Thursday, December 31, 2015

ရပ်ကွက်အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲအတွက်နောက်ထပ်ပြင်ရမည်ဥပဒေ ၁ခု။(ပုဒ်မ၉ ရေားပုဒ်မ၆ ပါပြင်ပေးပါ။)

ရပ်ကွက်အုပ်ချုပ်ရေးမှူးစိစစ်ရွေးချယ်
ခန့်ထားခြင်းကိုပြည်ထောင်စုလွှတ်တော်က
ဆိုင်းငံ့ထားလိုက်ပြီး
နောက်တက်လာမဲ့အစိုးရသစ်လက်ထက်မှသာ
ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တာဝန်
ပေးအပ်နိုင်မဲ့ဒုတိယအကြိမ်ပြင်ဆင်တဲ့
ဥပဒေကြမ်းလွှတ်တော်ကိုတင်သွင်းလိုက်ပြီ။
၂၀၁၂ ကအတည်ပြုပြဌာန်းထားတဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုင်ရာဥပဒေ
ပုဒ်မ ၉ မှာပါဝင်တဲ့
ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ရာထူးသက်တမ်းသည်
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်
ဒါဆိုရင် ၃၁.၁.၂၀၁၆ မှာ
လွှတ်တော်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။
ဒါကြောင့်ပြင်ဆင်တဲ့ ဥပဒေကြမ်းက
ပုဒ်မ ၉ မှာပါဝင်တဲ့
ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီ
ဆိုတဲ့စကားရပ်နေရာမှာ
နိုင်ငံတော်သမ္မတရာထူးသက်တမ်းအတိုင်း
လို့ပြင်ဆင်ခြင်းဖြစ်သည်တဲ့။
ဒါဟာသိပ်ကောင်းတဲ့အဆိုပြုချက်တစ်ခု
ဖြစ်ပါတယ်။နောက်ထပ်ပြင်ဆင်သင့်တာ
ကိုလဲဥာဏ်မှီသလောက်ပြောပါရစေ
ပုဒ်မ ၆ အရ ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ ၅ ဦး
ပါဝင်တဲ့ ရွေးချယ်စိစစ်ရေးအဖွဲ့အနေနဲ့
ရွေးချယ်မှုပုံစံဖြစ်တဲ့ ပုဒ်မ ၇ အကြောင်းပါ။
ဆယ်အိမ်တစ်စုကို ဆယ်အိမ်ခေါင်းတစ်ယောက်
တင်ရမယ်။အဲ့ဆယ်အိမ်ခေါင်းတွေကမှတဆင့်
ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အဆိုပြုတင်သွင်း
ရမယ်။
ဒီနေရာမှာ ပြဿနာရှိတာက
ဝင်အရွေးခံမဲ့အုပ်ချုပ်ရေးမှူးလောင်းက
ရပ်ကွက်အတွင်းမှာရှိတဲ့ ကျန်တဲ့အိမ်ထောင်စု
တွေရဲ့ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်
ဖြစ်စေ ဂရုပြုစရာမလိုပဲ ဆယ်အိမ်ခေါင်းတွေ
ကိုသာမဲဆွယ်နိုင်ရင် အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဥပမာ- အိမ်ခြေ ၁၀၀ ရှိတဲ့ ရပ်ကွက်တစ်ခုမှာ
ဆယ်အိမ်ခေါင်း ၁၀ ယောက်ရှိမယ်
ဒါဆိုရင် အုပ်ချုပ်ရေးမှူးလောင်းအနေနဲ့
ဆယ်အိမ်ခေါင်း အနည်းဆုံး ၆ ဦးကို
အုပ်စုဖွဲ့ စည်းရုံးနိုင်တာနဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီ။
ဒါဟာဒီမိုကရေစီစနစ်နဲ့သွေဖယ်နေတယ်။
ဒါကြောင့်ဖြစ်သင့်တာက
(၁) အရွေးချယ်ခံမဲ့ အုပ်ချုပ်ရေးမှူးလောင်း
အမည်စာရင်တင်သွင်း
(၂) ရလာတဲ့အမည်စာရင်းကို
ရွေးချယ်စိစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသော
ဥပဒေပုဒ်မ ၅ ပါအချက် (၁၁) ချက်နဲ့
ကိုက်ညီမှုရှိမရှိစစ်ဆေး
(ဥပဒေနဲ့မကိုက်ညီသူကို အမည်စာရင်းမှပယ်ဖျက်)
(၃) ထိုအမည်စာရင်းများကို ရပ်ကွက်နေပြည်သူ
များထံသို့ အကြောင်းကြားစာပို့
(၄) အချိန်ကာလတစ်ခုသတ်မှတ်၍
မဲပုံးထောင်ပြီး ရပ်ကွက်အတွင်းရှိ (ပုံစံ ၆၆/၆)
သန်းခေါင်စာရင်းရှိသော အိမ်ထောင်စုတစုလျှင်
တစ်မဲနှုန်းဖြင့် ကိုယ်တိုင်လာရောက်
တိုက်ရိုက်မဲပေးရွေးချယ်သင့်ကြောင်း
အကြံပြုပြောကြားလိုပါတယ်။
လိုအပ်တာတွေကိုလဲ ဝေဖန်အကြံပြုပေးကြပါဦး။
ဒီဥပဒေကြမ်းကိုဖြည့်စွက်ပြင်ဆင်လိုသော
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့
၅.၁.၂၀၁၆ နောက်ဆုံးထားပြီးအမည်စာရင်း
တင်သွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဌကကြေငြာထားတဲ့အတွက်
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူများ
လက်တို့လိုက်ကြပါလို့.......

No comments: