Tuesday, December 15, 2015

၂၀၁၆ခုနှစ် နိုင်ငံတော်နှင်ဒေါ်စုအတွက်အဟေား (ဆရာ ဘဲးလားလေဘာတီ)

ကမ္ဘာမှာ တိုင်းနိုင်ငံတွေအတွက်မင်းတွေကိုသူလူမျိုးသူ့ ဘာသာနဲ့ တိုင်း
ပြည်ရဲ့ အခြေနဲ့ အနေအထားပေါ်မူးတည်လို့ အကြောင်းတရားကပေး
ထားတဲ့မင်းအစိုးရဆိုတာကို fixed လုပ်ပေးပြီးသာပါ- ယနေ့ လွတ်လပ်
ရေးဇာတာတော်အရ တိုင်းပြည်က ပါပ အားကြီးနေပြီးစစ်နဲ့ မခြိမ်းချ မ်း
ခြင်းတွေနဲ့ အနိဌာရုံတွေကိုသာသရုပ်ဆောင်လာနေတတ်ပါတယ်။သို့ 
ဖြစ်၍စစ်အုပ်ချု ပ်ရေးကိုအကြောင်းတရားတို့ ကနေရာပေးထားပြီးစစ်အုပ်
ချု ပ်ရေးကိုလည်းရာစုဝက်တိုင်အဒွန့် စေခဲ့ခြင်းဘဲဖြစ်ပါတယ်။
ဆယ်စုများစွာကတည်းကပြည်သူတွေက ဒီမိုကရေစီ ဒီမိုကရေစီ လို့ ညာ
သံပေးပြီးဒေါ်စုနောက်ကိုလိုက်နေခဲ့ကြသလိုရွေးကောက်ပွဲကြီးမှာဒေါ်စု
အောင်ပွဲလှလှရအောင် တကမ္ဘာလုံးနဲ့ အခြေခံလူတန်းစားပြည်သူတွေ
ကမျော်လင့်ချ က်ကြိးစွာနဲ့ ဒေါ်စုကိုမဲတွေဝိုင်းပေးခုဲ့ကြပြီးဒေါ်စုတက်လာ
ရင်သူတို့ တွေအဆင်ပြေလာပြီးချ မ်းသာလာကြလိမ့်မယ်ဆိုတဲ့မျော်လင့်
ကြီးကရင်မှာအလျှံ လို့ မိုးထိအောင်ပျော်နေကြလျ က်ပါ-
တကယ်တော့ အကြေင်းတရားတွေရဲ့ လျှို့ ဝှက်ချ က်တွေနဲ့ နက်ရှိုင်းမှု့ 
တွေကိုတော့ ဘယ်လိုပညာရှင်ကမှသိလိုက်ကြမှာမဟုတ်ပါဘူး။
တကယ်တော့ ဒေါ်စုမွေးရာပါ ဇာတာကလည်းတိုင်းပြည်နဲ့ ထပ်တူထပ်မျှ
ပါပ အားတွေကြီးနေပါတယ် လဂ်ရဲ့ ၇ တန့် ကိန်းမှာ ( ၁၄၀၈ ) Solar +
Mercury+ Saturn+ North Node ) စတဲ့ ပါပဂြိုဟ်ကြီးတွေကရပ်တည်နေ
ပြီးတခါ ကန်စန်းရဲ့ MC ဆယ်တန့် ဘာဝမှာလည်းအထက်ပါ Solar +
Mercury+ Saturn + North Node တို့ က ရပ်တည်နေပြီး လဂ်+စန်း
နှစ်ပါစလုံးကပါပ ကိန်း တြိဂုံးပိတ်မိနေပြန်ပါတယ်၊ ဒီတော့ ဒေါ်စုက ပါပ
ခေါင်းဆောင်တစ်ယောက်သာဖြစ်နေတာမို့ ဒေါ်စုကလည်းအာဏာရှင်
တစ်ယောက်ဘဲဖြစ်နေမှာပါ- ဒါကြောင့်ဒီနေ့ အပြတ်အသတ်နိုင်ပြီးဆိုက
တည်းကသူက တစ်ပါတီ အာဏာရှင် စနစ်ကိုဘဲသွားမှာဖြစ်ပါတယ်။
ဒေါ်စုကအာဏာရှင်ဖြစ်နေတာမို့ သူပါတီက ခဏခဏ conflict တွေဖြစ်
နေခဲ့ရသလို နှစ်ပေါင်း ၃၀ နိးပါးတိုင်ခဲ့ပါသော်လည်းသူ့ မှာအင်အား
ကြီးတဲ့ပါတစ်တစ်ခုကိုဖွဲ့ စည်းထိမ်းသိမ်းနိုင်စွမ်းမရှိခဲ့သလို အာဏာရှင်
ပီပီး ယနေ့ ရွေးကောက်ပွဲဝင်တဲ့အထိ သူ့ ပါတီမှာ နံပါတ် ၂ တောင်မ
ထားပါဘူး၊ ဒီတော့ မိမိကသမတ မဖြစ်ပေမဲ့ သမတ နေရာ-ရောဝန်ကြီး
ဌာနတိုင်းကိုရော တိုင်းပြည်ရဲ့ လှည်းနေမြင်းစောင်းမကျ န်သူ တစ်
ယောက်တည်းချ ယ်လှယ်မယ် သူ့ အမိန့် သူ အာဏာ ဘဲဖြစ်ရမယ်ဆိုတဲ့
ဇာတ်ညွှန်းကိုရေးသားထားပြီးဖြစ်ပါတယ်၊
တစ်ခုရှိနေတာက စစ်တပ်ချုပ်ရေးသက်တမ်းမှာစစ်တပ်ကတိုင်းရင်းမှူးး
တပ်မမှူးး တိုင်းမှူးးဌာန ဆိုင်ရာဝန်ကြီးစသည်တို့ ကို ကိုယ်ပိုင်ဆုံးဖြတ်
ခွင့်အုပ် ချုပ်ခွင့်တွေကိုပေးထားပါတယ်ဒါပေမဲ့ ဒေါ်စုကတော့သမတ
ဝန်ကြီး-ပြည်နယ်အုပ်ချုပ်ရေးမှူးး အမတ်စတဲ့အုပ်ချုပ်ရေးယန္တာယား
ကြီးတစ်ခုံလုံးကို ဘယ်သူ့ ကိုမှ လုပ်ပိုင်ခွင့်ပေးထားမှာမဟုတ်သလိုဘယ်
လိုပညာရှင်တွေရဲ့ ကြံညာဏ်ကိုသော်မှလည်းလက်ခံမှာမဟုတ်ဘဲတစ်ပါ
တီ အာဏာရှင်စနစ်ကိုပီပီပြင်ပြင် သရုပ်ဖေါ်လာနေမှာဖြစ်ပြီးသူဟာရုပ်
သေးပေါင်းများစွာကိုကြိုးကိုင်နေတဲ့ ရုပ်သေးဆရာမကြီးတစ်ယောက်
လိုလည်းဖြစ်သွားနိုင်ပါတယ်၊
ဟူဟာ အမေရီကန် Democrat -နဲ့ Republican လို အားလုံးကမည်သူမ
ဆိုသမတ ၀န်ကြီးဖြစ်နိုင်တဲ့အရည်အချ င်းတွေရှိနေပြီးအားလုံးက Political
field မှာရင့်ကျက်နေပြီး တိုင်းပြည်နဲ့ powe balance ဖြစ်နေမဲ့ အင်အားရှိ
တဲ့ပါတီမျိုးကိုဒေါ်စုကမလိုလားပါဘူး၊ဒါကြောင့်ရွေးကောက်ပွဲနီးမှPolitical
field နဲ့ ဘာမှမဆိုင်တဲ့ မင်းသား-မင်းသမီးတွေ ဇာတ်သမ သဘင်သည်တွေ
မော်ဒယ်တွေ-တရိစ္ဆာန် ဆရာဝန်တွေ- စတဲ့ နိုင်ငံရေး field နဲ့ ဘာမှမဆိုင်
