဂသီနက္ခတ်)ပေါ်သို့ အာယုစန်းရောက်ရှိချိန်.....ကံဇာတာမှ အခွင့်အလမ်းသစ်များ ဖန်တီးပေးခဲ့သလို နက္ခတ်၇လုံးက္ကုသနက္ခ

တ်အပေါ်
အာယုစန်းရောက်ရှိချိန် သောင်ပြိုကမ်းပြိုရွေးကောက်ပွဲအောင်နိုင်မှုနှင့်အတူ အတိုင်ပင်ခံရာထူးတာဝန်များ ရရှိစေခဲ့ပါတယ်။ အခုအချိန်မှာတော့ အာယုစန်းဟာဥပါဒ်ကြီးအိမ်(မရဏဘာဝ)နှင့်တိုင်ဆယ်ပါးမှ အဆင်းတိုင်ရှိ ပုတိအိမ်ရှိနက္ခတ်၈လုံး(ဖုသျှနက္ခတ်)အပေါ်စီးနင်းနေချိန်ဖြစ်တာကြောင့်
အစစအရာရာအဖက်ဖက်မှ သတိပြုရမယ့်အချိန်ကာလပါပဲ။အထူးသဖြင့်
တော့ ကျန်းမာရေးပိုင်းဖြစ်သလို.....ကောဇာစနေဂြိုဟ်မှလည်း မကြာမီ
ဓနုလဂ်အပေါ် နှစ်နှစ်ခွဲခန့်စီးနင်းတော့မှာဖြစ်ပါတယ်။မြန်မာပြည်နှင့်
ပြည်သူများ၏ဘ၀များကို မှန်ကန်မွန်မြတ်သောစိတ်စေတနာများဖြင့်
နောက်ဆုံးပိတ်အိတ်နဲ့လွယ် အစွမ်းကုန်စောင့်ရှောက်ကူညီမြှင့်တင်ပေး
သွားနိုင်ဖို့ ကံကြမ္မာမှ အလှည့်ပေးနိုင်ပါစေ...........................
ဦးဇေယျာကို(နက္ခတ်သိပံ္ပ)