Thursday, December 31, 2015

ရပ်ကွက်အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲအတွက်နောက်ထပ်ပြင်ရမည်ဥပဒေ ၁ခု။(ပုဒ်မ၉ ရေားပုဒ်မ၆ ပါပြင်ပေးပါ။)

ရပ်ကွက်အုပ်ချုပ်ရေးမှူးစိစစ်ရွေးချယ်
ခန့်ထားခြင်းကိုပြည်ထောင်စုလွှတ်တော်က
ဆိုင်းငံ့ထားလိုက်ပြီး
နောက်တက်လာမဲ့အစိုးရသစ်လက်ထက်မှသာ
ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တာဝန်
ပေးအပ်နိုင်မဲ့ဒုတိယအကြိမ်ပြင်ဆင်တဲ့
ဥပဒေကြမ်းလွှတ်တော်ကိုတင်သွင်းလိုက်ပြီ။
၂၀၁၂ ကအတည်ပြုပြဌာန်းထားတဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုင်ရာဥပဒေ
ပုဒ်မ ၉ မှာပါဝင်တဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ရာထူးသက်တမ်းသည်
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်
ဒါဆိုရင် ၃၁.၁.၂၀၁၆ မှာ
လွှတ်တော်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။
ဒါကြောင့်ပြင်ဆင်တဲ့ ဥပဒေကြမ်းက
ပုဒ်မ ၉ မှာပါဝင်တဲ့
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီ
ဆိုတဲ့စကားရပ်နေရာမှာ
နိုင်ငံတော်သမ္မတရာထူးသက်တမ်းအတိုင်း
လို့ပြင်ဆင်ခြင်းဖြစ်သည်တဲ့။
ဒါဟာသိပ်ကောင်းတဲ့အဆိုပြုချက်တစ်ခု
ဖြစ်ပါတယ်။နောက်ထပ်ပြင်ဆင်သင့်တာ
ကိုလဲဥာဏ်မှီသလောက်ပြောပါရစေ
ပုဒ်မ ၆ အရ ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ ၅ ဦး
ပါဝင်တဲ့ ရွေးချယ်စိစစ်ရေးအဖွဲ့အနေနဲ့
ရွေးချယ်မှုပုံစံဖြစ်တဲ့ ပုဒ်မ ၇ အကြောင်းပါ။
ဆယ်အိမ်တစ်စုကို ဆယ်အိမ်ခေါင်းတစ်ယောက်
တင်ရမယ်။အဲ့ဆယ်အိမ်ခေါင်းတွေကမှတဆင့်
ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အဆိုပြုတင်သွင်း
ရမယ်။
ဒီနေရာမှာ ပြဿနာရှိတာက
ဝင်အရွေးခံမဲ့အုပ်ချုပ်ရေးမှူးလောင်းက
ရပ်ကွက်အတွင်းမှာရှိတဲ့ ကျန်တဲ့အိမ်ထောင်စု
တွေရဲ့ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်
ဖြစ်စေ ဂရုပြုစရာမလိုပဲ ဆယ်အိမ်ခေါင်းတွေ
ကိုသာမဲဆွယ်နိုင်ရင် အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဥပမာ- အိမ်ခြေ ၁၀၀ ရှိတဲ့ ရပ်ကွက်တစ်ခုမှာ
ဆယ်အိမ်ခေါင်း ၁၀ ယောက်ရှိမယ်
ဒါဆိုရင် အုပ်ချုပ်ရေးမှူးလောင်းအနေနဲ့
ဆယ်အိမ်ခေါင်း အနည်းဆုံး ၆ ဦးကို
အုပ်စုဖွဲ့ စည်းရုံးနိုင်တာနဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဒါဟာဒီမိုကရေစီစနစ်နဲ့သွေဖယ်နေတယ်။
ဒါကြောင့်ဖြစ်သင့်တာက
(၁) အရွေးချယ်ခံမဲ့ အုပ်ချုပ်ရေးမှူးလောင်း
အမည်စာရင်တင်သွင်း
(၂) ရလာတဲ့အမည်စာရင်းကို
ရွေးချယ်စိစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသော
ဥပဒေပုဒ်မ ၅ ပါအချက် (၁၁) ချက်နဲ့
ကိုက်ညီမှုရှိမရှိစစ်ဆေး
(ဥပဒေနဲ့မကိုက်ညီသူကို အမည်စာရင်းမှပယ်ဖျက်)
(၃) ထိုအမည်စာရင်းများကို ရပ်ကွက်နေပြည်သူ
များထံသို့ အကြောင်းကြားစာပို့
(၄) အချိန်ကာလတစ်ခုသတ်မှတ်၍
မဲပုံးထောင်ပြီး ရပ်ကွက်အတွင်းရှိ (ပုံစံ ၆၆/၆)
သန်းခေါင်စာရင်းရှိသော အိမ်ထောင်စုတစုလျှင်
တစ်မဲနှုန်းဖြင့် ကိုယ်တိုင်လာရောက်
တိုက်ရိုက်မဲပေးရွေးချယ်သင့်ကြောင်း
အကြံပြုပြောကြားလိုပါတယ်။
လိုအပ်တာတွေကိုလဲ ဝေဖန်အကြံပြုပေးကြပါဦး။
ဒီဥပဒေကြမ်းကိုဖြည့်စွက်ပြင်ဆင်လိုသော
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့
၅.၁.၂၀၁၆ နောက်ဆုံးထားပြီးအမည်စာရင်း
တင်သွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဌကကြေငြာထားတဲ့အတွက်
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူများ
လက်တို့လိုက်ကြပါလို့.......

၂၀၁၆ ခုနှစ်တွင်းဖြစ်ပေါ်မည့်အာကာသဆိုင်ရာထူးခြားဖြစ်စဉ်များ။

>>>၂၀၁၆ ခုနှစ်မှာ ဖြစ်မယ့် ထူးခြား ဖြစ်စဉ်များ<<<
လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်မယ့် အာကာသအတွင်းက ထူးခြားဖြစ်စဉ်များ၊ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်မည့် အရာများစွာထဲမှ ထင်ရှားမယ့် ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာ စာဖတ်ပရိတ်သတ်များအတွက် အမြည်းသဘော.. စုစည်းတင်ဆက်ပေးလိုက်ပါတယ်..။ ဖော်ပြထားတဲ့ အရာ အားလုံးဟာ မြန်မာနိုင်ငံမှာ မြင်တွေ့ရမယ့် အရာများဖြစ်ပါတယ်..။
ဇန်နဝါရီလ (၃) ရက်နေ့ည။ ။ Quadrantids Meteor Shower (ကြယ်မိုးရွာခြင်း)
မတ်လ (၈) ရက်နေ့ည ။ ။ ဂျူပီတာ နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ဂျူပီတာကို အနီးကပ် ဆွဲကြည့်နိုင်မည်။
မတ်လ (၉) ရက်နေ့နံနက်။ ။ နေကြတ်မည်။
မတ်လ (၂၃) ရက် ည။ ။ လကြတ်မည်။
ဧပြီ ၂၂ ည ၂၃ မနက်။ ။ Lyrids Meteor Shower (ကြယ်မိုးရွာခြင်း)
မေလ (၉) ရက် ညနေ။ ။ နေ ရှေ့မှ ဗုဒ္ဓဟူးဂြိုဟ်ဖြတ်မည်။ (အင်မတန် ရှားပါးသော ဖြစ်စဉ် ဖြစ်သည်။)
မေလ (၂၂) ရက်။ ။ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ထင်ရှားစွာ ဆွဲကြည့်နိုင်မည်။
ဇွန်လ (၃) ရက်နေ့။ ။ စနေဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်(ကြီး) များဖြင့် လှပသော စနေဂြိုဟ်ပတ်ကွင်းများကို အနီးကပ် ဆွဲကြည့်နိုင်မည်။
ဇူလိုင် (၄) ရက်။ ။ ကမ္ဘာမှ လွှတ်တင်ထားသော ဂျူနို အာကာသယာဉ် ဂျူပီတာသို့ ရောက်မည်။
သြဂုတ်လ (၁၂) ည (၁၃) နံနက်။ ။ Perseids Meteor Shower (ထင်ရှားသော ကြယ်မိုးရွာခြင်း ဖြစ်စဉ်။)
သြဂုတ် (၂၇)။ ။ အနောက်အရပ်က ကြယ်နှစ်လုံး ပေါ်ထွက်သည့်အလား.. ဂျူပီတာနှင့် ဗီးနပ်စ်တို့ ပူးကပ်ကြမည်..။
စက်တင်ဘာ (၁၆) ရက်။ ။ လ အပြည့်ကြတ်မည်။
အောက်တိုဘာ (၁၆) ရက်။ ။ လပြည်နေ့ စူပါမွန်း ဖြစ်မည်။
ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်။ ။ Geminids Meteor Shower (ကြယ်မိုးဘုရင် ကြယ်မိုးရွာသွန်းခြင်း နှင့် လပြည့် စူပါမွန်း ဖြစ်ခြင်း။
................................................
အာကာသ ဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
...............................................
ကြယ်တာရာတွေကို ကြည့်ဖို့ တယ်လီစကုတ် ကောင်းကောင်းတစ်ခု ဆောင်ထားချင်တယ်ဆိုလျှင်တော့.. အာကာသနှင့် စကြဝဠာ တယ်လီစကုတ်နှင့် သင်ထောက်ကူပစ္စည်း အရောင်းဆိုင် - အမှတ် ၁၂၁ (E)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်။ ဖုန်း -09257766234 ကို ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်။ တယ်လီစကုတ်နဲ့ ပတ်သက်တဲ့ အခြားဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမှာပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးပုံအဆင့်ဆင့်

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း မှန်ကန်မျှတ ရှိစေရန် NLD ပါတီဝင်များ နှင့် ပြည်သူအားလုံး ဝိုင်းဝန်းထိမ်းကျောင်း ပေးဖို့
ဆရာ နေဘုန်းလတ် မှ တိုက်တွန်း
Credit : Sithu Maung
===========================================
တိုင်းပြည်တစ်ခုထဲက အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စတစ်ခုကို တင်ပြချင်ပါတယ်။
ရပ်ကွက်တွေ၊ ကျေးရွာအုပ်စုတွေမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးး ရွေးချယ်မှုတွေကို လာမယ့် ဇန်နဝါရီလအတွင်းပြုလုပ်သွားတော့မှာဖြစ်ပြီး တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ငန်းစဉ်တွေကို စတင်နေပြီ ဖြစ်ပါတယ်။
ဒီလို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ အရေးအကြီးဆုံးကတော့ ကြီးကြပ်ရေးအဖွဲ့ဖြစ်ပြီး အဲဒီ့ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးဖို့တာဝန်ရှိသူကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးပဲဖြစ်ပါတယ်။
ဒီလမကုန်ခင် ကြီးကြပ်ရေးအဖွဲ့တွေအကုန်ဖွဲ့မှာဖြစ်ပြီး နောက်လ ဇန်နဝါရီအတွင်းမှာ အုပ်ချုပ်ရေးမှူးတွေအပြီးသတ် ရွေးချယ်မှာဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေတွေကို လေ့လာကြည့်တဲ့အခါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်တာဝန်ပေးခြင်းလုပ်ငန်းစဉ်တွေကို အခုလိုတွေ့ရပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ
အခန်း(၂) ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
ကြီးကြပ်ရေးအဖွဲ့
ဖွဲ့စည်းရခြင်းရည်ရွယ်ချက် - ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး
ဘယ်သူ့ကဖွဲ့ပေးမလဲ - မြို့နယ်အုပ်ချုပ်ရေးမှူးမှဖွဲ့စည်းမည်
ဘယ်သူတွေပါဝင်မလဲ - အများကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိသည့် ရပ်မိရပ်ဖ ငါးဦး
(အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကြီးကြပ်ရေးအဖွဲ့ဖြစ်တဲ့ အဲဒီ့ ရပ်မိရပ်ဖငါးဦးဟာ အရေးအကြီးဆုံးဖြစ်တာကြောင့် အဲဒီ့ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီသောသူတွေပါဝင်ဖို့ အရေးကြီးလှပါတယ်)
ကြီးကြပ်ရေးအဖွဲ့၏လုပ်ငန်းတာဝန်များ
- ရပ်ကွက်အတွင်း အများဆုံး အိမ်ထောင်စုဆယ်စုပါဝင်သော ဆယ်အိမ်စုများဖွဲ့စည်း၊
- ဆယ်အိမ်စုတစ်စုစီအတွက် ဆယ်အိမ်စုကိုယ်စားလှယ်တစ်ဦးစီကို ဆယ်အိမ်စုအတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသူ အိမ်ထောင်ဦးစီး (သို့) အိမ်ထောင်စု ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်၊
- ရွေးချယ်ပြီးသော ဆယ်အိမ်စုကိုယ်စားလှယ်များကို ကြီးကြပ်ရေးအဖွဲ့မှ စိစစ် ၊ ပုံစံ (က) တွင် အမည်စာရင်းပြုစု၊
- အရွေးချယ်ခံရသော ဆယ်အိမ်စုကိုယ်စားလှယ်များမှ မိမိတို့အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးရန် သင့်လျှော်သောသူကို ကြီးကြပ်ရေးအဖွဲ့သို့ အဆိုပြု။ အဆိုပါအမည်စာရင်းကို ကြီးကြပ်ရေးအဖွဲ့မှ ပုံစံ(ခ) ဖြင့် ပြုစု။
- အဆိုပြုခံရသူများထဲမှ တစ်ယောက်ကို ဆယ်အိမ်စုကိုယ်စားလှယ်များမှ လျှို့ဝှက်မဲပေးရွေးချယ်။ ရရှိသော မဲစာရင်းကို ပုံစံ(ဂ) ဖြင့်ထိန်းသိမ်း၊ (ရပ်ကွက်နေပြည်သူအားလုံးက မဲပေးရွေးချယ်ရမှာမဟုတ်ပဲ ဆယ်အိမ်စုကိုယ်စားလှယ်များကသာ မဲပေးရွေးချယ်ရမှာကို သတိပြုရပါမယ်)
- မဲအများဆုံးရသူ၏ အမည်စာရင်းကို ပုံစံ(ဃ) ဖြင့်ပြုစုပြီး ကိုယ်ရေးအချက်အလက်နှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ။
အခန်း(၃)
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးခန့်အပ်တာဝန်ပေးခြင်း
- ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသောပုဂ္ဂိုလ်ကို စိစစ်ပြီး အရည်အချင်းနှင့်ပြည့်စုံပါက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြ အတည်ပြုချက်ရယူ၍ ခန့်အပ်တာဝန်ပေး
ဒီအဆင့်တွေကတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို ရွေးချယ်တင်မြှောက် ခန့်အပ်တာဝန်ပေးတဲ့အဆင့်တွေပါပဲ။
နောက်အစိုးရမတက်ခင်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို အပြီးခန့်အပ်သွားမှာဖြစ်တဲ့အတွက် ဒီလိုရွေးချယ်ခန့်အပ်ရေးဖြစ်စဉ်တစ်ခုလုံးဟာ ဒီမိုကရေစီနည်းလမ်းကျဖို့နဲ့ ပြည်သူလူထုသဘောဆန္ဒအတိုင်းဖြစ်စေဖို့ ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးရမယ့် တာဝန်ဟာ ပါတီဝင်များနဲ့ နိုင်ငံသားအားလုံးမှာ ရှိတယ်လို့ယူဆပါတယ်။
ဒါကြောင့် အားလုံးပဲ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ထိန်းကျောင်းကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

Sunday, December 27, 2015

အဓမ္မဝါဒ လုံးဝပျက်သုဉ်းပါစေသတည်း။

ယိုးဒယားသံရုံးရှေ့ မှာမြန်မာတွေ နေစဉ်ဆန္ဒပြနေကြတာကိုကျွှန်တော်ထောက်ခံပါတယ် ဒါသေရေးရှင်ရေးကိစ္စပါ အမှားကိုအမှန်လုပ်တဲ့ကိစ္စပါ ဓမ္မကိုအဓမ္မလုပ်တဲ့ကိစ္စပါ အမှန်တရားကိုချစ်မြတ်နိုးတဲ့ထိုင်းလူမျိုးတွေတောင် သေဒဏ်ပေးခံရတဲ့ မြန်မာ၂ယောက်ဖက်မှာနေကြပါတယ်။ဖြစ်နိုင်ရင်နေစဉ်ဆန္ဒပြကြပါ ဆန္ဒပြကြရင်လဲ ဒါနိုင်ငံရေးပွဲမဟုတ်ပါဘူးအော်ဟစ်ဆူညံမနေဘဲ ငြိမ်းချမ်းစွာ ဆုတောင်းကြပါ အမှန်တရားအောင်မြင်ပါစေ အဓမ္မဝါဒကျဆုံးပါစေ လူအချင်းလှည်ပတ်ခြင်းကင်းရှင်းကြပါစေ စတဲ့ ကြွေးကျော်သံတွေဟာအကောင်းဆုံးပါပဲ။မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်ရင်တာဝန်အရှိဆုံးက မြန်မာအစီုးရပါ သမ္မတကြီးပါနောက် ကာလုံ ကာချုပ်ကြီးပါ အခုတာဝန်ကျေပါတယ် ကာချုပ်ကြီးကချက်ခြင်းAction ယူပါတယ်။နောက်မြန်မာပြည်ရဲ သြဇာကိတ္တမရှိတဲ့အဖွဲအစည်းတွေပါ။သူတို့ လည်းတာဝန်ကျေပါတယ်အားလုံးကျေညာချက်ထုပ်ပြီးပါပြီ။ဒီအချိန်မှာနည်းနည်းသတိရှိဘိုက့ မြန်မာ့နိုင်ငံရေးအခြေအနေပါ ရွေးကောက်ပွဲပြီးလို့ အာဏာလွဲဘို့ လုပ်နေတဲ့အချိန်ဖြစ်နေပါတယ် အစီုးဘက်ကလဲ လွဲပြောင်းပေးဘို့ စံနစ်တကျရှိအောင်လုပ်နေသလို လက်ခံယူရမဲ့ဘက်ကလဲ ကြိုတင်ပြင်ဆင်မှုတွေ အားသွန်လုပ်နေရပါတယ် တကယ်တန်းပြေားရရင် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အလွန်အလုပ်များတဲ့အချိန်ဖြစ်နေပါတယ် အဲဒီအနေအထားကိုမကြည့်ဘဲ ဆန္ဒပြသူတွေအနေနဲ သမ္မတကြီးကိုဆဲးလိုက် ဒေါ်စုကိုဆဲးလိုက်လုပ်နေရင် ယိုးဒယားတွေ တရုပ်တွေ ကျောက်စိမ်းသူခိုးတွေခင်ဗျားတို့ ကိုကြည့်ပြီးရီနေမှာသေချာပါတယ်။ဒီမိုကရေစီစံနစ်ကိုသွားရင်အဲလို လမ်းဆုံမျိုးကိုကြုံတွေ့ရတတ်ပါတယ်။The Right လား The mass လား The Voice လားThe daredevil လားဆိုတဲ့လမ်းဆုံကိုပါ။
The Right မှန်တဲ့ဘက်ကနေရင်လူကြိုက်မများနိုင်ဘူး ။The Mass များတဲ့ဘက်လိုက်ရင်လဲအမှန်နဲဝေးနေတတ်တယ်။The Voice အသံဖက်ပါရင်လဲ အသံမထွက်တဲ့လူတွေကိုပစ်ပယ်ရာရောက်တယ် The Daredevilစွန့်စားမှုယူသူဘက်လိုက်ရင်လဲမှန်ကန်တဲ့လုပ်ရပ်လို့ဘယ်သူအာမခံမလဲဆိုတဲ့လမ်းဆုံကိုပါဘဲ နောက်ဆုံး Time အချိန်နှင်ုဖြစ်နိုင်ခြေpossibilitiesကိုဘဲရွေးပြိးလုပ်ရတာဖြစ်တယ် ကျွှန်တော်တို့ တိုက်နေတာယိုးဒယားနိုင်ငံရဲတရားစီရင်ရေးမတရားမှု့ ရဲတွေရဲလာပ်စားမှု ကိုပါအဲဒါတွေကိုကမ္ဘာကသိအောင်လုပ်ရပါမယ် ပြည်တွင်းကခေါင်းဆောင်တွေတိုက်နေတာမဟုတ်ပါဘူး အဲဒါကြောင် ဒေါ်စုအိမ်ရှေသွားသွားပြီးတောင်းဆိုသောသူများရေား ဦးသိန်းစိန်ကိုဆဲးနေသောသူများပါမိမိတို့ ဆန္ဒပြခြင်း၏ Aimed & objective ကိုအပျောက်မခံဘဲ အချိန်နှင့်ဖြစ်နိုင်ခြေကို ဆုပ်ကိုင်ထားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။အဓမ္မဝါဒ လုံးဝပျက်သုန်းပါစေသတည်း။

Saturday, December 26, 2015

ပညာသင်တယ်ဆိုတာဘာတုန်း(ဆရာတာ)

ပညာသင်တယ်ဆိုတာ ဘာတုန်း

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ - ကိုတာ တင်ပြချက်

ပညာသင်တယ်ဆိုတာ ဘာလဲ။
ဘဝအတွက် ပြင်ဆင်တာလို့ပဲ ယူပါတယ်။ ဘဝအတွက် ဉာဏ်ကို တပ်ဆင်ပေးဖို့ပဲ။ အင်္ဂလိပ်လို ထည့်ပါရစေ။ Intelligence, capable of being applied in any field whatever တဲ့။

ပညာတတ် (educated person) ဆိုတာကတော့ မစ်ကယ်ဂျွန် ဟောတဲ့ ပုံကလေးကို ဟောပါရစေ။ အလက်ဇန္ဒာမစ်ကယ်ဂျွန်ယာ အမေရိကန် ပညာတတ်သမိုင်းမှာ အရေးကြီးသူတစ်ယောက် ဖြစ်ပါတယ်။
        ပညာရေးဆိုတာ ဒါကိုး၊ ကိုယ် အရင်က တစ်ခါမှမလုပ်ဘူးတာကို လုပ်နိုင်တာကိုး။
        "That's what education means to be able to do what you've never done before."ဒီစကားလုံးဟာ ပညာသင်ထားတဲ့သူရဲ့ အရည်အချင်းကို ဖော်ပြပါတယ်။

ကျွန်တော်တို့ပြည်က ပညာရေးဟာ အဲသလို ပညာတတ်မျိုး မွေးထုတ်နိုင်သလား။ မွေးထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။

ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်မှာ
ဉာဏ်ဆိုင်ရာ ရည်ရွယ်ချက် (Intellectual aim)
- တွေးခေါ်မြော်မြင်တတ်ရန်
- ယဉ်ကျေးလိမ္မာရန်
- ပေါင်းသင်းဆက်ဆံတတ်ရန

လက်တွေ့ရည်ရွယ်ချက် (Practical Aim)
- ဘာသာစကားတတ်မြောက်ရန်
- ကျွမ်းကျင်မှုများ (Skills) ရရန် ဖြစ်သင့်ပါတယ်။ ကျွမ်းကျင်မှုများဆိုတာကတော့ သင့်လျော်ရာ ကျွမ်းကျင်မှုများကို ဆိုလိုပါတယ်။ (Multiple intelligence theory ကိုရှု)

ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတဲ့ လုပ်ငန်းစဉ်ကြီးမှာ “ပညာရေး“ ကဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေတင်မကဘူး၊ တခြား အမြော်အမြင်ရှိတဲ့သူတွေလည်း ပါသင့်တယ်။

ပရိသတ်ကြီးခင်ဗျား ...
ပညာရေးစနစ် ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ စိတ်ကူးစိတ်သန်းလေးတွေ လိုပါတယ်။ ခင်ဗျားကကော စိတ်ကူးစိတ်သန်းရှိလို့လားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်မှာ စိတ်ကူးလေး ရှိပါတယ်။ ပြောကြည့်ပါရစေ။

၁။ ပညာရေးဘတ်ဂျက်တိုး။ ၂ ဆ - ၃ ဆ
၂။ အစိုးရက ထိန်းချုပ်မထားနဲ့။ တခြားသူတွေ ပါဝင်လုပ်ပါစေ။ မစိုးရိမ်နဲ့။ လူတွေမှာ စဉ်းစားဉာဏ် ရှိသင့်သလောက် ရှိတာချည်း။ စေတနာလည်း ရှိတာချည်းပါ။
၃။ ဘုန်းတော်ကြီးတွေကို အားပေးပါ။
၎။ ပုဂ္ဂလိက ပြည်တွင်း/ပြည်ပ လုပ်ပါစေ။ ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်။ အဆောက်အဦ၊ ဆရာ.... Class Size
၅။ ဆယ်တန်းစာမေးပွဲပြောင်းလဲ။ ဒါကတော့ အရေးအကြီးဆုံးပါ။
၆။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်

မြန်မြန်လုပ်သင့်တာက
၁။ အသက်မွေးဝမ်းကျောင်းတွေကောင်းကောင်း ၃- ၄ ခု ဖွင့်။
၂။ နိုင်ငံတကာနဲ့မီ၊ အင်း... မီချင်မှမီမယ်။ သို့သော် အလုပ်တော့ ဖြစ်နိုင်တဲ့ ပညာတတ်တွေ မွေးထုတ်ဖို့ လူရိုသေရှင်ရိုသေ တက္ကသိုလ်လေးတစ်ခု။

Tuesday, December 15, 2015

၂၀၁၆ခုနှစ် နိုင်ငံတော်နှင်ဒေါ်စုအတွက်အဟေား (ဆရာ ဘဲးလားလေဘာတီ)

ကမ္ဘာမှာ တိုင်းနိုင်ငံတွေအတွက်မင်းတွေကိုသူလူမျိုးသူ့ ဘာသာနဲ့ တိုင်း
ပြည်ရဲ့ အခြေနဲ့ အနေအထားပေါ်မူးတည်လို့ အကြောင်းတရားကပေး
ထားတဲ့မင်းအစိုးရဆိုတာကို fixed လုပ်ပေးပြီးသာပါ- ယနေ့ လွတ်လပ်
ရေးဇာတာတော်အရ တိုင်းပြည်က ပါပ အားကြီးနေပြီးစစ်နဲ့ မခြိမ်းချ မ်း
ခြင်းတွေနဲ့ အနိဌာရုံတွေကိုသာသရုပ်ဆောင်လာနေတတ်ပါတယ်။သို့ 
ဖြစ်၍စစ်အုပ်ချု ပ်ရေးကိုအကြောင်းတရားတို့ ကနေရာပေးထားပြီးစစ်အုပ်
ချု ပ်ရေးကိုလည်းရာစုဝက်တိုင်အဒွန့် စေခဲ့ခြင်းဘဲဖြစ်ပါတယ်။
ဆယ်စုများစွာကတည်းကပြည်သူတွေက ဒီမိုကရေစီ ဒီမိုကရေစီ လို့ ညာ
သံပေးပြီးဒေါ်စုနောက်ကိုလိုက်နေခဲ့ကြသလိုရွေးကောက်ပွဲကြီးမှာဒေါ်စု
အောင်ပွဲလှလှရအောင် တကမ္ဘာလုံးနဲ့ အခြေခံလူတန်းစားပြည်သူတွေ
ကမျော်လင့်ချ က်ကြိးစွာနဲ့ ဒေါ်စုကိုမဲတွေဝိုင်းပေးခုဲ့ကြပြီးဒေါ်စုတက်လာ
ရင်သူတို့ တွေအဆင်ပြေလာပြီးချ မ်းသာလာကြလိမ့်မယ်ဆိုတဲ့မျော်လင့်
ကြီးကရင်မှာအလျှံ လို့ မိုးထိအောင်ပျော်နေကြလျ က်ပါ-
တကယ်တော့ အကြေင်းတရားတွေရဲ့ လျှို့ ဝှက်ချ က်တွေနဲ့ နက်ရှိုင်းမှု့ 
တွေကိုတော့ ဘယ်လိုပညာရှင်ကမှသိလိုက်ကြမှာမဟုတ်ပါဘူး။
တကယ်တော့ ဒေါ်စုမွေးရာပါ ဇာတာကလည်းတိုင်းပြည်နဲ့ ထပ်တူထပ်မျှ
ပါပ အားတွေကြီးနေပါတယ် လဂ်ရဲ့ ၇ တန့် ကိန်းမှာ ( ၁၄၀၈ ) Solar +
Mercury+ Saturn+ North Node ) စတဲ့ ပါပဂြိုဟ်ကြီးတွေကရပ်တည်နေ
ပြီးတခါ ကန်စန်းရဲ့ MC ဆယ်တန့် ဘာဝမှာလည်းအထက်ပါ Solar +
Mercury+ Saturn + North Node တို့ က ရပ်တည်နေပြီး လဂ်+စန်း
နှစ်ပါစလုံးကပါပ ကိန်း တြိဂုံးပိတ်မိနေပြန်ပါတယ်၊ ဒီတော့ ဒေါ်စုက ပါပ
ခေါင်းဆောင်တစ်ယောက်သာဖြစ်နေတာမို့ ဒေါ်စုကလည်းအာဏာရှင်
တစ်ယောက်ဘဲဖြစ်နေမှာပါ- ဒါကြောင့်ဒီနေ့ အပြတ်အသတ်နိုင်ပြီးဆိုက
တည်းကသူက တစ်ပါတီ အာဏာရှင် စနစ်ကိုဘဲသွားမှာဖြစ်ပါတယ်။
ဒေါ်စုကအာဏာရှင်ဖြစ်နေတာမို့ သူပါတီက ခဏခဏ conflict တွေဖြစ်
နေခဲ့ရသလို နှစ်ပေါင်း ၃၀ နိးပါးတိုင်ခဲ့ပါသော်လည်းသူ့ မှာအင်အား
ကြီးတဲ့ပါတစ်တစ်ခုကိုဖွဲ့ စည်းထိမ်းသိမ်းနိုင်စွမ်းမရှိခဲ့သလို အာဏာရှင်
ပီပီး ယနေ့ ရွေးကောက်ပွဲဝင်တဲ့အထိ သူ့ ပါတီမှာ နံပါတ် ၂ တောင်မ
ထားပါဘူး၊ ဒီတော့ မိမိကသမတ မဖြစ်ပေမဲ့ သမတ နေရာ-ရောဝန်ကြီး
ဌာနတိုင်းကိုရော တိုင်းပြည်ရဲ့ လှည်းနေမြင်းစောင်းမကျ န်သူ တစ်
ယောက်တည်းချ ယ်လှယ်မယ် သူ့ အမိန့် သူ အာဏာ ဘဲဖြစ်ရမယ်ဆိုတဲ့
ဇာတ်ညွှန်းကိုရေးသားထားပြီးဖြစ်ပါတယ်၊
တစ်ခုရှိနေတာက စစ်တပ်ချုပ်ရေးသက်တမ်းမှာစစ်တပ်ကတိုင်းရင်းမှူးး
တပ်မမှူးး တိုင်းမှူးးဌာန ဆိုင်ရာဝန်ကြီးစသည်တို့ ကို ကိုယ်ပိုင်ဆုံးဖြတ်
ခွင့်အုပ် ချုပ်ခွင့်တွေကိုပေးထားပါတယ်ဒါပေမဲ့ ဒေါ်စုကတော့သမတ
ဝန်ကြီး-ပြည်နယ်အုပ်ချုပ်ရေးမှူးး အမတ်စတဲ့အုပ်ချုပ်ရေးယန္တာယား
ကြီးတစ်ခုံလုံးကို ဘယ်သူ့ ကိုမှ လုပ်ပိုင်ခွင့်ပေးထားမှာမဟုတ်သလိုဘယ်
လိုပညာရှင်တွေရဲ့ ကြံညာဏ်ကိုသော်မှလည်းလက်ခံမှာမဟုတ်ဘဲတစ်ပါ
တီ အာဏာရှင်စနစ်ကိုပီပီပြင်ပြင် သရုပ်ဖေါ်လာနေမှာဖြစ်ပြီးသူဟာရုပ်
သေးပေါင်းများစွာကိုကြိုးကိုင်နေတဲ့ ရုပ်သေးဆရာမကြီးတစ်ယောက်
လိုလည်းဖြစ်သွားနိုင်ပါတယ်၊
ဟူဟာ အမေရီကန် Democrat -နဲ့ Republican လို အားလုံးကမည်သူမ
ဆိုသမတ ၀န်ကြီးဖြစ်နိုင်တဲ့အရည်အချ င်းတွေရှိနေပြီးအားလုံးက Political
field မှာရင့်ကျက်နေပြီး တိုင်းပြည်နဲ့ powe balance ဖြစ်နေမဲ့ အင်အားရှိ
တဲ့ပါတီမျိုးကိုဒေါ်စုကမလိုလားပါဘူး၊ဒါကြောင့်ရွေးကောက်ပွဲနီးမှPolitical
field နဲ့ ဘာမှမဆိုင်တဲ့ မင်းသား-မင်းသမီးတွေ ဇာတ်သမ သဘင်သည်တွေ
မော်ဒယ်တွေ-တရိစ္ဆာန် ဆရာဝန်တွေ- စတဲ့ နိုင်ငံရေး field နဲ့ ဘာမှမဆိုင်
တဲ့နလဗိန်းတုံးတွေကိုပါတီထဲအတင်းဆွဲသွင်းခဲ့တာပါ-အဲဒါတွေကဘာ
ကြောင့်လဲဆိုတော့ သူ့ ကိုမလှန်နိုင်တဲ့လူတွေကိုဘဲသူက လိုချင်နေလို့ 
ပါဘဲ၊
လူတိုင်းစဉ်းစားတတ်ကြမှာပါ လောက မှာ သူ field နဲ့ သူဘဲတွင်ကျ ယ်
တာမျိုးပါ ဆရာဝန်က ဆရာဝန်အလုပ်ကိုလဲလုပ်လို့ ရပါတယ်ဆရာဝန်က
Engineer အအလုပ်ကိုသွားလုပ်လို့ မရပါဘူးပြီး မင်းသ္မီးမင်းသားမော်
တယ်အဆိုတော်တွေကလည်းသူ တို့ အလုပ်ကိုဘဲသူတို့ လုပ်တတ်ကြမှာ
Political field မှာလာတွင်ကျ ယ်လို့ မရပါဘူး၊လူသားတွေက သူ field
နဲ့ ဘဲသူတွင်ကျ ယ်တယ်ဆိုတာကို ခလေးတောင်သိကြပါတယ်။
ပြီးတော့ ဇာတာအရသူက ခေါင်းမာပါတယ် ဘယ်သူ့ ကိုမှအကျော်ခံမှာမ
ဟုတ်သလိုဘယ်သူ့ အကြံကိုမှလည်းလက်ခံမှာမဟုတ်ပါဘူး-
ဒါကြောင့် ယနေ့ ပြည်သူတွေထင်နေသလို ဒေါ်စုဟာ ဒီမိုကရေစီခေါင်း
ဆောင်စစ်မဟုတ်ဘဲဒီမိုကရေစီ မျက်နှာဖုံးစု တစ် ပါတီစနစ်နဲ့ သွားမဲ့ 
အာဏာရှင်တစ်ယောက်ဘဲဖြစ်ပါတယ်-အစိုးရဖွဲ့ ပြီးလို့ သက်တမ်းရ
လာတာနဲ့ အမျှ သူ့ ပါတီမှာ Inner conflict တွေဖြစ်လာမှာဖြစ်ပြီး-ကြား
ဖြတ်ရွေးကောက်ပွဲတွေကိုလည်းမကြာမကြာလုပ်ရမဲ့ ကိန်းကိုဆိုက်သွား
နိုင်ပါတယ်၊
စာရေးသူက Venus News ဂျာနယ်မှာ ကိုသားဆိုးလာပြီးဟေ့ဆိုတဲ့
ခေါင်းစည်းနဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဘူးပါတယ်-ဘယ်လိုလဲဆိုတော့
စာရေးသူ ရန်ကုန် ပထမ တန်းမှာဘောလုံးကန် ခဲ့စဉ်က ပွဲမှာခြေမပေါ
တဲ့ဘောလုံးသမားကို နည်းပြဆရာ ကလူလဲလို့ လဲလိုက်တဲ့ဘောလုံး
သမားက ကွင်းထဲပြေးဝင်လာတာနဲ့ တောင်ဘက်-မြောက်ဘက်တန်းက
ပရိတ်သတ်တွေက " ကိုသာဆိုးလာပြီးဟေ့ ..." လို့ တစ်ပြိုင်တည်းအော်
တတ်ကြပါတယ်၊
ဒီနေ့ လည်းဒီလိုပါဘဲ-ဘယ်သူတက်တက်လာလာ ပြည်သူ နဲ့ တိုင်းပြည်
အတွက်" ကိုသာဆိုး" ဘဲလာမှာတော့ မြေကြီးလက်ခတ်မလွဲပါဘဲ၊
တိုင်းပြည်ဇာတာက MC လဂ် ဆယ်တန့် မှာ Mars အင်္ဂါ က ပုလ္လင်မှာ
ထိုင်နေသလို စန်းရဲ့ MC ဆယ်တန့် မှ Mars ထက်အင်အားကြီးတဲ့
Uranus ကတည်နေပြန်ပါတယ်ဒီတော့ ယနေ့ အတိုက်ခံခေါင်းဆောင်
ရဲ့ ဇာတာကလည်းလဂ်စန်းနှစ်ပါလုံးကို ပါပ အားကြီးနေတာမို့ ပါပ
အားကြီးနေတဲ့နိုင်ငံကို ပါပ အားကြီးတဲ့ခေါင်းဆောင်တက်အုပ်ချုပ်ရင်
တိုင်းပြည်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို စဉ်းစားလို့ ရကြမှာပါ။
ရွေးကောက်ပွဲ အချိန်မှာ MC ဆယ်တန့် ရှိ စန်းပေါ်ကို Mars + ရာဟု
တို့ စီးနေပြီးလဂ်ကို Mars အင်္ဂါအမြင်အယှဉ်ခံထားချိန်စြေ်နေတာမို့ 
အတိုက်အခံခေါင်းဆောင်က မီဒီယာ နဲ့ တွေ့ ရင်အပြောအဆိုဆင်ခြင်
ရမှာဖြစ်သလို လာမည့်2016 September 2oth မှ October 31 st
အတွင်းမှာတော့ ဒေါ်စုအနေနဲ့ ကျမ္မာရေးကအစကဘက်စုံသတိထား
ဆင်ခြင်ဘို့ တော့ လိုပါတယ်- 2018- 2019 မှာတော့ နိုင်ငံရေးအကြံပေး
မရှိဘဲတစ်ကိုယ်ကောင်းမိမိပါပ အားတွေနဲ့ ဇွတ်တိုးနေမယ်ဆိုရင်တော့ 
သက်တမ်းပြည့် ဘို့ အလွန်ခက်ခဲသွားနိုင်ခြင်းသို့ မဟုတ်တိုင်းပြည်က
အာဏာသိမ်းရလောက်တဲ့အခြေအနေအထိယိမ်းယိုင်သွားနိုင်ပါတယ်၊
တိုင်းပြည်ရဲ့ အခြေနေက စားလဲရူး ဆုတ်လဲ ဆူးဆိုတာမျိုးတွေဖြစ်နေ
နိုင်ပြီးအာဏာသိမ်းပြန်လည်း ၁၉၆၂ ကလို တည်ငြိမ်နေမှာမဟုတ်တော့ 
ဘဲ ပြည်တွင်းစစ်ဘက်ကိုဦးတည်သွားနိုင်ပါတယ်၊
ဒါကြောင့် ယနေ့ တိုင်းပြည်ရဲ့ အနာဂ တည်ငြိမ်အေးချ မ်းရေးနဲ့ ကမ္ဘာ့အ
လယ်မှာလူမျိုးရေးတွေဆက်လက်မြင့်မားနေရေးအမျိုးဘာသာသာသ
နာ နဲ့ ပြည်ထောင်စုကြီးတည်တန့် နေရေး တွေက ဒေါ်စုပေါ်မှာသာမူတည်
လို့ နေမှာဖြစ်သလိုတိုင်းပြည်အတွက် စစ်တပ်ထက် ဒေါ်စုကတာဝန်ပိုကြီး
သွားပြီးဆိုတာကိုသတိထားသင့်ပါသည်၊
တိုင်းပြည်အတွက်ကြို တင်ပြင်ဆင်နိုင်ရန်ဖြစ်လာနိုင်တာတွေကိုကြိုတင်ပြ
ထားခြင်းသာဖြစ်ပြီး ဒါတွေထဲမှာအတင်း အဖျ ဉ်းတွေ-နဲ့ အပုပ်ချ နေတာ
မျိုးတွေလုံးဝမပါပေ၊

Saturday, November 28, 2015

သွေးထွက်အောင်မှန်ခဲ့သေားလျှပ်တပြက်အဟေား။



လျှပ်တစ်ပြက်ရိုက်ချက်
လောကမှာပညာရပ်တကာပညာရပ်တွေထဲမှာသဘာဝတရား
ကိုစံထားပြီးပင်ကိုယ်မွေးရာပါ Skill တွေနဲ့ မြင့်မားတဲ့အတွေး
ခေါ်တွေနဲ့ တည်ဆောက်ထားတဲ့ပညာရပ်တွေကသာလောက
မှာတန်ဘိုးအမြင့်မားဆုံးဖြစ်နေတတ်ပါတယ်ဥပမာသောမတ်စ်
အယ်ဒီဆင်က သဘာဝ လျှပ်စီးလက်နေတာလေးကိုမြင်ပြီး
ဘယ်တက္ကသိုလ်ကPhD ကိုမှမယူဘဲ နေမင်းကိုအံတုပြီးလူသား
တွေကိုအလင်းဆောင်ပေးခဲ့တာပါ၊ဒီပညာမျိုးကိုဘယ်ဘွဲ့ ဒီဂရီ
-ဘယ် PhD တွေကမှယှဉ်လို့ မရပါဘူး။
October 8th 2001 နေ့ မှာစာရေးသူက S'pore ကနေEurope
ကို Singapore Airline နဲ့ ထွက်ခဲ့ပါတယ် လေယဉ်ပေါ်ရောက်
တော့ ထုံးစံအတိုင်းလေယဉ်မယ်က Strait Time သတင်းစာကို
လိုက်ဝေပေးပါတယ်ဒီအချိန်မှာစာရေးသူဘေးခုံမှာကအသား
ဖြူဖြူ -မုတ်ဆိတ်မွှေးနဲ့ဆံပင်တွေဖွေးဖွေးလှုပ်နေတဲ့အဖိုးကြီးတ
ယောက်ကအဲဒီသတင်းစာကိုဖတ်ရင်းနေကနုတ်က well the
American invaded Islam territory, that's sign one....
day Islam will take over the White House , လို့ နုတ်က
ထွက်ဆိုလာပါတယ်.. ဒီတော့ ကျွန်တော့ ကိုပြောသလိုဖြစ်နေ
တော့ ကျွန်တော် က are you Islam ? လို့ မေးလိုက်တော့ သူ
က.. No,,, I am a Prophet လို့ တိုတိုဘဲပြန်ဖြေခဲ့ပါတယ်
ဒီတော့  .. when လို့ မေးလိုက်တော့ ... within decade ..လို့ 
ခတ်ပြတ်ပြတ်လေးဘဲဖြေလိုက်ပါတယ်၊ သူပြောတာလေးတွေကို
ကျွန်တော်အလေ့အကျင့်အတိုင်းသူ့ ရှေ့ မှာဒင် Diary လေး
နဲ့ မှတ်သားထားလိုက်ပါတယ်၊ ဒီနောက် Amsterdam အရောက်
မှာဘဲ Prophet နဲ့ လမ်းခွဲခဲ့ပါတယ်။
နှစ်တွေ ၈နှစ်လောက်ကြာတော့ အမေရီကန်မှာအာဖရိ ကအနွယ်
ဖွား Obama အမေရီကန် တို့ စီးပွားရေးကျ ရတာ G.W Bush
အီရတ်ကိုစစ်သွားတိုက်လို့ ဆိုပြီးအိပ်ကပ်ထဲအပြည့်ထားတဲ့မီဒီယာ
တွေနဲ့ မီးမောင်းထိုးပြရာကနေသူ သမတ လောင်းဖြစ်လာရပါ
တယ်ဒီတော့ ပညာတတ်ပါတယ် ပညာရေးစနစ်မြင့်မားလှပါတယ်
ဆိုတဲ့အမေရီကန်တွေက တစ် Change.. Change နဲ့ ညာသံပေး
ပြီးမိမိတို့ နဲ့ အသွေးတူအရောင်တူဘာသာတူ Hillary ကိုကန်ထတ်
ပြီး Obama ကိုဘဲမဲတွေဝိုင်းထည့်ခဲ့ကြရာက Obama ကအမေရီ
ကန်သမတဖြစ်လာရတော့တာပေါ့ ။ သူသမတ ဖြစ်လာတော့ သူ
က သူ့ ရဲ့ မွေးစာရင်းကိုထိမ်ချ န်ထားတဲ့ပြသနာ တက်လာပါလေ
ရော-ဒီတော့ အမေရီကန်တွေက Obama ငယ်ငယ်က အင်ဒိုနီး
ရှားမှာကျောင်းနေခဲ့တယ်ဆိုတော့ သူဟာအမေရီကန်မှာမွေးတာ
မဟုတ်ဘူးလို့ ကောက်ချက်ချပြီးဒီမွေးစာရင်းကိုဝိုင်းပြသနာရှာ
ကြတာပါဘဲ-တကယ်ဆို အမေရီကန်မှာ သမတလောင်းတစ်
ယောက်က မွေးစာရင်းကို declare လုပ်ရပါတယ် ပြီးတော့အ
မေရီကန်ရဲ့  Constitution မှာ သမတ လောင်းတစ်ယောက်က
မိမိရဲ့  bio data တစ်ခုခုကိုထိမ်ချန်ထားခဲ့ရင် Criminal နဲ့ ထပ်
တူထပ်မျှ ရှိနေလိမ့်မယ်လို့ ဆိုထားပါတယ်။တကယ်တော့ 
Obama က သူ ရဲ့ မွေးစာရင်းကို နှစ်နှစ် ကျော်ထိမ်ချ န်ထား
ခဲ့ပါတယ် Constitution အရ ဆို သူ က Criminal တစ်ယောက်
ပါဘဲ-ဒီအချိန်မှာ အမေရီကန် ပြည်သူတွေက Obama ကအမေရီ
ကန်မှာမမွေးလို့ မွေးစာရင်းကို ၀ှက်ထားတာလို့ ဘဲထင်နေခဲ့ကြ
တာပါ ဒါပေမဲ့ သူက အမေရီကန်မှာ မွေးခဲ့တာမှန်ပါတယ်ဒါပေမဲ့
သူမွေးစာရင်းမှာ သူ့ နာမည်က Barack Hussein Obama ဖြစ်
နေလို့ Obama ကသူ့ မွေးစာရင်းကိုဖွက်ထားခဲ့တာဘဲဖြစ်ပါတယ်၊
ဒီတော့ မှ ကျွ န်တော့  ဒိုင်ယာရီလေးကိုရှာပြီးလေယဉ်ပေါ်က
Prophet ပြောခဲ့တဲ့ One day Islam will rule the White
House, နဲ့  within decade လို့  timeline ပေးခဲ့တဲ့အတိုင်းဆယ်
နှစ်အတွင်းမှာ Islam Obama အမေရီကန်တို့ ရဲ့ အိမ်ဖြူတော်ကို
သိမ်းပိုက်သွားခဲ့ပါတယ်-စာရေးသူက Prophet ကြီးက ဒီလျှ ပ်တစ်
ပြက်ဟောကိန်းကိုဘယ်လိုထုတ်ခဲ့တယ်ဆိုတာကိုယနေ့ အထိအ
ဖြေရှာနေဆဲပါ၊
ဒိမှာမေးစရာတစ်ခုရှိပါတယ်- သူ Islam မှန်သိသွားတဲ့နောက်ဘာ
ကြောင့် နောက်ထပ် ၄နှစ်ထပ်ရသွားရတာလဲလို့ မေးစာရာရှိပါတယ်။
ထီးနန်းရဲ့ သဘာဝ ကလူမျိုးတစ်မျိုးကထီးနန်းကိုသိမ်းပိုက်
လိုက်ပြီးဆိုတာနဲ့ အဲဒီနိုင်ငံနဲ့ လူမျိုးတစ်မျိုးလုံးက သူအောက်
ရောက်သွားတာမို့ သူ့ မှာဘုန်းကံတွေက အသက်ဆက်ပေးသွား
တာမို့ အမေရီကန်လူမျိုးတွေကအလိုလိုလူမျိုးရေးတွေကျဆင်း
သွားရတာမို့ သူဘဲနန်းဆက်ခံရတာဖြစ်ပါတယ်။ ဒါကြောင့်ထီးနန်း
စည်းပေါက်သွားမှဖြင့် လူမျိုးရေးတွေပါဆက်ဆင်းသွားမှဖြစ်သလို
အ မျိုးဘာသာသနာမှေးမှိန်သွားနိုင်ပါတယ်။

Saturday, October 24, 2015

ယောကြာဂြိုလ်အားနဲသောအခါနှင့် စနေ ဂြိုလ်အင်္ဂါဂြိုလ်တို့ အားကောင်းသောအခါပြုမည့်၂၀၁၅ရွေးကောက်ပွဲ

ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းသောရွေးကောက်ပွဲနေ့ နိမိတ်နဲ့ တိုင်း
ပြည်ရဲ့ ရင်မောဘွယ်အနာဂ *****
အစိုးသစ်မွေးဖွားမည့်ဇာတာ-စန်းလဂ်တစ်ခုလည်းဖြစ်နေပါတယ်-
ရွေးကောက်ပွဲကျင်းပမဲ့နိုဝင်ဘာလ(၈)နေ့ ရဲ ဇာတာစန်းလဂ်
တို့ ကတော့မကောင်းလှပါဘူး၊ဒီနေ့ ဒီရက်နဲ့ အချိန်ကအစိုးရ
သစ်မွေးဖွားမည့်ဇာတာ-စန်းလဂ်တစ်ခုလည်းဖြစ်နေပါတယ်-
ဒီရွေးကောက်ပွဲနေ့ ရဲ့ ထူးခြားချက်ကတော့(၁)နိုင်ငံတော်ဇာတာ
ရဲ့ စန်း တနလာင်္(၂)နိုင်ငံတော်သမတကြီးဇာတာရဲ့ စန်းတနလာင်္
(၃)အတိုက်ခံခေါင်းဆောင်ဇာတာပါ စန်းတနလာင်္နဲ့ (၄) ရွေး
ကောက်ပွဲ နေ့ ရဲ့ စန်းတနလာင်္ စတဲ့  တိုင်းပြည်မှာအရေးပါလှ
တဲ့ ဇာတာတို့ ၏ဘွစန်း တို့ အပေါ် ပါပ အားကြီးသောMars အင်္ဂါ
နှင့်ရာဟုတို့ ကစီးနေချိန်ဖြစ်နေသလိုတချိန်တည်းမှာMarsအင်္ဂါ
ထက်ပါပ အားကြီးနေသော Uranus ယူရေးနပ်စ် ကအထက်ပါ
စန်း ၄ပါးစလုံးကို 180 Degree သမသတ်အမြင်အယှဉ်ရှိနေပြန်
ပါတယ်၊နောက်ထိုအချိန်မှာနိုင်ငံတော်ဇာတာ၏ဗြိစ္ဆာလဂ်ပေါ်သို့ 
စနေစီးနေချိုန်နဲ့ လည်းတိုက်ဆိုင်လို့ နေပြန်ပါတယ်၊ ဒုတိယမိ တခါသရုပ်ဖေါ်ထားပြန်တာက ထိုMars အင်္ဂါ နဲ့ ရာဟု
တို့ က Sagittarius Ascendant ဓနုလဂ်ဖြစ် တဲ့အတိုက်ခံခေါင်း
ဆောင်ရဲ့ MCဆယ်တန့် ဘာဝအပေါ်ကိုဖြတ်သန်းချိန်နဲ့ လည်း
တိုက်ဆိုင်နေသလိုထိုစန်းပေါ်စီးနင်းနေတဲ့ MC-Mars အင်္ဂါ ကအ
တိုက်ခံခေါင်းဆောင်ရဲ့ Ascendant လဂ်ကို 90ံ Degree ကိန်း
အမြင်လည်းရှိနေပြန်ပါတယ်။ဒါဒင်ပဲလားဆိုတော့မဟုတ်သေးပါဘူး
လွတ်တော်ဥက္က္ထဌ သူရရွှေမန်းရဲ့ ကောဇာ မှUranus နှင့်ယှဉ်နေတဲ့
မိန်စန်းတနလာင်္ကိုလည်းကန်ရာသီက Mars အင်္ဂါ နဲ့ ရာဟုတို့ က 
180ံDegree သမတသတ် အမြင်ရှိနေပြန်ပါတယ်၊
တခါရွေးကောက်ပွဲကိုစလို့ နံက်၉နာရီအတွင်းမှာတော့ရွေးကောက်
ပွဲဇာတာက Scorpion Ascendant ဗြိစ္ဆာလဂ်ဖြစ် နေမှာဖြစ်ပြီးစနေ
လဂ်ပေါ်စီးနေမှာဖြစ်သလို အကယ်၍နံက်၉ နာရီထိုးတာနဲ့ ရွေး
ကောက်ပွဲဇာတာလဂ်ကအတိုက်ခံ ခေါင်းဆောင်ရဲ့ ဓနုလဂ် နဲ့ ထပ်
သွားမှာဖြစ်ပါတယ်-ဒီလိုနံက် ၉နာရီ ထိုးတာနဲ့တခါရွေးကောက်ပွဲ
ဇာတာရဲ့  MC ဆယ် တန့် ဘာဝကို Mars အင်္ဂါ-ရာဟု-စန်းနဲ့ နိစ်
သောံကြာတို့ ဖြတ်သန်းချိန်နဲ့ တိုက်ဆိုင်သွားမှာဖြစ်သလိုရွေးကောက်
ပွဲဇာတာရဲ့ ဓနုလဂ်ရယ် Uranus ယူရေးနပ်စ် ရယ် စောစောကMars
အင်္ဂါ+ရာဟု+စန်း-့နိစ်သောံကြာတို့ နဲ့ ကိန်းတြိဂုံးမိသွားမှာဖြစ်ပါတယ်
။ဒီအချိန်မှာရွေးကောက်ပွဲဇာတာမှာပါပ( ဂြိုဟ်ဆိုး )တွေအားအကြီး
ဆုံးစိုးမိုးနေချိန်လည်းဖြစ်သွားမှာဖြစ်ပါတယ်။ 
အောက်တိုဘာလ ၃၁ ရက်နေ့ လောက်ကစပြီး Mars အင်္ဂါဂြိုဟ်က ကန်ရာသီသို့ နဲ့ Declination အနီးဆုံးကိုရောက်လာမှာဖြစ်သလို
နိုဝင်ဘာလ ၃ ရက်နေမှစပြီး Mars အင်္ဂါ က ရာဟုနဲ့ Declination 
အနီးဆုံးရောက်လို့  ဒီဇင်ဘာလ၂၃ ရက်အတွင်းအင်္ဂါကကန်ရာသီ
မှာရှိနေဦးမှာဖြစ်ပါတယ်။ 
သို့ ဖြစ်၍ဤမျှ ပါပ(ဂြိုဟ်ဆိုး) တွေအားကြီးစွာလွှမ်းမိုးနေသောရွေး
ကောက်ပွဲနေ့ မှာထင်တာတွေမဖြစ်သလိုမထင်မှတ် တာတွေလည်း
ဖြစ်လာနိုင်သလိုရွေးကောက်ပွဲနေ ရဲ့ လက်တစ်ကမ်းအလိုနဲ့ ရွေးေ
ကောက်ပွဲ့ ရလဒ်ရဲ့ နောက်ပိုင်းရက်တွေမှာလူစု လူဝေနဲ့  လှုပ်ရှား
မှု့ များရှိနေမည်ဆိုပါကမထင်မှတ်ဘဲ အဓိကရုန်းတွေ-သွေးထွက်
သံယိုမှု့ တွေအဖမ်းအဆီးတွေစတဲ့ အနိဌာရုံတွေကိုအလွယ်တကူသ
ရုပ်ဖေါ်လာနိုင်မှာဖြစ်ပါတယ်၊သို့ ဖြစ်၍ နိဝင်ဘာလ ၂ ရက်နေ့ က
စပြီးရွေးကောက်ပွဲအတွက်လူအင်အားနဲ့ လမ်းမပေါ်တက်ပြီးမဲဆွဲ
တာများတွေလုပ်ကြ မယ်ဆိုရင်ပါတီတိုင်းကအထူးသတိထားဆင်ခြင်
ကြရမှာဖြစ်သလိုရွေးကောက်ပွဲကောမရှင်မှချ မှတ်ထားတဲ့စည်းကမ်း
ဘောင်အတွင်းမှလှုပ်ရှားနေကြမည်ဆိုတောင်မမျော်လင့်ဘဲအနိဌာ
ရုံတွေကိုသရုပ်ဖေါ်လာနိုင်ပါတယ်။ဒီဇင်ဘာလ၂၄အအတွင်းအင်္ဂါ+
ရာဟု+Uranus နဲ့ ရွေးကောက်ပွဲရဲ့ ဓနုလဂ်တို့ ၏ ကိန်းတြိဂုံးမိနေတာ
များကအားရှိနေဦးမှာမို့ ရွေး ကောက်ပွဲရလဒ်နောက်ကွယ်မှာလည်မ
ကြေလည်မှု့ တွေမကျေနပ်ချက်တွေကအန်ထွက်လာနိုင်တာမို့ ပါတီ
တိုင်းကမိမိတို့ ရဲ့ ပါတီလှုပ်ရှားမှု့ ကြောင့်တိုင်းပြည်အတွက်မင်းပြောင်း
မင်လွဲမတိုင်ခင်တိုင်းပြည်မှာအနိဌာရုံတွေမဖြစ်ရအောင် တော့အထူးသိ
ထားကြရမှာဖြစ်ပါတယ်။ဇဗ္ဈူ ဒီပါနိမိတ်ထွန်းတဲ့တောင်ကျွန်းမှာတည်
နေတဲ့မြန်မာပြည်အတွက်နိမိတ်က အရေးပါလှတာမို့ လာမည့်ရွေး
ကောက်ပွဲမတိုင်ခင်သို့ မဟုတ်ရွေးကောက်ပွဲအပြီးမင်းပြောင်းမင်းလွဲ
မတိုင်ခင်မှာအနိဌာရုံတွေနဲ့ ကင်းနေဘို့ တော့အထူးလိုအပ်ပါတယ်။
အကယ်၍ရွေးကောက်ပွဲကအနိဌာရုံတွေနဲ့ ယှဉ်သွားမယ်ဆိုရင်အနိဌာ
ရုံနဲ့ ယှဉ်သွားတဲ့ရွေးကောက်ပွဲက ပေါက်ဖွားလာတဲ့မင်းနဲ့ အစိုးရက
တိုင်းပြည်ကိုနိုင်နင်းစွာထိမ်းသိမ်းနိုင်စွမ်းကဘယ်လိုမှမရှိနိုင်သလို-
ဒုတိယဒီမိုကရေစီ ၅ နှစ်သက်တမ်းအတွင်းတိုင်းပြည်ကယိမ်းယိုင်
သွားနိုင်ပါသည်၊အဆုံးအစွန်ဆုံးတိုင်းပြည်ပင်ပြိုကွဲသွားနိုင်တဲ့အထိ
အာဏာသိမ်းရမဲ့ အခြေနေအထိသို့ မဟုတ်ပြည်တွင်းစစ်စတဲ့အနိဌာ
ရုံတွေအထိဖြစ်သွားနိုင်ပါတယ်၊
ရွေးကောက်ပွဲနဲ့ မင်းပြောင်းမင်လွဲအချိန်မှာအနိဌာရုံနိမိတ်တွေနဲ့ 
ယှဉ်သွားခဲ့ပါရင်တော့ တိုင်းပြည်အတွက်ရင်နာစရာတွေဖြစ်လာ
နိုင်ပါသည်၊
ယနေ့ တိုင်းပြည်ကိုအနိဌာရုံနိမိတ်တွေလွှမ်းခြုံနေကြလေတော့ ရှေ့ 
မှာရင်မောစရာတွေကဘဲကြိုဆိုနေမှာ။
October 20th 2015 ထုတ် TOMORROW NEWS JOURNAL
မှကောက်နုတ်တင်ပြပါသည်၊။




Friday, October 9, 2015

နိုင်တော်ဇာတာနှင့် ဒေါ်အောင်ဆန်းစုကြည်ဇာတာအားလေ့လာခြင်း။

နိုငံတော်ဇာတာကိုဘယ်သူတွေ Analyze လုပ်ဘူးကြပါနိုင်
သလဲ?

တိုင်းပြည်ရဲ့ ဇာတာကိုငှဲ့ .စောင်းင်းလှဲ့ ကြည့် တတ်မယ်ဆိုရင်
တိုင်းပြည်ရဲ့ အနာဂ ကရင်မောစရာရယ်ပါ၊
(၁) ဗြိစ္ဆာလဂ်+ ကန်းစန်း+ ဆယ်တန့် အင်္ဂါနဲ့ တည်ဆောက်
ထားတဲ့နိုင်ငံဖြစ်နေပါတယ်။
(၂) ဆယ်တန့် အင်္ဂါကလဂ်သ္ခင်လည်းဖြစ်နေသလို၎င်း အင်္ဂါ
က လဂ်ကိုပြန်မြင်ထားပြန်ပါတယ်၊
(၃) ၉ တန့် သ္ခင်စန်းကတူရာသီမှကိတ်နဲ့ သိဟ်ဆယ်တန့် အင်္ဂါ
ကြားမှာပါပ ကတ္တိရိယုဂ်သင့်နေပြန်ပါတယ်၊
(၄)တခါ ပါပကတ္တိရိ စန်းက ပါပမည်၍၄င်းပါပ ကတ္တိရိ စန်းနဲ့ ကြဋ်
မှပြစနေကြားမှာဆယ်တန့် အင်္ဂါနဲ့ ရာဇာပုလ္လင် MC ကတခါထပ်
ဆင့်ပါပကတ္တတိရိ.ယုဂ်သင့်နေပြန်ပါတယ်၊ 
(၅)လဂ်ရဲ့ ၇ တန့် သ္ခင် ၆ကြာကိုတခါပြစနေကအမြင်အယှဉ်ရှိနေ
ပြန်ပါတယ်။
(၆) ဟိန္ဒူ မူအရဆိုပါပကတ္တိရိ စန်းကိုတခါ ပြစနေက၃ တန့် အမြင်
ရှိနေပြန်ပါတယ်။
(၇)လဂ် ဆယ်တန့် မှာပါပ အင်္ဂါတည်နေသလိုကန်စန်းရဲ့ ဆယ်
တန့် မှာတခါ အင်္ဂါထက်အားကြီးတဲ့ Uranus ကရပ်တည်နေပြီး
လဂ်ဆယ်တန့် နဲ့ စန်းဆယ်တန့် နှစ်ပါးလုံးကို ပါပ တွေကိန်းပိတ်မိ
နေပြန်ပါတယ်၊
ဒီတော့ တိုင်းပြည်ဇာတာမှာဘာကောင်းတာရှိလဲ?ဒါကြောင့်လွတ်
လပ်ရေးရကတည်းတိုင်းပြည်ကသောင်းကျ န်သူတွေနဲ့ ဖက်မွေးလာ
ခဲ့သလို ယနေ့ တိုင်းတိုင်းပြည်မှာ အနိဌာရုံတွေနဲ့ ဘဲလွှမ်းခြုံနေ
ဆဲပါ။
စစ်တပ်အုပ်ချူပ်တာတောင်တည်ငြိမ်ဘို့ ခက်သလို ဇာတ်တူသား
စားလို့ ဟသာင်္ ကိုးသောင်းပျ က်ကိန်းကိုလည်းဆိုက်ရောက်လို့ 
နေပြီးဖြစ်ပါတယ်။
ပြီးတော့ ရာဇာပုလ္လင်ပါပကတ္တိရိယုဂ်သင့်နေတာမို့ တိုင်းပြည်မှာ
မင်းတွေဇာတ်သိမ်းမလှလည်းဖြစ်နေတတ်ပါတယ်။
(၈) ပြည်သူတွေကိုကိုယ်စားပြုတဲ့ စနေက ပုလ္လင်နောက်ကွယ်MC
ဆယ်တန့် ရဲ့ ဗျ .ယမှာပြခံနေတာမို့ ဒီတိုင်းပြည်မှာမင်းနဲ့ ပြည်သူ
သဟဇာတဖြစ်ဘို့ ပြည်သူနဲ့ မင်းကြည်ဖြူ ဘို့ လည်းခက်ပါတယ်။
ယနေ့ ရေပန်းစားနေတဲ့ ဒေါ်စုတက်လာလည်းဇာတ်သိမ်းမလှဘဲ
ဧကံဖြစ်ရမှာပါဘဲ၊
တိုင်းပြည်ဇာတာမှာလဂ် စန်းနှစ်ပါးလုံးပါပ တွေကိန်းပိတ်မိနေတာမို့ 
လဂ်စန်းနှစ်ပါးလုံး ပါပ တွေ ကိန်းပိတ်မိနေတဲ့ ဒေါ်စုသမတဖြစ်လို့ 
မရနိုင်သလိုအကယ်၍ဖြစ်လာခဲ့ရင်ခမ်းနေတဲ့မိမိသမိုင်းကိုပြည်သူေ
တွေကဘဲနင်းချေ ပစ်လို့ ဇတ်သိမ်းမရလှတဲ့သမိုင်းတစ်ခုကိုသာရင်
မှာပိုက်သွားနိုင်ပါတယ်၊ဥပမာကြေးနီးတောင်ကိစ္စမှာဘဲကြည့်ပါလေ၊
တိုင်းပြည်တစ်ခုမှာမင်းဖြစ်တယ်ဆိုရာမှာတိုင်းပြည်ဇာတာကလည်း
မိမိကို allow လုပ်ထားရမှာဖြစ်သလိုမိမိ၌ကိုကလည်းမင်းဖြစ်ဘို့ 
အကြောင်းတရားတွေပါနေဘို့ လည်းလိုပါတယ်၊
ဒါကြောင့်စာရေးသူက ဒေါ်အောင်ဆန်းစုကြည်ကို Sonia Gandhi 
လိုဘဲနေဘို့ နှစ်ပေါင်းများစွာကတည်းကြို ရေးထားပေးခဲ့သလို ပြီး
တော့ဒီဇာတာဒီအခြေနေနဲ့ constitution ကိုသွားပြင်ရင်မိမိကအမျိုး
ဘာသာသနာနဲ ဗမာ့ ထီးနန်းကို စတေးလိုက်တာနဲ့ထပ်တူထပ်မျှ ရှိ
သွားနိုင်ကြောင်းကိုလည်းအကြိမ်ကြိမ် မီးမောင်းထိုပြခဲ့ပါတယ်၊
ဒီတော့ ဒေါ်စုကိုလူပိန်းတွေကသမတဖြစ်စေချင်တာကထားလိုက်ပါဒါ
ပေမဲ့ ပညာရှင်အမည်ခံထားသူတွေဒေါ်စုသမတဖြစ်ဘို့ ကြွေးကြော် 
နေကြတာကတိုင်းပြည်မှာအကျ ည်းတန်ဆုံးပန်းချီးကားတစ်ချ ပ်
ကိုရေးနေကြသလိုပါဘဲ၊
ပါပ အားကြီးနေတဲ့ တိုင်းပြည်မှာပါပ အားကြီးနေတဲ့ခေါင်းဆောင်ကိုသွား
ထပ်လိုက်တာနဲ့  တိုင်းပြည်ဘာဖြစ်သွားနိုင်မလဲဆိုတာကိုပညာရှင်တွေ
ကစဉ်းစားကြည့်ကြပါ။
ယနေ့ ကဟိန္ဒူ နက္ခတ်ပညာလောကကြီးတစ်ခုလုံးကဟိန္ဒူးကျ မ်းတွေ
ကိုရင်မှာပိုက်လို့ ဟိုးနစ်ပေါင်း ၂၀၀၀ လောက်မှာဘဲရပ်နေကြဆဲ့ပါ၊
ဒါတွေကို စာရေးသူရဲ့ မူပိုင် Modern Astrological Science ထဲက
နေကောက်နုတ်တင်ပြထားတာဘဲဖြစ်ပါတယ်။ဘယ်ကျ မ်းမှာမှဘယ်
သင်တန်းကျောင်းမှာမှနိုင်ငံတော်ဇာတာနဲ့ ဒေါ်စုဇာတာကိုဒီလို
definition ဖွင့်ထားတာမျိုးကိုတော့တွေ့ နိုင်ကြမှာမဟုတ်ပါဘူး၊
သုတေသီတွေရဲ့ တောင်းဆို ချက်အရတင်ပြလိုက်ပါတယ်။
နက္ခတ်ဗေဒင်လောကသားတိုင်းအတွေးအခေါ်မြင့်မားနိုင်ကြပါစေ၊။( ဟေားပြေားသူ ဆရာဘဲလားလေဘာတီ)

Saturday, March 28, 2015

         ဆော်နားနှစ်ကူး တွင်ဝယ်ခဲ့သေားစာအုပ်များ။
         ကျွှန်တော်ဒီနှစ် နှစ်ကူးအလုပ်ပိတ်ရက်အပေါ်တက်ပြီး(ဖူပြောင်း) ကိုညှိဝင်းဆိုင်ကနေ စာအုပ်တွေဝယ်လာဖြစ်တယ် ။စုစုပေါင်း(၅)အုပ် ဝမ်(၇)သောင်းကျော်ဘိုးပေါ့ စာအုပ်တွေကို မိန်းမအိမ်ကပိုပေးတာတွေရှိပေမဲ တွေရင်တော့မနေနိုင်ဘူးထပ်ကိုဝယ်ဖြစ်တယ်။
 ၁။ တာတေစနေသား(ဦးနု)
၂။အာဏာရှင်ဗိုလ်နေဝင်းဇာတ်သိမ်းခန်း(သန်းဝင်းလှိုင်)
၃။ကိုဆေးရိုး (ဆင်ဖြူကျွှန်းအောင်သိန်း)
၎။တေားမင်းသမီး(ခင်ခင်ထူး)
၅။ဝတ္ထုတိုပေါင်းချုပ်(သန်းမြင့်အောင်)
        တာတေစနေသား နှင့် အာဏာရှင် ၂အုပ်ကို အပြန်ဟိုင်းဝေးကားပေါ်မှာအပြီးဖတ်လိုက်တယ် ဖူပြောင်းနဲ ဂူမိ ကလည်းမော်တော်ကားနဲ (၄)နာရီကျော်အောင်စီရတာကိုး။ဒီ၂အုပ်ထဲးမှာလဲ တာတေစနေသားကိုအကြိုက်ဆုံးဘဲ ဝန်ကြီးချုပ်ဟာလူတအားပီသတယ် အဆိုးတွေရေားအကောင်းတွေ
ပါရေားနေတဲ့ ဇာတ်ဆောင်ဝန်ကြီးချုပ်ဦးနုကိုမျက်ဝါးထင်ထင်တွေရတယ်။အာဏာရှင်ဗိုလ်နေဝင်းကတော့ 
ဗိန်လိန်း ဇာတ်လမ်းသက်သက်ဖတ်ရသလိုဘဲ ဆက်စုပ်ရွံရှာဖွယ် ဝိဘဇ္ဇရသ တမျိုးတည်းပေးတာပါ။ကျန် တဲသုံးအုပ်က ရသ စာပေအမျိုးအစားတွေဆိုတော့အခန်းရောက်မှဘဲဇိမ်နဲဖတ်ဖြစ်တော့တယ် စဖတ်ဖြစ်
တာက ဆရာမခင်ခင်ထူးရဲတေားမင်းသမီး  ဆရာနေဝင်းမြင့်နဲ ဆရာမခင်ခင်ထူးတို့ ရဲ စာတွေကိုကျွှန်တော်
အရမ်းနှစ်သက်ပါတယ် ဆရာတို့ လင်မလားဟာစာပေအလုပ်နဲ အသက်မွေးဝမ်းကြောင်းပြု ပြီးဘဝမှာရိုးစဉ်း
စွာနေထိုင်ကြသူတွေပါနောက်သူတို့ ရဲစာအရေးအသားတွေမှာအညာ လေကိုတွေ့ ရတာပါဘဲ။
    ဆရာမရဲ အမှာစာကို က တေားမင်းသမီးတွေဆိုတဲ့  မင်္ဂလာသီချင်းလေးနဲသြ ဘာသံပေးထားတယ်

   အောင်သီချင်းနဲ့ အောင်ခြင်းဇေယျံ.....နှလုံးလိုရာ အို မကြာ ပြည့်ကြောင်းမှန် .....မင်္ဂလာစောင်းသီးချင်း
ကောင်းခြင်းဇေယျအသံ.....သောင်းတွင်ကြေညာရန်.....သဘေားစိတ်ရှိသမျှဖြင့် မနောမယိဒ္ဓိပြည့်စုံပါစေ
အမြန်....စိတ္တသုခံ သုခံ ကာယသုခံ သုခံ......သိဒ္ဓါဘဝန္တု ညွန်းဆု သဗ္ဗေ က္ကုစ္ဆိတံ။
     
              တောမင်းသမီးကိုစိတ်ဝင်စားတာက 
             ကျွှန်တော့်ယောက္ခမကြီးကြောင့်  ခင်ဗျ ကျွှန်တော်သားတွေကို နေ့ခင်းဘက်
သူအိမ်မှာထိန်းပေရင်း ပခက်လွဲရင်သီချင်းတွေဆိုတယ် အားပါးသီချင်းတွေကကောင်းမှကောင်းစုံနေ
အောင်ကိုရတာကလား။ကျွှန်တော်အမေကတော့ ကျွှန်တော်တို့ ငယ်ငယ်က မိတ္တီလာကန်တော်အောက်က
ဖားကောက်ခဲ့ မယ်ဆိုတဲ့သီချင်းနဲ ဆိုပြီးသိပ်တာ ကျွှန်တော်လည်းဒီသီချင်း ညီတွေညီမတွေလည်းဒီသီချင်း
ကြာတော့အလွတ်တောင်ရနေပေါ့။ယောက္ခမကတော့စုံတယ် ဒါနဲမိန်းမမေးကြည့်တော့ သူ့ အမေကစစ်ကိုင်
ကတော့မင်းသမီးမှန်းသိရတာအော်ဒါကြောင့်ကိုး။ ကဲးထားတော့ အခု ဆရာမခင်ခင်ထူးရဲ တေားမင်းသမီး
ကိုဖတ်ရမှ မြန်မာ့ရှေးအမျိုးသမီးတို့  သမ္မာအာဇီးဝအလုပ်တမျိုးအကြောင်းလေ့လာတွေရှိရတော့တယ် ပြော
တောသာတေားမင်းသမီးဖြစ်ဘို့ ကတယ်မလွယ်ပါလားနော်  တကယ်ကိုဘဝနဲ ရင်းခဲ့ရတာပါ။စာတွေလည်း
ကျက်ရတယ် နောက်တူရီယာအကြောင်း ဆိုင်းဆင့် ပတ်တိုက်တွေ အကြောင်းအကုန်လေလာထားရတာ 
လွယ်လွယ်နဲမဖြစ် ဖြစ်လာပြန်တော့လည်းရန်သူတွေဝိုင်းလာပြန်ရေား မြင်ရတဲ လူဆိုးလူမိုက် လူရန်ကား
တွေ အပြင် မမြင်ရတဲ့ နာနာဘာဝ ဝိနာဘာဝတွေပါ နှောက်ယှက်တဲ့ အထဲးပါနေပါရေားလား။ ဆရာမက 
ဝတ္ထု ၁အုပ်လုံးကို အညာလေနဲရေးသွားတယ်  ဇာတ်ဆောင် ဥသြသံအေး ဆိတဲ့ တေားမင်းသမီးကြီးဟာ
အညာတေားမင်းသမီးကြီးအဖြစ်ရုပ်လုံးကြွနေတယ် ဒါဆို အောာက်ပြည်ကထွက်တဲ့ တေားမင်းသမီးတွေ
ေ၇ားမရှိနိုင်တော့ဘူးလား မြန်မာပြည်အောက်ပိုင်းဟာ နှစ်၂၀လောကစေားပြီးအင်္ဂလိပ်လက်အောက်ရာက်
ခဲ့ရလို့ မြန်မာမှုတွေဆိပ်သုန်းခဲ့ရတာလား။စဉ်းစားစရာတွေပါ။
        မြန်မာဇာတ်သဘင်လေားကအကြောင်းတွေကို ဆရာမကြီးလူထု ဒေါ် အမာနှင့် အခုဆရာမခင်ခင်ထူး
ဝတ္ထုတွေဖတ်ရမှ တော်တော်သိလာရတယ် ဆရာမကြီးလူထုဒေါ်အမာရဲ့ ဦးဖိုးစိန်နဲ ရွေမန်းတင်မောင် 
စာအုပ်တွေထဲးမှာ မြန်မာဇာတ်သဘင်လေားကရဲ ဂမ္ဘီရဆိုဆို အယူသီးမှု ဆိုဆို ဇာတ်သမားတွေဟာ
ဘုရားအလောင်း ဇာတ်တွေကို ဘယ်တော့မှမကကြဘူး လက်ရှောင်ကြပုံနှင့် ရွေမန်းတင်မောင်
ကခဲ့ပုံ ဒါ့ ကြောင့်ဆုံးခဲ့တာလား။အခု ဆရာမခင်ခင်ထူးရဲတေားမင်းသမီးမှာတော့ ဇာတ်ဆရာတချို့ ရဲ 
စနေသားရှောင်ပုံ ယုန်ကိုဇာတ်စင်ပေါ်အဖြတ်မခံပုံ ယုန်၁ကောင်ဇာတ်စဉ်အောက်ဖြတ်ပြေးရင်တောင် 
ကန်တော့ပွဲပေးပြီးပြန်တောင်းပန်ရပုံတွေ ဖတ်ရတော့ မြန်မာရိုးယာယုံကြည်မှုတွေအကြောင်းအသိတိုး
ရပြန်ရေားလား။
     ကဲးနောက်ဆုံးပြေားချင်တာကတော့ ဒီစာအုပ်ဟာ အရေးအသားရေားဇာတ်လမ်းတည်ဆောက်ပုံရေား
အရမ်ကောင်းတဲ့ အပြင် မင်းသမီးကြီးသြဥသံအေးဘဝ ထဲးကို ထပ်တူဝင်ရောက်ပြီးမြန်မာ့ အညာလေကို
ရှု ရှိတ်လိုက်ရတဲ အရသာဟာ ဒီနှစ် အမျိုးသားစာပေဆုအတွက် အလွန်သင့်တော်တဲ့စာအုပ်၁အုပ်ဖြစ် 
ကြောင်း ကြေညာမောင်း ခတ် ပရစေ။ဒေါ်ရိ ဒေါ်ရ (တော်ရိ တော်ရာ) စာအုပ်မဟုတ်ကြောင်းပါ။
        စာ အမြည်း
    ပွေးကျင်းကဆရာမိုးတားသာ မစွံပါဘူးကွာ...လှူရေးတန်းရေးရှိလို့ နှစ်စဉ်ပွဲထိုးပြီးတားသာ ရွာတဲ့ နှစ်က ရွာသာပါပဲ ...လူလုပ်ဖြစ်တာမှတ်လို့  တစ်နှစ်များမိုးရေားလေရေားချလိုက်တာ ကန်တော့ပွဲတခြားဇလုံ
တခြား..တို့ ရွာကသူကြီးများပွေးကျင်းမိုးတာဆရာဘာကြိုက်တယ်မပြေားတတ်ပါဘူး.....
      
   ပွေးကျင်းဆရာက ကိုယ်ကျင့်သီလမှ မရှိတဲ့နောက် ဘယ်နှယ်လုပ်မိုးတားဖြစ်မှာတုန်း ဟကောင်
ရ ..သူရွတ်သာဖတ်သာနဲဂါထာစွမ်းရမယ်လို့  မဟုတ်သာ...မင်းကြည့်လေ မိုးတားတော့ရွာသကွာ
..မိုးခေါ်တော့ခေါင်သကွာ တို့ ရွာသူကြီး ဝဆွေး(ဝါးဆွေး) ဝကောင်း(ဝါးကောင်း) ထင်ပြီးချွှန်ချင်သာခက်သား။  

               ကဲးအမြည်းစားပြီးပြီး ဗိုက်ဝအောင်စားချင်ရင်တော့ဝယ်သာဖတ်ကြတော့ဗျို......




၁၉၆၂ ဦးနေဝင်း စစ်အာဏာမသိမ်းခင်
ပါလီမာန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်က
ဘယ်လောက်တိုးတက်ခဲ့သလဲဆိုတာကို 
ပြန်လည်တုန့်ပြန်ပါတယ်
လွတ်လပ်ရေးရပြီး ဆယ်နှစ်အတွင်း
ခံယူချက်ပေါင်းစံ လက်နက်ကိုင်ပေါင်းစုံကြားမှာ
တိုင်းပြည်ကို ဘယ်လို တိုးတက်အောင်တည်ဆောက်ခဲ့လဲ
သက်သေအထောက်အထားတွေအများကြီးပါ
စစ်တပ်က သူ့အလုပ်သူလုပ် အုပ်ချုပ်သူက သူ့အလုပ်သူလုပ်ခဲ့တာကို
အာဏာကို သာယာပြီး စစ်ဗိုလ်ချုပ်အသွင်းပြောင်းအစိုးရအဆက်ဆက်
ဘယ်လောက်စုတ်ပြတ်သတ်ခဲ့သလဲ ခုခေတ်နဲ့ ယှဉ်ကြည့်ပါ။
============
---ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်----
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။
၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်လေဆိပ်ကို
သမ္မတကြီးမန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်.....။
အဲဒီအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်ကလွဲရင်)အကြီးဆုံးလေဆိပ်ကြီးဖြစပါတယ်....။
ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ်လည် မရှိသေးပါ..။
စင်ကာပူ အာဏာရအစိုးရသစ်အနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ကွက်ချမှုစနစ် ရေသွင်းရေထုတ်စနစ်နဲ့
ရန်ကုန်လေဆိပ်ဖွဲ့စည်ူပုံကို မှီငြမ်းပြီး တံငါရွာသာသာရှိတဲ့ စင်ကာပူကို
ဆိပ်ကမ်းမြို့ အဖြစ်တည်ဆောက်ခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း
(ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး)
(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိပါတယ်။
ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းတဲ့
အာရှဒုတိယအကြီးဆုံးလေကြောင်းလိုင်းပါ။
Time နဲ့ Newsweek စာစောင် များမှာ UBA
လေကြောင်းလိုင်းကြော်ငြာများ မရိုးနိုင်အောင်တွေ့ရပါတယ် ....။
စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှာသောမြို့တော်များရှိ လေဆိပ်များတွင် မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲလှယ်ခွင့်ရှိပါတယ်.။..။ မြန်မာငွေနဲ့လည်း ပေးချေနိုင်ပါတယ်။ (တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေဝင်းခေတ်မှာမှ နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်းပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူပါတယ်)
ဆက်သွယ်ရေးကဏ္ဍ
၁၉၆၀ ၀န်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို
ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့တယ်
ပညာရေး
ဆေးတက္ကသိုလ်များမှ ဆရာဝန်ဖြစ်လာသူများ
နိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်ရင် အင်္ဂလန်ဆေးကောင်စီကို
ပေါင်စတာလင် ၃၅၀ သွင်းရုံမျှနဲ့ မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ
နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။
(ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်သာရှိပါတယ်)
ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြပါတယ်..။
အာဏာသိမ်းအစိုးရ ဗိုလ်ချုပ်နေဝင်းခေတ်မှာမှ ထိုစနစ်များကိုဖျက်သိမ်းကာ
ဗဟို အမှတ်ပေးစနစ်ဖြင့် ပညာရေးစနစ်ကို အညွန့်ချိုးခဲ့ပါတယ်
ယခင်က အားကစားကလပ်များ သုတေသနစင်တာများ စာကြည့်တိုက်များကို
တက္ကသိုလ်တိုင်းတွင် ဖွင့်လှစ်ထားရှိစေပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်သူများအား
အမှတ်စနစ်ဖြင့် အနာဂတ်ကိုမဆုံးဖြတ်ပဲ
မိမိဝါသနာပါသည့်နယ်ပယ်အား ဝင်ခွင့်ဖြေဆိုပြီး ရွေးချယ်စေခဲ့ပါတယ်။
=======
အဲလောက်ဆို
အရင်ပါလီမာန်ဒီမိုကရေစီခေတ်က
တိုင်းပြည် ဘယ်လောက်တိုးတက်လို့လဲ
ဆိုတဲ့ ထုံထိုင်းများ ရှင်းလောက်ပြီ ထင်ပါတယ်။

Friday, February 27, 2015

ကိုးကန့်တိုက်ပွဲနှင့်ပက်သက်၍မြန်မာ့တပ်မတော်၏စစ်ရေးစွမ်းရည်ကိုသုံးသပ်ခြင်း။
(အရပ်သားတစ်ဦး၏စစ်ရေးသုံးသပ်ချက်)
=========================================================
(၁)အလွန်ညံ့ဖျင်းတဲ့ထောက်လှမ်းရေးစနစ်(the worst intelligent services)
ရန်သူအင်အား 5000 လောက်ကအချင်းဝက်မိုင်100 ပတ်လည်အတွင်းမှာစုဖွဲ့ပြီးကိုယ့်
တပ်မဌာနချုပ်ကိုတိုက်တာကို(၁)ရက်ကလေးတောင်ကြိုမသိတာကတော့အလွန်အင်
မတန်မှညံ့ဖျင်းတဲ့ထောက်လှမ်းရေးစနစ်လို့ပဲသုံးသပ်လို့ရပါတယ်။
လူငါးထောင်နီးပါးစုဖွဲ့ဖို့နဲ့105မမအမြောက်ကြီးတွေတိုက်ပွဲဝင်ဖို့စုဖွဲ့တာကအနည်းဆုံး
တစ်ပတ်နီးပါးကြာတဲ့အလုပ်ပါ။ဒီအတွင်းမှာသတင်းအစအနလေးတောင်မဖော်ထုတ်
နိုင်ဘူးဆိုတာရန်သူကသိုသိပ်လွန်းတာမဖြစ်နိုင်ပဲထောက်လှမ်းရေးအလွန်ညံ့ဖျင်းတာ
လို့ပဲသုံးသပ်ပါတယ်။
(၂)နယ်မြေခံပြည်သူလူထု၏ထောက်ခံမှုကိုလုံးဝမရရှိခြင်း။(no effective support by the local)
နောက်ထပ်သေချာတဲ့တစ်ချက်ကတော့တပ်အနေနဲ့နယ်မြေလူထုထောက်ခံမှုကိုလုံးဝ
မရတဲ့အတွက်ကြောင့်သာဒီအချက်တွေကိုကြိုမသိတာဖြစ်ပါတယ်။နယ်စပ်ဒေသမှာ
တာဝန်ထမ်းဆောင်တဲ့တပ်တွေအနေနဲ့လူထုစည်းရုံးရေးစွမ်းရည်အရမ်းအရေးကြီး
တယ်၊လိုအပ်တယ်ဆိုတာဒီအချက်ကသက်သေပြတာဖြစ်ပါတယ်။ဒါကြောင့်အခုတိုက်
ပွဲအပြီးမှာတော့နယ်မြေလူထုကိုလက်စားချေတုံ့ပြန်မှုလုံးဝမလုပ်ဖို့သတိပေးလိုပါတယ်။
တပ်မတော်အကြီးအကဲတွေအနေနဲ့ကြိုတင်အမိန့်ထုတ်ပြန်ထားသင့်ပါတယ်။၁၉၈၈
မိုင်းယန်းတိုက်ပွဲတုန်းကလည်းမိုင်းယန်းလူထုအပေါ်စစ်တပ်အနေနဲ့လက်စားချေတုံ့ပြန်
မှုတွေလုပ်ခဲ့ပါတယ်။အခုဒီလိုမျိုးထပ်မလုပ်ဖို့တိုက်တွန်းလိုပါတယ်။
(၃)စိတ်ဓာတ်ရေးရာကောင်းမွန်ကြံ့ခိုင်မှု(maintenance of morale and durability)
ရုတ်တရက်အတိုက်ခံရတာဖြစ်ပေမယ့်ရဲမေများအပါအဝင်တိုက်ပွဲဝင်အဆင့်အတန်းအားလုံးပြင်းထန်စွာခုခံတိုက်ခိုက်ခဲ့ကြတာကတော့ချီးကျူးစရာပါ။ရန်သူအနေနဲ့က
တော့အတော့်ကိုပေးဆပ်လိုက်ရမယ်လို့ယူဆပါတယ်။မိမိထက်ဆယ်ဆမကသာလွန်
တဲ့ရန်သူရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှု(encirclement)ကိုနာရီပေါင်းများစွာကြာအောင်ခုခံတိုက်ခိုက်မှုကိုတွန်းလှန်နိုင်တာဟာကမ္ဘာ့တပ်မတော်အတော်များများမှာကိုမတွေ့ရတဲ့မြန်မာ့တပ်မတော်ရဲ့ထူးခြားသောအရည်အသွေးတစ်ခုအဖြစ်ရှိနေဆဲပါ။
(၄)စစ်ရေးအရအမြဲအသင့်ဖြစ်မှု။(Readiness)
ဖြစ်ဖြစ်ချင်း၂၄နာရီအတွင်းမှာပဲတပ်မ(၂)ခုကတိုက်ပွဲဧရိယာ(combat area)ထဲကို 
ရောက်ပြီးတပ်မအဆင့်တိုက်ပွဲဝင်နိုင်တာကလည်းထူးခြားတဲ့စွမ်းရည်ပါပဲ။အရင်ဒီလို
တုန့်ပြန်နိုင်မှုမျိုးမတွေ့ရပါဘူး။ဒါကတိုးတက်လာတဲ့အချက်လို့ပြောလို့ရပါတယ်။တပ်မ
အဆင့်ရွှေ့ပြောင်းတိုက်ပွဲဝင်နိုင်မှုစွမ်းရည်(mobility)အလွန်ကောင်းလာတယ်လို့သုံး
သပ်နိုင်ပါတယ်။
(၅)အနီးကပ်လေကြောင်းပစ်ကူပေးနိုင်မှုစွင်္မးရည်(close air support)
အလွန်ထိရောက်တဲ့လေကြောင်းပစ်ကူများလို့သုံးသပ်လို့ရပါတယ်။MI35တွေK8လေ
ယာဉ်တွေကိုဝယ်ယူထားတာမကြာမြင့်သေးပေမယ့်ထိရောက်စွာအသုံးပြု နိုင်တဲ့မြန်
မာ့လေတပ်ကလေသူရဲတွေရဲ့အရည်အချင်းကိုလည်းမချီးမွမ်းလို့မရပါ။ဒီအချက်က
လည်းကျွန်တော်တို့လေတပ်ကိုခေတ်မီကိရိယာတွေဖြည့်ဆည်းလိုက်တာနဲ့ကမ္ဘာ့တန်း
ဝင်လေတပ်အဆင့်ကိုရနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့သက်သေပြချက်ပါ။
(၆)ထင်ထင်ရှားရှားမတွေ့ရသေးတဲ့အမြောက်တပ်(Artillery Bombardment)
မြန်မာ့တပ်မတော်ရဲ့နည်းဗျူဟာမြောက်တိုက်ပွဲတွေမှာအဓိကကျတဲ့အမြောက်တပ်ရဲ့
စွမ်းရည်ကိုဒီနေ့အထီမတွေ့ရသေးတာကတော့တပ်မတော်အနေနဲ့ထိုးစစ်မဆင်နိုင်
သေးတာ(သို့)အနီးကပ်တိုက်ပွဲတွေပြင်းထန်နေသေးတာ၊(သို့)ရန်သူရဲ့သိမ်းပိုက်ပြီးသား
နေရာတွေမှာအခိုင်အမာခံစစ်ဆင်မှုတွေမရှိဘူးလို့သုံးသပ်လို့ရပါတယ်။နည်းဗျူဟာ မြောက်တိုက်ပွဲဝင်တာမဟုတ်ပဲခြေလျင်တပ်တွေလိုအပ်တဲ့နေရာကိုပစ်ကူပေးတဲ့အ 
ဆင့်လောက်မှာပဲရှိနေတယ်လို့ယူဆပါတယ်။
(၇)ရန်သူ့ရည်မှန်းချက်ကိုပျက်ပြားစေခြင်း(Disorder of enemy objectives)
စစ်ပွဲတစ်ခုရဲ့ရည်ရွယ်ချက်ကိုအထမြောက်မှအောင်မြင်တယ်လို့ဆိုလို့ရပါတယ်။ဥပမာဓားစာခံတွေကယ်တင်ရမယ့်စစ်ဆင်ရေးဆိုရင်တပ်သားတွေဘယ်လောက်ဆုံးရှုံးမှုရှိ
ပါစေဓားစာခံတွေကိုကယ်တင်နိုင်တယ်ဆိုရင်ရည်မှန်းချက်အထမြောက်တယ်လို့ဆို
လို့ရပါတယ်။ကိုရီးယားစစ်ပွဲမှာတရုတ်စစ်သည်၅သိန်းနီးပါးအသက်ပေးခဲ့ရပေမယ့် တရုတ်တွေကစစ်ပွဲနိုင်တယ်လို့ပြောခြင်းကသူ့ရဲ့မဟာ
ဗျူဟာရည်မှန်းချက်ဖြစ်တဲ့အမေရိကန်တပ်တွေကိုယာလူးမြစ်ကမ်းကမောင်းထုတ်ဖို့နဲ့
မြောက်ကိုးရီးယားအစိုးရကိုကာကွယ်ဖို့ဖြစ်တယ်။ဒီရည်မှန်းချက်အောင်မြင်လို့သူတို့
နိုင်တယ်လို့ပြောတာပါ။ဗီယက်နမ်စစ်ပွဲလည်းအလားတူပါပဲ။
အခုဖုန်ကြားရှင်ကကိုးကန့်ဒေသကိုပြန်တိုက်ယူမယ်ဆိုတာသူ့ရဲ့မဟာဗျူဟာရည်မှန်း
ချက်ဖြစ်ပေမယ့်ကိုးကန့်ဒေသကိုသူထင်သလို လွယ်လွယ်နဲ့မရပဲ သူ့စစ်သားတွေအများ
ကြီးဆုံးပြီးသူ့ငွေတွေအများကြီးကုန်သွားတာကတော့ရည်မှန်းချက်မအောင်မြင်ပဲအရင်း
အများကြီးပါဆုံးရှုံးသွားစေတယ်။ဒီရည်မှန်းချက်ကိုမှန်းဆပြီးမှန်မှန်ကန်ကန်ခေါင်း
ဆောင်မှုပေးနိုင်တဲ့စစ်ခေါင်းဆောင်တွေရဲ့စွမ်းရည်ကိုအသိအမှတ်ပြုပါတယ်။
ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့တပ်မတော်အနေနဲ့ကိုယ့်အလုပ်ကိုသာကိုယ်
လုပ်ရင်ဒီထက်ပိုပြီးထိရောက်ကောင်းမွန်တဲ့တပ်မတော်တစ်ရပ်ဖြစ်နိုင်ပါတယ်။
လိုအပ်နေတဲ့စည်းရုံးရေးစွမ်းရည်ကောင်းဖို့၊ထောက်လှမ်းရေးစနစ်တွေပိုကောင်းဖို့အ
တွက်ဆောင်ရွက်ကြစေလိုပါတယ်။
မလိုအပ်တဲ့၊ဘယ်သူမှလည်းမကြည်ဖြူတဲ့အလုပ်တွေလုပ်နေတာကိုရပ်တန်းကရပ်ရင်း
ကမ္ဘာ့အဆင့်မီတပ်မတော်တစ်ရပ်ကိုတိုင်းရင်းသားအားလုံးနဲ့လက်တွဲတည်ဆောက်စေ
လိုပါတယ်။
ကမ္ဘာ့အဆင့်မီတပ်မတော်ကြီးတစ်ရပ်ပေါ်ထွက်လာရေးမျှော်မှန်းလျက်---------------
(ကျွန်တော်ပြောတဲ့အချက်မှာကျန်ခဲ့တဲ့၊လိုအပ်တဲ့၊မမှန်ကန်တဲ့အချက်တွေကိုဝိုင်းဝန်း
သုံသပ်ကြစေလိုပါတယ်။)