တဲ့နလဗိန်းတုံးတွေကိုပါတီထဲအတင်းဆွဲသွင်းခဲ့တာပါ-အဲဒါတွေကဘာ
ကြောင့်လဲဆိုတော့ သူ့ ကိုမလှန်နိုင်တဲ့လူတွေကိုဘဲသူက လိုချင်နေလို့ 
ပါဘဲ၊
လူတိုင်းစဉ်းစားတတ်ကြမှာပါ လောက မှာ သူ field နဲ့ သူဘဲတွင်ကျ ယ်
တာမျိုးပါ ဆရာဝန်က ဆရာဝန်အလုပ်ကိုလဲလုပ်လို့ ရပါတယ်ဆရာဝန်က
Engineer အအလုပ်ကိုသွားလုပ်လို့ မရပါဘူးပြီး မင်းသ္မီးမင်းသားမော်
တယ်အဆိုတော်တွေကလည်းသူ တို့ အလုပ်ကိုဘဲသူတို့ လုပ်တတ်ကြမှာ
Political field မှာလာတွင်ကျ ယ်လို့ မရပါဘူး၊လူသားတွေက သူ field
နဲ့ ဘဲသူတွင်ကျ ယ်တယ်ဆိုတာကို ခလေးတောင်သိကြပါတယ်။
ပြီးတော့ ဇာတာအရသူက ခေါင်းမာပါတယ် ဘယ်သူ့ ကိုမှအကျော်ခံမှာမ
ဟုတ်သလိုဘယ်သူ့ အကြံကိုမှလည်းလက်ခံမှာမဟုတ်ပါဘူး-
ဒါကြောင့် ယနေ့ ပြည်သူတွေထင်နေသလို ဒေါ်စုဟာ ဒီမိုကရေစီခေါင်း
ဆောင်စစ်မဟုတ်ဘဲဒီမိုကရေစီ မျက်နှာဖုံးစု တစ် ပါတီစနစ်နဲ့ သွားမဲ့ 
အာဏာရှင်တစ်ယောက်ဘဲဖြစ်ပါတယ်-အစိုးရဖွဲ့ ပြီးလို့ သက်တမ်းရ
လာတာနဲ့ အမျှ သူ့ ပါတီမှာ Inner conflict တွေဖြစ်လာမှာဖြစ်ပြီး-ကြား
ဖြတ်ရွေးကောက်ပွဲတွေကိုလည်းမကြာမကြာလုပ်ရမဲ့ ကိန်းကိုဆိုက်သွား
နိုင်ပါတယ်၊
စာရေးသူက Venus News ဂျာနယ်မှာ ကိုသားဆိုးလာပြီးဟေ့ဆိုတဲ့
ခေါင်းစည်းနဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဘူးပါတယ်-ဘယ်လိုလဲဆိုတော့
စာရေးသူ ရန်ကုန် ပထမ တန်းမှာဘောလုံးကန် ခဲ့စဉ်က ပွဲမှာခြေမပေါ
တဲ့ဘောလုံးသမားကို နည်းပြဆရာ ကလူလဲလို့ လဲလိုက်တဲ့ဘောလုံး
သမားက ကွင်းထဲပြေးဝင်လာတာနဲ့ တောင်ဘက်-မြောက်ဘက်တန်းက
ပရိတ်သတ်တွေက " ကိုသာဆိုးလာပြီးဟေ့ ..." လို့ တစ်ပြိုင်တည်းအော်
တတ်ကြပါတယ်၊
ဒီနေ့ လည်းဒီလိုပါဘဲ-ဘယ်သူတက်တက်လာလာ ပြည်သူ နဲ့ တိုင်းပြည်
အတွက်" ကိုသာဆိုး" ဘဲလာမှာတော့ မြေကြီးလက်ခတ်မလွဲပါဘဲ၊
တိုင်းပြည်ဇာတာက MC လဂ် ဆယ်တန့် မှာ Mars အင်္ဂါ က ပုလ္လင်မှာ
ထိုင်နေသလို စန်းရဲ့ MC ဆယ်တန့် မှ Mars ထက်အင်အားကြီးတဲ့
Uranus ကတည်နေပြန်ပါတယ်ဒီတော့ ယနေ့ အတိုက်ခံခေါင်းဆောင်
ရဲ့ ဇာတာကလည်းလဂ်စန်းနှစ်ပါလုံးကို ပါပ အားကြီးနေတာမို့ ပါပ
အားကြီးနေတဲ့နိုင်ငံကို ပါပ အားကြီးတဲ့ခေါင်းဆောင်တက်အုပ်ချုပ်ရင်
တိုင်းပြည်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို စဉ်းစားလို့ ရကြမှာပါ။
ရွေးကောက်ပွဲ အချိန်မှာ MC ဆယ်တန့် ရှိ စန်းပေါ်ကို Mars + ရာဟု
တို့ စီးနေပြီးလဂ်ကို Mars အင်္ဂါအမြင်အယှဉ်ခံထားချိန်စြေ်နေတာမို့ 
အတိုက်အခံခေါင်းဆောင်က မီဒီယာ နဲ့ တွေ့ ရင်အပြောအဆိုဆင်ခြင်
ရမှာဖြစ်သလို လာမည့်2016 September 2oth မှ October 31 st
အတွင်းမှာတော့ ဒေါ်စုအနေနဲ့ ကျမ္မာရေးကအစကဘက်စုံသတိထား
ဆင်ခြင်ဘို့ တော့ လိုပါတယ်- 2018- 2019 မှာတော့ နိုင်ငံရေးအကြံပေး
မရှိဘဲတစ်ကိုယ်ကောင်းမိမိပါပ အားတွေနဲ့ ဇွတ်တိုးနေမယ်ဆိုရင်တော့ 
သက်တမ်းပြည့် ဘို့ အလွန်ခက်ခဲသွားနိုင်ခြင်းသို့ မဟုတ်တိုင်းပြည်က
အာဏာသိမ်းရလောက်တဲ့အခြေအနေအထိယိမ်းယိုင်သွားနိုင်ပါတယ်၊
တိုင်းပြည်ရဲ့ အခြေနေက စားလဲရူး ဆုတ်လဲ ဆူးဆိုတာမျိုးတွေဖြစ်နေ
နိုင်ပြီးအာဏာသိမ်းပြန်လည်း ၁၉၆၂ ကလို တည်ငြိမ်နေမှာမဟုတ်တော့ 
ဘဲ ပြည်တွင်းစစ်ဘက်ကိုဦးတည်သွားနိုင်ပါတယ်၊
ဒါကြောင့် ယနေ့ တိုင်းပြည်ရဲ့ အနာဂ တည်ငြိမ်အေးချ မ်းရေးနဲ့ ကမ္ဘာ့အ
လယ်မှာလူမျိုးရေးတွေဆက်လက်မြင့်မားနေရေးအမျိုးဘာသာသာသ
နာ နဲ့ ပြည်ထောင်စုကြီးတည်တန့် နေရေး တွေက ဒေါ်စုပေါ်မှာသာမူတည်
လို့ နေမှာဖြစ်သလိုတိုင်းပြည်အတွက် စစ်တပ်ထက် ဒေါ်စုကတာဝန်ပိုကြီး
သွားပြီးဆိုတာကိုသတိထားသင့်ပါသည်၊
တိုင်းပြည်အတွက်ကြို တင်ပြင်ဆင်နိုင်ရန်ဖြစ်လာနိုင်တာတွေကိုကြိုတင်ပြ
ထားခြင်းသာဖြစ်ပြီး ဒါတွေထဲမှာအတင်း အဖျ ဉ်းတွေ-နဲ့ အပုပ်ချ နေတာ
မျိုးတွေလုံးဝမပါပေ၊

No comments: