Saturday, January 30, 2016

ကြယ်တံခွန်နဲ့ ယှဉ်ပြီးတက်လာမည့်အစီုးရ။

Catalina ကြယ်တံခွန် နှင့်ယှဉ်၍တက်လာမည့်  အစိုးရသစ်မှ
ဘက်စုံသတိထားဘို့ လိုပါသည်။
အစိုးရသစ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာနှစ်ဦး
ကတည်းကအထက်ဖေါ်ပြပါကြယ် တံခွန်နဲ့ ယှဉ်၍တက်လာရမည့်
အစိုးရဖြစ်နေတာမို့ ဘက်စုံသတိထားဘို့ လိုအပ်ပါတယ်ကြယ်တံခွန်နဲ့ 
ယှဉ်တက်လာခဲ့ရတာ မို့ မိမိအစိုးရမှာအားနည်းချ က်တွေအများကြီး
ရှိနေနိုင်တယ်လို့ ပြောလို့ ရပါတယ်၊တိုင်းပြည်ရဲ့ ရာဇာပုလ္လင်ကပါပ
ကတ္တိရိ ယုဂ်သင့်နေတာမို့  (၁)မိမိက ၅၉(စ) ကိုပြင်ပြီးသမတလုံးဝမ
လုပ်သင့်ပါဘူး၊(၂ )၄၃၆ ကိုထားရှိရတာကစစ်အစိုးနဲ့ ကွန်မြူ နစ်အစိုး ရတွေကနေဒီမိုကရေစီကိုပြောင်းလိုက်နိုင်ငံတိုင်းပြိုကွဲပျက်စီးလို့ သွေး
ချာင်းတွေစီးနေတာမို့ တိုင်းပြည်ကရုရှားလိုပြို ကွဲပြီးအီရတ်လိုပြည်တွင်း
စစ်ဖြစ်လို့ သွေးချောင်းတွေစီးမနေရအောင်(၄၃၆)နဲ့ power balance
လုပ်ထားရတာ ဘဲဖြစ်ပါတယ်ဒါကြောင့် ၂၀၁၆ မှာဆန္ဒစောပြီး (၄၃၆)
ကိုမကန်ထုတ်မိဘို့ သတိထားသင့်ပါတယ် ၂၀၁၆-၂၀၁၇ အတွင်းမိမိ ကတိုင်းပြည်ကိုထိမ်းသိမ်းနိုင်ပြီးဆိုမှ ((၄၃၆ )ကိုမိမိသဘောရှိလုပ်နိုင်
နိင်ပါတယ်၊(၄၃၆)ကို မိမိက ကန်ထုတ်စရာမလိုပါဘူးUranus ကAries
ကိုဝင်သွားတာနဲ့ စစ်တပ်ကအလိုလိုထွက်သွားနိုင်ပါတယ်မိမိက၂၅ %
ကိုကန်ထုတ်လိုက်ရင်မိမိကသာ တိုင်းပြည်ရဲ့ တရားခံဖြစ်သွားမှာပါ။
(၃).မိမိအစိုးရမှာ field မှန်လူမှန်တွေ မရှိနိုင်တာမို့ မိမိအစိုးရမှာအရည်
ချင်းပြည့်ဝပြီးနိုင်ငံရေးအတွေ့ ကြုံများတဲ့ဝါရင့်နိုင်ငံရေးနဲ့ စီးပွားရေးအ
ကြံပေးတွေကိုရှာ ဖွေခန့် အပ်ထားဘို့ လိုပါတယ်။
(၄).အထူးသတိထားရမှာကယနေ့ အောင်ပွဲ၏နောက်ပိုင်းမှာမိမိကြွေး
ကြော်နေခဲ့သလိုမိမိကသမတအထက်မှာရှိနေမယ်၊သမတ ကမိမိဘေး
မှာထိုင်ရမယ်ဆိုတာမျိုးတွေလုပ်လို့ မရသလို မိမိခေါင်းတစ်လုံးနဲအ့ 
ရာရာကိုတစ် မိန့် တစ်သံနဲ့ ဦးစီးတာမျိုးလည်းမဖြစ်သင့်ပါဘူးဒီလိုဖြစ်သွား မယ်ဆိုရင်မိမိကလည်းတစ်ပါတီ ကအာဏာရှင် စနစ်နဲ့ ဘဲထပ်တူထပ်မျှ
ရှိသွားမှာဖြစ်သလို၂ နှစ်တွင်းမှာမိမိပါတီကအရည်ချ င်းရှိနေသူတွေက
နုတ်ထွက်သွားတာမျိုး inner conflict တွေဖြစ်လာနိုင်ပြီးလစ်လပ်နေ
ရာများအတွက်ကြားဖြတ် ရွေးကောက်ပွဲတွေပြန်လုပ်ရတာမျိုးတွေအ
ထိရှိလာနိုင်ပါတယ်။(၅)အရေးအပါဆုံးကမိမိအစိုးရဖြစ်လာရင်အမေရီ ကန်ကိုတအားသွားမှီလို့ တော့မရ ပါဘူးဘာကြေင့်လဲဆိုတော့ကျွ န်ပ် တို့ နိုင်ငံကသန်းပေါင်းတစ်ထောင်ကျော်ရှိနေ တဲ့အင်အားကြီးနိုင်ငံနှစ်
ခုကြားမှာတည် ရှိနေပြီးကမ္ဘာမှာ Anti American နိုင်ငံတွေကများနေ
တာမို့ အမေရီကန်ကိုသွား မှီလိုက်မယ်သို့ မဟုတ်မိမိက အမေရီကန် သြဇာခံသရုပ်ပေါ်နေမယ်ဆိုရင်ကျွ န်တော်တို့ ကိုပါတ်ဝန်းကအများကြီး
ဒုက္ခ ပေးလာနိုင်ပါတယ်-ဒါကြောင့်လွတ်လပ်ရေးရ ကတည်းကယနေ့ 
အထိကျွ ပ်တို့ ကဘယ်သူ့ ကိုမမှီခဲ့ပါဘူးနိုင်ငံကြီးနှစ်ခုကြားမှာရှိနေပေမဲ့
ဘယ်ဘက်ကိုမှမမှီဘဲတရုတ် အိန္ဒိယ-ရုရားသုံးနိုင်ငံနဲ့ balance လုပ်ပြီး
နေခဲ့ကြတာပါဘဲ။ပြီးတော့ ယနေ့ East နဲ့ West က Timeline တွေ....
ပြောင်းသွား ပါပြီးဒါကြောင့်အနောက်ကိုသွားမှီလို့ တိုင်းပြည်အတွက်နယ်ခြား စစ်နဲ့ မငြိမ်းချ မ်းခြင်းတွေကိုရင်မှာပိုက်ရယုံကလွှဲလို့ ဘာမှ ဖြစ်မလာနိုင်
ပါဘူး၊နောက်တစ်ခုလက်ရှိ ကြယ်တံခွန်ဖြတ်သန်းသွားနေပြီးမို့ တိုင်းပြည်
မှာစစ်နဲ့ အနိဌာရုံတွေကိုသာဖန်တီးလာနိုင်တာမို့ အစိုးရ သစ်ကိုအာဏာ
မလွဲခင်ပြည်သူတွေလမ်းမပေါ်မထွက်သင့်သလိုတိုင်းပြည်မှာအနိဌာရုံတွေ
ကိုမဖန်တီးမိကြဘို တော့အထူးလိုအပ်လိမ့်သည်၊
၂၀၁၆ ဖေဖါဝရီ ၂၀ရက်မှအောက်တိုဘာ၃၁ ရက်အတွင်းမှာတော့ဒေါ်အောင်
ဆန်းစုကြည်အအနေနဲ့ ကိုင်တွယ်ရန်ခက်ခဲသောပြသနာများကိုစတင်
ရင်ဆိုင်လာရန်ရှိနေပြီးနိုင်ငံရေး ခရီးကြမ်းကြီးကိုစတင်ဖြတ်သန်းစရာများ
ကရှိလာနိုင်တာမို့ အစိုးရသစ်ခေါင်းဆောင်ကဘက်စုံသတိ ထားဘို့ လိုအပ်
သလို စက်တင်ဘာ ၂၅ မှာ အောက်တိုဘာ ၃၁ အတွင်းမှာလက်ရှိအခြေ
နေထက်ကျ မ္မာရေးကပိုမို ကျ ဆင်းလာနိုင်သလိုကြယ်တံခွန်ပေါ်တဲ့၂၀၁၆
ဇန္န၀ါရီ တစ်ရက်နေ့ ကစပြီး ဒေါ်အောင်ဆန်းစုကြည်မှာအိပ်ရေး ပျ က်လာ
ရပြီးအာရုံကြောအားနည်းလာရခြင်းအလိုလိုသွေးပေါင်ကျလာနေရတတ်
ပြီးဦးနှောက်မှာ ဖိစီးမှု့ တွေများလာနေမှာဖြစ်ပါတယ်။ဦးနှောက်မှာဖိစီး
မှု့ တွေများလာနေခြင်းကြောင့်ဆေးမတိုးတာ မျိုးသို့ မဟုတ်ဆရာဝန်
Error - X-Ray -ဓါတ်ခွဲ ခမ်းမှ ပေးလာသော Result Error များဖြစ်လာ
တတ်ပါတယ် ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် ၅နှစ်သက်တမ်းအတွင်း
ကျ မ္မာရေးကို တစ်နှစ်ထက်တစ်နှစ်ပိုဒုက္ခပေးလာနိုင်တာမို့ ဘက်စုံသတိ
ထားဘို့ လိုသလိုဆေးကုသပါက ရန်ကုန် -စကာင်္- လို Low Latitude
မှာတည်နေတဲ့နိုင်ငံ မျိုးတွေမှာကုသခြင်းထက် High Latitude နေရာ
တွေဖြစ်တဲ့  EU- လို London လို နေရာ မျိုးတွေမှာကုသခံမှတော်
ကာကျ မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးဆင်ခြင်စရာမှာမိမိက ၁၉၈၈ က
ဦးနုနောက်ကိုလိုက်သင့်ပါရက်နဲ့ မာနတွေထားပြီမလိုက်ခဲ့တာရယ် ၁၉၉၀
နောက်ပိုင်းစစ်တပ် ၂၅% ကိုတောင်းနေတာကို ပေးပြီး Cabinet ထဲကို
စောစောဝင်ခဲ့ရင်လည်းတိုင်းပြည်ကယနေ့ တရုတ်ထက်စောပြီးချမ်းသာ
နေမှာပါ။ပိုပြီးအကြည်တန်ဆုံးက စစ်တပ် ၂၅ % တောင်းနေခဲ့တုံးကမိမိ
ကသပိတ်မှောက်ထားပြီး နှစ်ပေါင်း ၂၅နှစ်ကြာမှ Obama က၀င်ခိုင်းမှ
ဒီ စစ်တပ်၂၅ % ရှိရှိနဲ့ လွတ်တော်ထဲကိုဝင်လာတာကဒေါ်အောင်ဆန်း
စုကြည်အတွက် အကြည်းတန်ဆုံးသမိုင်းစာ မျ က်နှာတစ်နဲ့ တိုင်းပြည်
အတွက်ဘယ်လိုမှအစားမထိုးနိုင်တဲ့နစ်နာဆုံးရှုံးမှု့ ကြီးတစ်ခုပါဘဲ။
ဒါကိုပြောပြတာကို ဒီတခါ ထပ်မှားရင်တိုင်းပြည်က ရုရှား လိုပြိုကွဲပြီးအီရတ်
လိုသွေးချောင်းတွေစီးသွားမှာပါ၊ဒါကြောင့် ဒီ နေ့ ဒေါ်စုက ဆပ်ကပ်ထဲက
ကြိုးတန်းပေါ် လျောက်တဲ့ လူက ၀ါးလုံးတစ်လုံးနဲ့  balance လုပ်ပြီး
လျောက်သလို ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တည်ငြိမ်ဘို့ တဲ့ 
အမျိုးဘာသာသနာတည်တန့် ရေးအတွက် စစ်တပ်နဲ့ balance လုပ်ပြီး
မှမြန်မာ့နိုင်ငံရေးကြိုးတန်ပေါ် လျောက်သင့်ပါတယ် လို့ တကမ္ဘာလုံး
ကိုအမုန်းခံ၍အကြံပြုအပ်ပါသည်၊
NLD အစိုးရအောင်မြင်လို့ ပြည်သူတို့ ၏မျော် လင့်ချက်ကိုဖြည့်ဆည်း
ပေးနိုင်စွမ်းရှိသောအစိုးရသစ်ဖြစ်ပါစေသော်။

Friday, January 22, 2016

ပါရဂူတဦးနှင့်သူ၏ကျမ်း

( ပါရ၈ူတဦးနှင့် သူ၏ကျမ်းပြုစုခြင်း )
***********************
.
.
အပိုင်း (၁)
*********
ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းတက်စတွင် ]စာတမ်း} (Term paper) ရေးသည်၊ စာတမ်း ရေးခြင်း၏ ပထမဦးဆုံးသော အတွေ့အကြုံဖြစ်၏။ B. Arch ဟူသော Bachelor မှာပင် "Thesis" ဟူသည့် ကျမ်းပြုစုခြင်းကို ဆောင်ရွက်ခဲ့ရသည်။ တက္ကသိုလ်နောက်ဆုံးနှစ်၌ ကျမ်းပြုစုခြင်းကို နောက်ဆုံး (၆) လတွင် ပြုလုပ်ရပြီး ရှေ့ (၄) လတွင် Project နှစ်ခုကို လုပ်ရခဲ့သည်။ နောက်ပိုင်း Master, Ph. D များတွင် ဆက်လက်၍ ကျမ်းရေးရသောအခါ များစွာ မထူးဆန်းပါတော့ချေ။ အခါအခွင့်ရ၍ လူငယ်များကို ပညာများ ပြန်ဖြန့်ဖြူးခွင့်ရသောအခါ (၉) လ ဒီပလိုမာတွင် Term paper စာတမ်းများကိုရေးစေပြီး၊ Master တန်းတွင် စာတမ်းများနှင့် ကျမ်းရေးခိုင်းကာ၊ Ph. D တွင် ကျမ်းရေးစေခဲ့ပါ၏။ အတော်များများ အရေအတွက်မှာ စာတမ်းနှင့်ကျမ်းကို ခွဲခြားသိမြင်နိုင်မှု မရှိခဲ့သည်ကို ဝမ်းနည်းစွာ တွေ့လိုက်ရသည်။ ရှေးယခင်က ပါရ၈ူတန်း တွင် Ph. D ဟူသောဘွဲ့ကသာ ထင်ရှားပြီး (အချို့နိုင်ငံများတွင် အဆင့်တူ ဘွဲ့အမျိုးစားရှိပါသည်) ခေတ်သစ် တွင် D. xxx ဟူ၍ Doctor of xxx ဟူ၍ ခေတ်စားလာပါ၏။ မည်သည့်ကဏ္ဍမှ ပါရ၈ူဟူ၍ တိုက်ရိုက် သိစေ လိုသောကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ DBA – Doctor of Business Administration ၊ DBA သည် လည်း ပါရ၈ူဘွဲ့ပင် ဖြစ်သော်လည်း Ph. D မျှလောက် ဂုဏ်ဒြပ်ဝင့်ထည်မှု တင်းပြည့်ကျပ်ပြည့် မရှိချေ၊
.
.
What is Term paper ?
*****************
A long piece of written work that a student does on a subject that is part of a course of study.
စာတမ်း၏ အဓိက အဓိပ္ပာယ်မှာ “လေ့လာမှုတစ်ခုထဲမှ အပိုင်းတစ်ပိုင်း” ဖြစ်ပါသည်။
.
.
What is "Thesis" ?
***************
A long piece of writing completed by a student as part of university degree based by their own research.
ဤကျမ်း၏အဓိပ္ပာယ် အဓိကပိုင်းမှာ တက္ကသိုလ်ဘွဲ့တစ်ခုခုအတွက် သူတို့၏ သုတေသနဆိုင်ရာပေါ် အခြေခံသောအပိုင်း ဖြစ်ပါ၏။
.
.
What is "Dissertation" ?
********************
A long piece of writing on a particular subject, especially one written for a university higher degree for new concept and theories.
ဤကျမ်း၏ အဓိက အဓိပ္ပာယ်ပိုင်းမှာ သတ်မှတ်ထားသော ဘာသာရပ်အပေါ် (အထူးပြုလိုသည့် ဘာသာရပ်)၊ တက္ကသိုလ်မှ အဆင့်မြင့်ဘွဲ့ဒီဂရီအတွက် သဘောတရားရေးရာနှင့် သီအိုရီအသစ်တို့ကို ရှာဖွေ ထုတ်ဖော် ရေးသားခြင်းဖြစ်သည်။
အထက်ပါဖွင့်ဆိုချက်များမှာ ယေဘုယျ သဘောထားမျှသာဖြစ်ပြီး ကွဲပြားသောနိုင်ငံများတွင် တစ်ကျောင်း တစ်ဂါထာ ဖြစ်ပါသည်၊ အချို့က Thesis ကို ကျမ်းဟု မသတ်မှတ်၊ ဘွဲ့လွန်စာတမ်းဟုသာ သတ်မှတ်ကြသည်၊ သို့သော်လည်း မိမိတို့ ကျောင်းသားဘဝကပင် မြန်မာနိုင်ငံ၌ Thesis ကို ကျမ်းဟုသာ သုံးစွဲ ကြပါ၏။ Dissertation ဟူသောအသုံးသည် မိမိတို့ ငယ်စဉ်ကာလတွင် များစွာ ခေတ်မစားလှသေး၊ Ph. D နှင့် အဆင့်တူဘွဲ့များတွင် အသုံးများပြီး၊ ဘွဲ့အတွက် (ပါရ၈ူဘွဲ့အတွက်) တင်သွင်းရသော အသေးစိတ်စာတမ်း (ကျမ်း)ဟု ဆိုကြပါသည်။
မိမိတို့ ကျောင်းသားဘဝက D.S (Doctor of Science) ၊ D.Eng (Doctor of Engineering) ဟူသောဘွဲ့ကို ဆရာများထံတွင် တွေ့ခဲ့ရသည်၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ ခေတ်စားလာသည့်အခါ D.BA (Doctor of Business Administration) ဟူ၍ အချို့တက္ကသိုလ်၊ ကောလိပ်များက ပေးအပ်လာခဲ့ကြသည်၊
အချို့အနေဖြင့် တက္ကသိုလ် (University) ကသာ ဘွဲ့ပေးအပ်၍ရပြီး ကောလိပ် (College) က ဘွဲ့ ပေးအပ်၍မရဟု အသိနည်းပါးစွာ ဝေဖန်ကြသည်များကိုလည်း တွေ့ရပါ၏၊ Website များတွင် ရှာဖွေကြည့်ပါ ဟုသာ အလွယ်ဆုံး အကြံပေးလိုပါသည်၊ တက္ကသိုလ်တိုင်းက ဘွဲ့ပေးနိုင်ကြသည်မှန်သော်လည်း ကောလိပ်တိုင်း ဘွဲ့မပေးနိုင်ဟူသည်က မှန်ကန်မှုမရှိပါ၊ အမေရိကန်စနစ်ကိုလိုက်သော ကောလိပ်များ ဘွဲ့ပေးနိုင်ကြပါသည်၊ ပညာရေးဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ပြည့်စုံသော ကောလိပ်များအနေဖြင့် အစစ်ဆေးခံ၊ အတည်ပြုချက်ယူပြီး ဘွဲ့ပေးနိုင်ကြပါ၏။
စာသင်ကြားချိန်နှင့်ပတ်သက်၍ ဥပမာ MBA ပုံမှန်တန်းကို (၂) နှစ်ဖြင့် သင်ကြားလေ့ရှိကြသည်၊ ဘာသာအရေအတွက်မှာ ကျောင်း၏ဆုံးဖြတ်ချက်ပေါ် မူတည်သည်၊ Intensive Course များတွင်မူကား (၁) နှစ်ဖြင့်ပြီးအောင် သင်ကြသည်၊ ပုံမှန်ကိုပင် အချို့ တစ်နှစ်ခွဲဖြင့် သင်ကြားနေကြသော တက္ကသိုလ်များ မနည်း ကြတော့ချေ၊
.
.
လူတစ်ဦး ဘယ့်နှစ်ဘွဲ့ရနိုင်သနည်း ?
****************************
လိုချင်သလောက်ရနိုင်သောခေတ် ဖြစ်ပါသည်ဟုသာ ဆိုရပါလိမ့်မည်။ ဥပမာ MBA တက်နေသော ကျောင်းသားတစ်ဦးသည် တစ်နေ့လုံး တက်နေရသည်မဟုတ်၊ တစ်ပတ်လုံးလည်းမဟုတ်၊ (အဓိကအားဖြင့် Course တစ်ခုလုံး သင်ကြားချိန်ကို နာရီအရေအတွက်ဖြင့်သာ သတ်မှတ်ထားပြီး ယေဘုယျအားဖြင့် နာရီ ပေါင်း ၅ဝဝ-၇ဝဝ ခန့်ရှိပါသည်)။ ထိုကြောင့် လိုက်ပါနိုင်လျှင် ဘွဲ့ (၂) ခု၊ (၃) ခုကို တစ်ပြိုင်တည်း ရယူနိုင်နေ သောခေတ်ဖြစ်ပါ၏။ မခံချင်စိတ်ဖြင့် ကြိုးစားသော မိမိထံမှ ကျောင်းသားတစ်ဦးသည် (၂) နှစ်ပိုပို ဟူသော ကာလအတွင်း Master (၂) ဘွဲ့နှင့် Diploma (၂) ခုကို အခြားကျောင်းများတွင်တက်၍ ပြီးအောင် ရယူ သွားသည်ကို တွေ့ရသည်၊ အတော်များများက (၂) ဘွဲ့လောက်ကို (၂) နှစ်ဟူသော အချိန်အတွင်း ရယူသွားနိုင် ကြသည်ကို တွေ့ရသည်။ ထိုကြောင့် အလုပ်မလုပ်ဘဲ ပညာရေးသက်သက်ကိုသာ ဆောင်ရွက်မည်ဆိုပါက (၁ဝ) နှစ်အတွင်း ဘွဲ့ပေါင်းများစွာကို ရယူနိုင်ခွင့်ရှိသောခေတ် ဖြစ်လာနေပါသည်ဟုသာ ဆိုရပါလိမ့်မည်။
Master အဆင့်တွင် ပထမဘွဲ့အတွက် ဘာသာများကို ပထမ (၂) နှစ်တွင် သင်ကြားရပါသော် လည်း ထပ်မံရယူလိုသော အထူးပြုဘာသာရပ်အတွက် နောက်ထပ် Master ကို ထိုမျှလောက် သင်ကြားရန် မလိုတော့ပါချေ၊ Credit Transfer ဖြင့် မိမိအထူးပြုလိုသည့် ဘာသာရပ်နှင့်ဆိုင်ရာ လေး၊ ငါး၊ ခြောက် ဘာသာရပ်ကိုသာ သင်ကြားရန် လိုပါတော့သည်၊
.
.
ပါရ၈ူဘွဲ့အတွက် လိုအပ်ချက်
************************
ပါရဂူဘွဲ့ကို ပညာရေးတွင် အမြင့်ဆုံးဘွဲ့ဟု သတ်မှတ်ထားကြပါသည်၊ ရိုးရိုးအဆင့်မီ ကျမ်းဖြစ်ရေး၍ ပါရ၈ူရယူသွားကြသူများ အရေအတွက်က ပို၍များသည်ဟု လေ့လာမှုများက ဆိုထားပါ၏။ အမှန်တကယ်က သီအိုရီအသစ်၊ အယူအဆသစ်များကို ထုတ်ဖော်ပေးရမည့်အဆင့် ဖြစ်ပါသည်၊ အခြေခံလိုအပ်ချက်မှာ မဟာဘွဲ့ (Master degree) ရရှိပြီးသူ ဖြစ်ရပါမည်။ မိမိတို့ငယ်စဉ်က အမှတ်ကောင်းမှ၊ ရွေးချယ်ခံရမှ တက်ရောက်ခွင့် ရှိကြသော်လည်း၊ ယခုခေတ်တွင် ဝင်ခွင့်စာမေးပွဲ ဖြေဆို၍အောင်မြင်ပါက တက်ရောက်ခွင့် ရှိလာခဲ့ပါသည်၊ ထိပ်တန်းကျောင်းကြီးများတွင် ဝင်ခွင့်ဖြင့် သတ်မှတ်ထား၍ ကျန်သောကျောင်းများတွင် ဝင်ခွင့်ပင် သတ်မှတ် ထားသည်ကို မတွေ့ရပါ။ သို့သော်လည်း ကျမ်းအဆင့်မမီလျှင်တော့ ဘွဲ့မရနိုင်ပါချေ။
ကျမ်းပြုစုရာတွင် ပါရ၈ူအတွက် ယေဘုယျအားဖြင့် (၃) နှစ် အချိန်ပေးထားပါသည်၊ လိုအပ်ပါလျှင် ထပ်မံတိုးယူခွင့် ရှိပါသည်။ အချိန်ပိုင်း ကျမ်းပြုစုသူများအတွက်မူ (၅-၈) နှစ်အထိ ရလေ့ရှိကြပါ၏။ Term paper အဆင့်တွင် ခေါင်းစဉ်အတည်ပြုချက်ရပြီး သတ်မှတ်ထားသော စာလုံးအရေအတွက် ပြည့်မီလျှင် စာတမ်းတင်၍ ရပါသည်၊ Thesis အဆင့်တွင် ကြီးကြပ်သူ Supervisor လိုအပ်လာပါသည်၊ ကြီးကြပ်သူနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါသည်။ သတ်မှတ်ချိန်အတွင်း ကျမ်းတင်ပြီး လူတွေ့ ခုခံချေပမှု ပြုရ ပါ၏၊ Oral defend ဟု အသိများသည်။ ဘုတ်အဖွဲ့က မိမိတို့ရေးသောကျမ်းကို လေ့လာပြီး မေးခွန်းများ မေး၍ ကျမ်းတင်သူက ဖြေကြားရပါ၏။ ကျေနပ်မှုရှိလျှင် ပြီးပါသည်၊ ကျေနပ်မှုမရှိပါက သူတို့၏ အကြုံပြုချက်များကို မှတ်သားကာ ကျမ်းကိုပြန်၍ ဖြည့်စွက်ပြုပြင်ပြီး နောက်တစ်ကြိမ် ထိုင်ရပါသည်၊ များသောအားဖြင့် (၃) ကြိမ် အများဆုံးခန့်မျှသာ ဖြစ်ပါသည်၊ အဆင့်မမီလျှင် နောက်ထပ် ကာလတစ်ခုတိုး၍ ပြန်ရေးစေပါ၏။
စက်မှုတက္ကသိုလ်ကျောင်းသားဘဝက မိမိရေးမည့် အထူးပြုဘာသာရပ်နှင့် ဆိုင်ရာအကြီးအကဲကို ဘုတ်အဖွဲ့တွင် ပါဝင်စေပါသည်။ "Client" ဟု သုံးပါသည်၊ Supervisor, Client အပါအဝင် ဆရာကြီးများ ပါသော ဘုတ်အဖွဲ့က လူတွေ့ စစ်မေးကြပါသည်။ ချွေးပြန်ရသောအချိန်ဖြစ်၍ "Oral" အချိန်သည် ကျမ်းရေး တစ်လျှောက်လုံး အခက်အခဲအရှိဆုံးအချိန်ကို ဖြတ်သန်းကြရသည်ဟု ဆိုစမှတ်ပြုကြပါသည်။
ခေတ်သစ်တွင်မူ "Client" နေရာ၌ "Director of Studies" ဟူ၍ ဖြစ်လာပါ၏။ Supervisor က ကျမ်းတစ်ခုလုံးနှင့်ဆိုင်ရာတွင် အနီးကပ်တာဝန်ရှိသော ကြီးကြပ်သူဖြစ်လာပြီး၊ Director of Studies က သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်နှင့်ပတ်သက်၍ အချက်အလက်၊ အခြေအနေ၊ နည်းပညာများကို ပံ့ပိုးပေးရသူ ဖြစ်ပါသည်၊ လူတွေ့စစ်ဆေးသည့် ဘုတ်အဖွဲ့တွင် ဆရာကြီးများ၊ Supervisor ၊ Director of studies တို့ ပါဝင်ကြပါသည်၊ မိမိ သတိပြုမိသည့်အချက်မှာ ယနေ့ ပါရ၈ူတန်း၌ ဖြတ်သန်းရသောပုံစံမျိုးကို မိမိတို့ခေတ်က သာမန်ဘွဲ့မှာပင် ဖြတ်သန်းခဲ့ရခြင်း ဖြစ်ပါ၏။
ဌာနအချို့၏ အကူအညီတောင်းခံမှု ဖြင့်ပါရဂူသင်တန်းအချို့၏ လူတွေ့စစ်ဆေးခြင်း၌ ပါဝင်ခွင့်ရ ခဲ့ပါ သည်။ Director of studies ကို မတွေ့ရပါ။ အလားတူဖြစ်သော "Client" ကိုလည်း မတွေ့ ရပါ၊ အချို့ကျမ်းများသည် အတော်ပင် ဝမ်းနည်းဖွယ်ရာကောင်းစွာ ပြီးသလို ရေးထားကြသည်များကိုလည်း သတိပြုမိ သည်၊ ပို၍ဆိုးသည်မှာ ကျမ်းကို အခကြေးငွေပေး၍ ကျမ်းရေးစားသူများထံ အပ်နှံကြကြောင်း လည်း တွေ့ရပါသည်၊ လူတွေ့စစ်မေးရာတွင် များစွာ သိသာလှပေသည်။ ယူမည့်ဘွဲ့က ပါရ၈ူဘွဲ့ဖြစ်၍ များစွာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါသည်။ ထက်မြက်မှုခြင်း ပြိုင်ဆိုင်ရသော ခေတ်တွင် ပါရ၈ူဘွဲ့အဆင့်၌ စက်ထုတ်ပါရ၈ူဘွဲ့များ ဖြစ်နေမည်ဆိုပါက … လက်တွေ့တွင် ကောင်းစွာ အသုံးပြု ထောက်ပံ့ နိုင်မည့်ပါရ၈ူများ ဖြစ်လာမည်မဟုတ်ပါ။
ပါရဂူဘွဲ့ဟူသည် ပညာရေးလောကတွင် အမြင့်ဆုံးသောဘွဲ့ဖြစ်သည်ဟု အားလုံးက သတ်မှတ်ထားကြ သဖြင့် သူ၏အထူးပြုဆိုင်ရာ ဘာသာရပ်တွင် ဆရာတစ်ဆူ ဖြစ်ရပါလိမ့်မည်။ မြန်မာ့ပညာရေးလောက နိမ့်ပါးရ ခြင်းမှာ ဘွဲ့အဆင့်များ (Bachelor, Master, Doctoral) တိုင်းတွင် စံချိန်မီမှု များစွာလျော့နည်းနေခြင်း ဖြစ်သည်။ Term paper, Thesis, Dissertation ကိုပင် ခွဲခြားသိမြင်မှုမရှိဘဲ ပါဝင်ရမည့်အင်္ဂါရပ်များကိုလည်း အချို့ နားရည်ပင်မဝ ကြသေးသည်ကို တွေ့ရခဲ့ပါ၏။
.
.
Frame Work
************
ကျမ်းတစ်ခုသည် ပုံစံတစ်ခုထဲ၌ ရှိနေရပါမည်။
Declaration
Acknowledgement
Table of Contents
Executive Summary
Introduction
Literature Review
Research Methodology (Case Study)
Analysis and Findings
Conclusion
References
Bibliography
ဟူ၍ အနည်းဆုံး ပါဝင်ရပါလိမ့်မည်။
မြန်မာနိုင်ငံကျမ်းများတွင် Declaration ထည့်ရန်မလိုဟု သိလိုက်ရပါ၏။ ကျမ်းတစ်ကျမ်းသည် ကိုယ်တိုင်ရေးကျမ်း ဖြစ်ရပါလိမ့်မည်။ ကိုးကားမှုအချို့မှလွဲ၍ (ကိုးကားလျှင်လည်း မူရင်းကို ဖော်ပြရပါသည်) ကျန်အားလုံး ကိုယ်တိုင်ရေးဖြစ်ကြောင်း၊ အပိုင်းတစ်ပိုင်းမျှကိုပင် ကူးယူခြင်းမပြုပါကြောင်း ကြေညာခြင်း ဖြစ်ပါ၏။ ဤသို့ ကြေညာခြင်းမပြုခိုင်းမှုမှာ ဆန့်ကျင်ဘက်မှတွေးလျှင် ကူးယူခွင့်ပေးထားသလားဟု မေးရန် ဖြစ်လာပါသည်။ ဤအချက် အရေးကြီးစွာ ပြင်ဆင်သင့်ပါသည်။

(ဆက်ရန်)
နေဇင်လတ် ၁၆-၁-၂ဝ၁၆ (၁၆၆၁)

Sunday, January 10, 2016

ဗြိစ္ဆာရာသီမှာ တနင်္လာ(နိစ်) သောကြာ (ပြ)ပူးယှဉ်ခြင်း



ဤတနလာင်္+သောံကြာ+အပူးယှဉ်နေတဲ့post ကိုကြိုက်တဲ့သူ
တွေက ၁၀၀ ကျောရှိနေသလိုshare လုပ်သူတွေလဲမနည်းပါဘူး
အဲဒီပုဂ်ဂိုလ် တွေဆီက(၁) ဘာဖြစ်နိုင်လဲဆိုတာကိုသိချင်ပါတယ်
(၂)အကောင်းလားအဆိုးလားဆိုတာကိုခန့် မှန်းပေးပါလာဆရာ
စသဖြင့်သိချင်တာလေးတွေကိုမေးမြန်းထားသူတွေကလည်းရှိနေ
ကြါပါတယ်ဒါကြောင့်အများသိဘို့ ဒီpost ကိုပြန်တင်ပေးလိုက်ရ
တာပါဘဲ၊
ကောင်းကင်မှာဂြိုဟ်တွေအပူးအယှဉ်အမြင်အယှဉ်တွေကAstronomy
ရဲ့ သဘာဝဖြစ်စဉ်တွေဘဲဖြစ်ပါတယ်-ဒါကြောင့်ဒီကောင်းကင်ကဖြစ်စဉ်
တွေချ ည်းသက်သက်အပေါ်ဘာဟောကိန်းကိုမှထုတ်လို့ မရပါဘူး၊
ကောင်းကင်ကဖြစ်စဉ်တစ်ခုကို မူလဇာတာစ်ခုခုအပေါ်ကို ခြိန်ထိုးပြီးမှ
အဖြေတစ်ခုကိုရတတ်တာမျိုးပါ၊ ဥပမာ နိုင်ငံရေးဟောကိန်းထုတ်မယ်
ဆိုရင်တိုင်းပြည်ဇာတာ နဲ့ မင်းရဲ့ ဇာတာပေါ်ခြိန်ထိုးရပါတယ် လူသား
တွေအတွက်ဟောကိန်းထုတ်ခြင်ရင်လည်းထိုသူရဲ့ မူလဇာတာအပေါ်မှာ
ခြိန်ထိုးရပါတယ်၊
ဒီအပူးအယှဉ်ကို ဘယ်လို ဆိုထားပါသလဲတိုရင်( ကင်းမဲစံအိမ်နဂါးမင်း
ခွေချိန်စန်းသောံကြ နိစ်ပြမိနေမှာဖြင့်ကိန်းလေးဂွလဂ်+စန်းရှင်တို့ ပျက်
ကိန်းကြုံ လတ္တံ ) လို့ ဆိုထားပါတယ်၊
ဆိုလိုတာက Scorpion ကင်းမလက်မဲ ပိုင်ဗြိစ္ဆာရာသီမှာစနေစီးထား
ချိန်မှာနိစ် တနလာင်္ နဲ့ ပြသောံကြတို့ ယှဉ်လို့ နိစ်ပြမိနေချိန်မှာတော့
ဗြိစ္ဆာရာသီရဲ့ ကိန်းလေဌာနမှလဂ်သို့ မဟုတ်စန်းတည်နေသူဇာတာ
ပိုင်ရှင်တွေမှာ လူမှု့ ရေး+ စီးပွားရေး+ကျ မ္မာရေး+အလုပ်အကိုင်တစ်ခု
ခုမှာဆိုးကကျိုးတွေသက်ရောက်နိုင်တယ်လို့ ဆိုထားတာဘဲဖြစ်ပါ
တယ်။ဒီတော့ အတိကျ ရှင်းရသော်(၁) ကုံလဂ်နှင့်ပြိသာ စန်းပိုရှင်များ
အပြန်အလှန်အားဖြင့်ပြိသာလဂ်နှင့်ကုံစန်းပိုင်ရှင်များ(၂)ပြိသာလဂ်နှင့်
ဗြိစ္ဆာစန်းပိုင်ရှင်များ အပြန်အလှန်အားဖြင့်ဗြိစ္ဆာလဂ်နှင့်ပြိသာစန်းပိုင်
ရှင်များ(၃)ကုံလဂ်နှင့်သိဟ်စန်းပိုင်ရှင်များအပြန်အလှန်အားဖြင့်
သိဟ်လဂ်နှင့်ကုံစန်းပိုင်ရှင်များ(၄) ကုံလဂ်နှင့်ဗြိစ္ဆာစန်းပိုင်ရှင်များအ
သီးသီးတို့ အတွက်အထက်ပါအပူးအယှဉ်တို့ ကမိမိတို့ ဘက်ကမဆင်
ခြင်မိပါကအထက်ဖေါ်ပြပါအတိုင်းလူမှု့ ရေး။စီးပွားရေး၊အလုပ်အကိုင်
ကျမ္မာရေးတွေထဲကတစ်ခုခုမှာတော့ပြသာနာရှိလာနိုင်တာမို့ အထူး
ဆင်ခြင်ရပါမည်-အထူးသဖြင့်အထက်ပါလဂ်စန်းအတွဲပိုင်ရှင်တို့ ရဲ့ 
လဂ်သို့ မဟုတ် စန်းရဲ့ ကိန်းတွေမှာ မူလကတည်း အင်္ဂါ-သို့ မဟုတ်
စနေ-ရာဟု ပါပတွေရပ်တည်နေသူများအတွက်ကပိုဆိုးလာနေတတ်
သလိုထိုလဂ်+စန်းပိုင်ရှင်တို့ င်္ကအထူးဆင်ဆင်ခြင်ခြင်နေတတ်ဘို့ လို
ပါတယ်- အထက်ပါ လဂ် + စန်းအတွဲ ပိုင်ရှင်တွေအတွက်က အထူး
သဖြင့် ၂၀၁၆ ဖေဖါဝရီ လ ၂၀ ရက်မှ စက်တင်ဘာလ ၂၀ အတွင်း
ဆန္ဒစောလွန်းနေမိခြင်း၊ဒေါသဖြစ်စရာ-စိတ်တိုစရာများ-ခိုက်ရန်ပွား
ရခြင်း အရောင်းမှားအ၀ယ်မှားဖြစ်ရခြင်းအိမ်တွင်းရေးပူညံပူညံဖြစ်ရ
ခြင်းအစိုးရ၀န်ထမ်းဆိုပါက နုတ်ထွက်လိုမှု့ သို မဟုတ်အထက်အောက်
သဟဇာတမဖြစ်ရခြင်းရာထူးဂုဏ်ဒြတို့ အတွက်အားနည်သွားရခြင်း
မိမိနေရာသူတပါးရသွားရခြင်း ရာထူးတက်သည့်တိုင်းစိတ်တိုင်းမကျ
ဖြစ်နေရခြင်း၊ ပါပ ကိန်းခံနေသာလဂ်စန်းအတွဲတို့ မှာတော့ မင်းဖြစ်က
နန်းကျခြင်းသို့ မဟုတ်တိုင်းရေးပြည်ရေးမတည်ငြိမ်ဖြစ်ရခြင်း။မတော်
တဆထိရှထိခိုက်စေနိုင်ခြင်း၊ကျမ္မာရေးဖြစ်ကခွဲစိပ်ခံရခြင်း။အနာတခြား
ဆေးတခြားဖြစ်လို့ နာတာရှည်နေရခြင်း၊ရုံပြင်ကန္နားရောက်ရခြင်း။
စီးပွားရေးထင်တိုင်မပေါက်ရခြင်း- အိမ်ထောင်ရေးမှာသေကွဲရှင်ကွဲ
ဖြစ်ရခြင်းသို့ မဟုတ်ဆွေမျိုးညာတိတို့ မှနာရေးကိစ္စများကြုံလာရ
တာမျိုးများစသည့်မကောင်းကျိုးများကအထက်ပါ လဂ်+စန်းအတွဲ
ပိုင်ရှင်များသို့ ဆိုးကျိုးပေးလာမှာဖြစ်ပါတယ်။။
သို့ ဖြစ်၍သုတေသီများက ထိုလဂ်+စန်းပိုင်ရှင်အတွဲ များ၏အခြေ
အနေကိုအနီးကပ်လေ့လာလို့ သုတေသနာပြုကြည့်နိုင်ပါသည်မိမိက
ထိုလဂ်+စန်းအတွဲထဲပါနေခဲ့ရင် မိမိတို့ ၏စိတ်ပိုင်ဆိုင်ရာmood များ
က ဖေဖါဝရီ လ ၂၀ ရက် နောက်ပိုင်းကစပြီးဘယ်လိုပြောင်းလဲသွား
လဲနေတယ်ဆိုတာကိုလည်ကိုယ်တိုင်းဆန်းစစ်နိုင်ပါတယ်။
သို့ ဖြစ်၍နိုင်ငံတော်ဇာတာကဗြိစ္ဆာလဂ် ဆယ်တန့် အင်္ဂါဖြစ်နေသလို
သောံကြာက ၇ တန့် သခင်ဖြစ်ပြီး စန်းက ၉ တန့် သ္ခင်ဖြစ်နေတာမို့ 
အစိုးရအသစ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အထက်
ပါ ဖေဖါဝရီ မှ စက်တင်ဘာ လအတွင်းအခက်ခဲများစွာရှိလာနိုင်ပါ
တယ်အထူးသတိထားဘို့ တော့လိုလိမ့်မည်၊လို့ မှတ်ချက်ပေးထားရ
မှာဖြစ်ပါတယ်၊
လူသားတိုင်ဧချမ်းလို့ အောင်မြင်စွာကျော်လွှားနိုင်ပါစေသော်။။

Tuesday, January 5, 2016

အကျင့်ပျက်ခြ စားမှုအစ ရပ်ကွက်အုပ်ချုပ်ရေးမှုးက

ရပ်ကွက် အုပ်ချုပ်ရေးမှု ပြသနာ
+++++++++++++++++++++++++++
အမေရိကန် မှာ ရပ်ကွက် အုပ်ချုပ်ရေးမှုးရှိသလား
အဖြေကတော့ မရှိပါ။ အမေရိကန် မှာ တော့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှုး ဆိုတာ ကြားကို မကြားမိဘူး။ ရှိလဲ မ၇ှိဘူးပေါ့။ သူကို အစိုးရ က တိုက်ရိုက်ခန့် တာ တို့  ၊ ရွေးကောက်ပွဲ နဲ့  လုပ်ရမှာတို့ ဆိုတာလဲ မ၇ှိပါဘူး။ အမေရိကန်မှာ တော့ အုပ်ချုပ်ရေးနစ်ကို ကြည့်ရင်
နိင်ငံတော်၊ မြို ၊ ခရိုင် ( ကောင်တီ )၊ အဆင့်တွေရှိတယ်။
ရပ်ကွက် အဆင့်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဆို ပြီး တော့မရှိကြဘူး။ ရပ်ကွက် အဆင့်ကို စာတိုက် နံပတ် ( Zip code ) နဲ့ ပဲ သတ်မှတ်လိုက်ပါတယ်။
ရပ်ကွက် လုပ်အားပေးတို့  ဘာတို့ လဲ မခေါ် ကြပါဘူး။ စွမ်းအင်းရှင် ဘယ်နစ် ယောက်စုပေးပါဆိုတာလဲ မရှိဘူး။
မြို့ နယ်အဆင့်တွေမှာတော့ မြို့ နယ်အုပ်ချုပ်ရေးမှုးတွေရှိကြတယ်။ မြို့ နယ်လိုက် ရဲ စခန်းတွေရှိတယ်။ ရပ်ကွက် အဆင့်မှာ တခုခုဖြစ်ရင် ရဲ က ရောက်လာ ပြီး ဖြေရှင်းပေးတာ အရေးယူတာလုပ်ပါတယ်။ မှန်မှန်ကန် ကန် ဆောင်ရွက် ပေးတယ်။ အားကိုးရတယ်။ မြန်မာ ရဲလို တော့မဟုတ်ဘူးပေါ့။
ရပ်ကွက် ကျေး ရွာ အလိုက် အုပ်ချုပ်ရေးမှုးစနစ် ကိုထားခြင်းဟာ အစိုးရရဲ့ ဒလျိုလ်ဒလံ ဖြစ်သွားမယ်။ ဒေါက်တိုင် တွေဖြစ်သွားစေနိင်တယ်။ ပြည်သူလူထု အတွင်း မှာ စိတ်ဝမ်း ကွဲမှုဖြစ်သွားစေနိင်တယ်။ ရပ်ကွက် ကျေးရွာ ဆိုတာက လူအဖွဲ့  စည်းကြီးရဲ့တကယ့်အခြေခံ ဆဲလ် တခု ဖြစ်တယ်။ ဒီထဲမှာ အုပ်ချုပ်ရေးမှုးတွေ ခန့် မယ်။ ရွေးကောက်မယ် ဆိုတာနဲ့  ပြည်သူထဲမှာ ပြသနာ ဖြစ်ဖို့ သာများလာမယ်။ ကောင်းဖို့ က သိပ်မရှိလှပါဘူး။
ဥပမာ အမေရိကန် ကောင်တီ တခု မှာ လင်မယား ပြသနာ တက်ရင် ရဲ ရောက်လာမယ်။ အရေးယူမယ်။ လူနစ်ယောက်ရန်ဖြစ်မယ် ၊ ဆေးခြောက်ရောင်းမယ်။ အရက်ပုန်း ရောင်းမယ်။ မကောင်းမှု့ ကျူးးလွန်မယ်၊ ကလေးကို အဖေက ဖြစ်ဖြစ်အမေက ဖြစ်ဖြစ်ရိုက်နေမယ်။ ကိုယ်မွေးထားတဲ့ခွေး ကို ကြောင်ကို အစာမကျွေးပဲ ထားမယ်။ ဒီလိုဖြစ်နေတာကို တယောက်ယောက်က တွေ့ ရင် ၉ ၁၁ ကို ဖုံးခေါ်ြ့ပီး ပြောလိုက်ရုံပါပဲ။ ရဲ ချက်ခြင်းရောက်လာမယ်။ ရဲ က အရေးယူမယ် ဘယ်က အုပ်ချုပ်ရေးမှုး က မှ ပတ်သက်စရာ မလိုပါဘူး။ ရဲ ဆိုတာ ကာကွယ်ရေး၊ အုပ်ချုပ်ရေးတွေအတွက် နိင်ငံတော်က ငွေ ကုန် ပြီးသင်ထားပေးထားရတဲ့သူတွေမဟုတ်လား။ ပရော်ဖက်ရှင်နယ်တွေမဟုတ်လား။
ရဲ က လမ်းတိုင်းလမ်းတိုင်းကို နေရော ညပါ ပုံမှန် စစ်နေပါတယ်။ မြို့ နယ်အဆင့်က
ုအုပ်ချုပ်ရေးဝန် ထမ်း တွေကလဲ အဆက်မပြတ် အလုပ်လုပ်နေကြပါတယ်။
ဥပမာ ခင်ဗျား အိမ် ခြံ ၀င်း အတွင်းမှာ မြက်တွေမ၇ိပ်ပဲ ထားမယ်။ အမှိုက်တွေ မရှင်းပဲ ထားတယ်။ ငါအိမ် ငါလုပ်ခြင်သလိုလုပ်မယ် လို့ မရပါဘူး။ မြိုနယ် က ချက်ခြင်း စာ လာ ပို့ သွားပါတယ်။ ခင်ဗျား အိမ် မှာ မြက်ရိတ်ဖို့  သတိပေးစာလာပို့ သွားတာပါ။ သတ်မှတ်ရက်အတွင်းမရိတ်ဘူးဆိုရင် ခင်ဗျားကိုတရားရုံးက ဆင့်ခေါ် စာရောက်လာမယ်။ ဒဏ်ငွေရိုက်မယ်။
သိပ်ဆိုးဆိုးဝါးဝါးဖြစ်လာရင် ရဲ ရောက်လာ ပြီးခင်ဗျား အိမ်ကို ချိတ်ပိတ်တဲ့အထိအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှုးဆိုတာ အစိုးရကပဲတိုက်ရိုက်ခန့် ခန့်  ၊ ရွေးကောက်ပွဲနဲ့ ပဲခန့် ခန့်  ဘယ်လို မှာ ပရောဖက်ရှင်နယ် ဖြစ် စရာ အကြောင်းမရှိဘူး။ လက်ရှိမြန်မာ နိင်ငံဥပဒေ အရ ဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ဆိုတာနဲ့ လူရိုသေရှင် ရို သေ ပုဂိုလ် ဆိုပြီး စံချိန်သတ်မှတ်လေ့ရှိတယ်။
မေးစရာမေးခွန်းက လူရိုသေ ရှင်ရိုသေဆိုတာဘယ်လိုလူလဲ ။
၁။ တိုက်ပုံအင်္ကျီ နေတိုင်း ၀တ် တတ်တဲ့လူလား
၂။ ဓမ္မ ရုံက မပြန် တန်း လူမှု ရေးလုပ်လေ့ရှိတဲသူကိုပြောတာလား
၃။ သာရေးနာရေးတွေမှာ ရှေ့ တန်းက လုပ်နေတဲ့သူလား
၎။ ဘုန်း ကြီးတွေနဲ့ အဆင် ပြေတဲ့သူလား
၅။ ဘွဲ့ လေး ဘာ လေးရထားတဲ့သူလား ဘယ်သူကိုပြောတာလဲ
ကျနော်အမြင်အရ ပြောရရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဆိုတာ အစိုးရကပဲခန့် ခန့်  ၊ ရွေးကောက်ပွဲ နဲ့ပဲခန် ခန့်  ပြသနာ ကောင် ပဲ လို့ မြင်ပါတယ်။ အကျိုးထက် အပြစ် ပို များနိင်တယ်။
ဘာဖြစ်လို့ လဲဆိုတော့ ပြည်သူလူထု နေစဉ် လိုအပ်နေတာ ပရောဖက်ရှင်နယ် အုပ်ချုပ်ရေးမှုးဖြစ်ပါတယ်။ နိင်ငံရေးအရ ခန့် လာတဲ့ အုပ်ချုပ်ရေးမှုးမဟုတ်လို့ ပါပဲ။
ဥပမာ ရပ်ကွက်ထဲမှာ ယောက်ကျား က မိန်း မကို ပါးရိုက် ပြီ ဆိုပါစို့  ။ ဒီယောက်ကျားကို ဖမ်းကိုဖမ်းရမှာဖြစ်ပါတယ်။ ပရောဖက်ရှင်နယ် တာဝန် ပေးထားတဲ့ရဲ က ဖမ်းကိုဖမ်းရမှာပါ။
တကယ်လို့  ရပ်ကွက် အုပ်ချုပ်ရေးမှုး ဆိုပါစို ၊ သူ က နောက်တကြိမ် ရွေးကောက်ပွဲ မှာနိင်ခြင်တဲ့အတွက် ခုန က မိန်းမ ကို ပါးရိုက်ထား ယောက်ကျားကို ဘယ်ဖမ်းတော့မလဲ ဗျာ။
မကြာချင် ယောင်ဆောင်နေချင်နေမှာပေါ့။ '' ကိုင ပေ ရယ် နွားနဲ့ မယား မသနားနဲ့  ဗျ'' လို့ တောင် လုပ်ချင်လုပ်ဦးမှာပါ။
ဥပမာ ရပ်ကွက်ထဲက အိမ် တအိမ်က ယား မား မူးယစ် ဆေးရောင်းနေတယ်ဆိုပါစို့  သူက ရပ်ကွက် အုပ်ချုပ်ရေးမှုး ကို လာဘ်ထိုး မှာပဲ။ ရပ်ကွက် အုပ်ချုပ်ေ၇းမှုး ဆိုတဲ့ သူက NLD ကပဲခန့် ခန် ၊ ဗကသ ကပဲခန့် ခန် ၊ ၈၈ အဖွဲ့ ကပဲခန့် ခန် ယူမှာပဲ။ တကြိမ် ဟုတ် တကြိမ် မှာယူလာမှာပဲ။ ရပ်ကွက် အုပ်ချုပ်ရေးမှုး
ဘာသာထုလို့ တုံး။ ဘာနဲ့ပဲရွေးရွေး ယူမှာပဲ။
ဒါဆိုရင် ရဲ က ရော မယူဘူးလား။ ဟုတ်ကဲ။ ရဲ တွေလာဘ်စားတာ အထူးရှင်း ပြစရာမလိုတော့ပါဘူး။ သူတို့ လဲ ယူမှာပဲ ။ ဒါပေမဲ့ ရဲယူရင် အစိုးရ ကောင်းတယ်ဆိုရင် လာဘ်စားတဲ့ရဲကို
အရေးယူလို ရလာပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှုး လဘ်စားလာရင်ပို ပြီး ဖြုတ်ရခက်မယ်။ နိင်ငံရေး အရှုပ်အထွေးတွေအများကြီးဖြစ်လာနိင်ပါတယ်။ ဒါကြောင့် ၇ပ်ကွက် အုပ်ချုပ်ရေးမှုးစနစ် ဟာ မရှိသင့်တော့ဘူး။
ရပ်ကွက်တိုင်းကိုရဲ က နိင်နင်းအောင်အုပ်ချုပ်ရမယ်။
ရဲကို ပြည်ထဲရေး ၀န်ကြီးအောက်မှာရှိရမယ်။ ပြည်ထဲရေးဝန် ကြီးဟာ ဒီမိုကရေစီနည်းကျရွေးကောက်ထားသူ ဖြစ် ရမယ်။
ရက်ကွက်ထဲမှာ ဘာဖြစ်နေသလဲ
ဒီနေ့  မြန်မာ ပြည်က ရပ် ကွက်တွေ နေစဉ် ဖြစ်နေတဲ့အမှု တွေကို ကြည့်ရင်
၁ ။ ဧည့်စရင်းတိုင်ရတဲ့အမှု
၂။ လင်မယား ရန်ဖြစ်မှု
၃ ။ရိုက်မှု
၎။ ညဖက် ရဲခိုင်းတာတွေလုပ်ရတယ်။ ယဉ်တွေကို စစ်ဆေး တာ ၊ လိုင်စင်မဲစစ်တာ
သူပုန် တွေကို ၀င်လာသာလး စစ်တာ စတဲ့ အမှု တွေခြည်းဖြစ်ပါတယ်။
ဒါတွေကို ရက်ကွက်အုပ်ချုပ်ရေးမှုးဆိုတဲသူတွေ လုပ်ရတဲ့ အမှုတွေပါ။
ရပ်ကွက် အုပ်ချုပ်ရေးမှု တချို့  ဘာတွေလုပ်နေသလဲ
သူတို့  ဘာလုပ်နေသလဲ ပြန်ကြည့်ရင် ၊ တိုင်းခရိုင် မြို့ နယ်က ညွန် ကြားချက်အရ
စွမ်းအားရှင်တွေ စုစည်းပေးခဲ့ရတယ်။ တချို့ဒေသတွေမှာ စည်ပင်နဲ့ပေါင်း ပြီး မြေကွက်လွတ်တွေကို ရောင်းစားခဲ့တယ်။ နစ် လုံးသုံးလုံးဒိုင် တွေ၊ ယာ မားရောင်းချသူတွေ၊အရက်ပုန်းရောင်းချသူတွေဆီက မိုက်ကြေးခွဲယူခဲ့တယ်။ အမှန် တကယ် ပြည်သူတွေလိုအပ်နေတဲ့ ဥပဒေ စိုးမိုးရေးကို လစ်လျူရှု့ ခဲ့ကြတယ်။ တကယ်တန်း ပြသနာဖြစ်လာရင် လဲ အမှုအခင်းတွေကြီးလာရင် ဖြေရှင်းပေးနိင်တဲ့သူတွေမဟုတ်ပါဘူး။ ရဲ ခေါ်ရတာပါပဲ။
ဦးသိန်းစိန်လက်ထက်မှာ ရပ်ကွက်အုပ်ရေးမှုးတဦး ကို ကျပ်ငွေ ၅ သောင်း ခန့်  တလကိုပေးရတဲ့အတွက် ပြည်သူဘဏ် တွေ အလဟသ ပြုံးတီးသလိုပဲဖြစ်လာပါတယ်။
နောက်ဆုံး ရွေးကောက်ပွဲ နီးလာတုံးက ဦးသိန်းစိန် တို့ အစိုးရအဖွဲ့ က ရပ်ကွပ် အုပ်ချုပ်ရေး မှုးတဦးကို သိန်း ၁၄၀ တန် ကားပါမစ်ကို သိန်း ၂၀ နဲ့ဝယ်ယူခွင့်ရခဲ့တယ်။ ကပ်ဖုံးတွေ ကိုရောင်းစားခွင့်ရကြတယ်။ ဒါတွေကို ပြန်ကြည့်ရင် ရပ်ကွက် အုပ်ချုပ်ရေးမှုးစနစ် ( ခေါ် )ထွေအုပ်စနစ် ဟာ မြန်မာ့ လူအဖွဲ့ စည်း အတွက် ကောင်းကျိုး မပေး တဲ့ စနစ် မျှသာတည်း။
ဒီအမှုတွေဟာ မြို နယ် အုပ်ချုပ်ရေးဌာန ၊ တရားရုံး၊ ရဲ စခန်းက လုပ်ရမဲ့ အလုပ်တွေခြ ည်းဖြစ်ပါတယ်။ဟိုးတုန်းက မဆလ ခေတ်မှ ဒီနစ် နဲ့ မဆလ စနစ်ဆိုးကို ထိမ်းသိမ်းထားတယ်။ ကျားကန်ပေးထားခဲ့ပါတယ်။ မဆလ အတွက် အလုပ်ဖြစ်ခဲ့တယ်။ လူထုအတွက် အလုပ်မဖြစ်ခဲ့ဘူး။
ဒီစနစ် ဆိုးကို ဦးသန်းရွှေ ၊ ဦးသိန်းစိန် ကဆက်လုပ်ခဲ့တယ်။ သတို့ အတွက် အကျိုးရှိခဲ့တယ်။
လူထု အတွက် အလုပ်မဖြစ်ခဲ့ဘူး။ အခု မကြာခင် NLD အစိုးရဖွဲ့တော့်မယ် ။ NLD ဘာလုပ်မလဲ။
မြန်မာ ပြည် အစိုးရ အဆက်ဆက် မှားလာတဲ့ အုပ်ချုပ်ရေးနစ်
တိုင်း ၊ ခရိုင်၊ မြို့ နယ်၊ ရပ်ကွပ် အုပ်ချုပ်ရေး စနစ် ဖြစ်တယ်။ ဒါကို အတိုကောက် ထွေ အုပ် ခေါ် ကြတယ်။ နာမည်လေးကတော့ sexy ပါပဲ ။ အလုပ်မဖြစ်ပါဘူး။ လူထု အတွက် အကျိုးမရှိခဲ့ပါဘူး။ သူတို့ ဟာ ချစားမှု ရဲ့  ပင်ရင်း( Source of Corruption ) တွေပဲဖြစ်ခဲ့ပါတယ်။
ထွေအုပ်စနစ် ကြောင့် လမ်း မကောင်းလာဘူး။ မီးမကောင်းလာဘူး။ စီးပွားရေးလဲ မကောင်းလာပါဘူး။ သူတို့ အိမ်တွေတော့ ပို ကောင်းသွားတယ်။သူတို့ ကားကောင်းကောင်းစီး၊ အရက် ကောင်းကောင်းသောက်နိင်သူတွေပဲဖြစ်လာပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှုး ဘာလုပ်နေသလဲ
ဒီမိုကရေစီစနစ်ရယ်လို့ဖြစ်လာရင် နိင်ငံတော် နဲ့  လူအဖွဲ့ စည်းမှာ ဘယ်လိုစနစ် တွေနဲ့  ခိုင်မြဲ အောင်ထိမ်းသိမ်းထားသလဲ ဆိုတာ ကိုလေ့လာ ကြစေချင်တယ်။
မိုးသီးရယ်မင်းက အမေရိကန် နိင်ငံ နဲ့ တော့လာမနိင်ယှဉ်နဲ့ လေ ၊ မြန်မာ က မြန်မာနည်းနဲ့ မြန်မာ ပဲသွားလို့ ရတယ် လို့ ဆင်ခြေပေးခြင်ရင်လဲ ပေးနိင်ပါတယ်။ ဒီမိုကရေစီ စနစ် နဲ့
မြန်မာ ပြည်သစ်ကို တည်ထောင်မယ်ဆိုရင်တော့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို နစ်ပေါင်းများစွာ လေ့ကျင့် လာတဲ့ အမေရိကန် နိင်ငံပုံစံကို အတုယူဖို့ လိုပါကြောင်း အကြံပေးလိုပါတယ်။
အမေရီကန် နိင်ငံမှာ လူဦးရေ သန်း ၃၀၀ ရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုး မရှိပဲ လည်ပတ်လာတာနစ်ပေါင်း ၃၀၀ ခန့် ရှိပြီ။ ရပ်ကွက် တိုင်းကိုရဲ က ရောက်နိင်အောင်လုပ်ထားပါတယ်။
မြန်မာ ပြည်ဟာ လူဦးရေ သန်း ၅၀ ကျော်လေးပဲရှိပါတယ်။ ရဲကိုများများ ထပ်မံ တိုးချဲ့ ခန့် အပ်နိင်ပါတယ်။ ဒီမိုကရေစီအစိုးရတရပ်အနေနဲ့  ရဲဆိုး ရဲ ညစ် တွေကို သန့် ရှင်း ပြစ် ပြီး ရဲ ကောင်းရဲမွန် တွေကို များများမွေးထုတ် ပေးဖို့ လိုပါတယ်။
ခေတ်မှီတိုးတက် တဲ့ နိင်ငံတိုင်းမှာ ထွေ အုပ်စနစ် မရှိကြတော့ဘူး။ ရက်ကွက် အုပ်ချုပ်ရေးမှုး ဆိုတာလဲ မရှိကြတော့ဘူး။
ရပ်ကွက် တိုင်း အတွက် ရဲအလုံအလောက်ခန့် ထားနိင်ပါတယ်။ အမေရိကန်လိုလူဦးရေ သန်း ၃၀၀ ကျော်ရှိတဲ့နိင်ငံမှာတောင် ရဲ နဲ့ပဲအုပ်ချုပ်နိင်
ရင် သန်း ၅၀ မျှရှိတဲ့ မြန်မာဟာ ဘာသားထုမို့ တုန်း လို့ မေးခြင်တယ်။
မိုးသီးဇွန်

Sunday, January 3, 2016

My Movie၃-၁-၂၀၁၆

ပြောင်းပြန်နိုင်ငံတော်

နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနှံ့အပြားလိုက်ပြရင်း မြစ်ကမ်းနဖူးမှ မြို့ရွာများကိုရောက်သောအခါ သူတို့အံ့သြ ကြသည်။ အံ့သြရသည့်အကြောင်းမှာ မြစ်ရှုခင်းမှာအလွန် လှပပါသည်။ သို့သော်နိုင်ငံတကာတွင် မြစ်ကမ်းနဖူးစသည့် အလွန်ရှု ခင်းသာယာသောနေရာများတွင် အိမ်များသည် မြစ်ကမ်းဘက်သို့လှည့်ကာ ဆောက်ထားလေ့ရှိသော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် အိမ်တော်တော်များများသည် မည်မျှပင်မြစ်ရှုခင်းသာယာလှပပါသော်လည်း မြစ်ကမ်းကိုမျက်နှာမူကာ ဆောက်ထားသောအိမ် မရှိသလောက်ရှားပြီး အများစုမှာ မြစ်ကိုကျောပေးပြီး ဆောက်ထားကြသောကြောင့်ဖြစ်သည်။ မြန်မာတော်တော်များများသည် မြစ်ကိုအပေါ့အလေးသွားရာ အိမ်သာဆောက်လုပ်ရန် အဓိကရွေးချယ်လေ့ရှိကြသည်။ ရှုခင်းကို ပဓာနထားလေ့မရှိပါပေ။ ဒီလောက်လှသော မြစ်ရှုခင်းကို ဘာကြောင့် ကျော ပေးထားသလဲဟု နိုင်ငံခြားသားများက အမြဲလိုပင်မေးကြပါသည်။ ဘာကြောင့်လဲဟု နိုင်ငံခြားသားများကမေးလာသောအခါ မည်မည်ရရ ဖြေစရာ ကျွန်တော်တို့မှာမရှိပါ။ သူများတွေ မြစ်ဘက်ကို ကျောပေး၊ အတွင်းဘက်ကို မျက်နှာမူဆောက်ကြသဖြင့် အများလုပ်သည်ကို ကန့်လန့်မတိုက်လိုသဖြင့် ရောယောင်ဆောက်ကြခြင်းဖြစ်သည်ဟုပဲ ဖြေရပါသည်။ နိုင်ငံတကာနှင့်ယှဉ်လျှင် ပြောင်းပြန်ဖြစ်နေသောကိစ္စ ဖြစ်ပါသည်။ ဟိုတယ်ကြီးများတွင် River View, Lake View ဟူသော မြစ်ရှုခင်း၊ ကန်ရှုခင်းကောင်းသည့် ဟိုတယ်အခန်းများမှာ သာမန်အခန်းများထက် ပို၍ဈေးကြီးပေးကြရပါသည်။ နောက်ထပ် ပြောင်းပြန် ဖြစ်နေသောကိစ္စတခုမှာ တိုက်ခန်းများရောင်းကြ၀ယ်ကြရာတွင် နိုင်ငံတကာတွင်တိုက်ခန်းသည် အပေါ်သို့အထပ်မြင့်လာလေလေ၊ တိုက်ခန်း တန်ဖိုးကြီးလေလေဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ ပြောင်းပြန်ဖြစ်သည်။ မြေညီထပ်သည် ဈေးအကြီးဆုံးဖြစ်သည်။ အပေါ်ထပ်သို့ တက်လေလေ ဈေးသက်သာလေလေ ဖြစ်သည်။ အောက်ထပ်တွင် ဈေးရောင်း၍ ရသောကြောင့်ဖြစ်မည်။ အပေါ်ထပ်သို့တက်ရန် ဓာတ်လှေကား ဘာညာ လုံလုံလောက်လောက်မရှိတာလည်း ပါမည်။ အောက်ထပ်သည် ပိုကောင်းသည်ဟု တသက်လုံးအရိုးစွဲနေတာလည်း ပါပေမည်။ ကျွန်တော်တို့နိုင်ငံတွင် ပြောင်းပြန်ကိစ္စ တော်တော်များ၏။
ကြက်အသည်းအမြစ်အပါအ၀င် တိရစ္ဆာန်ကလီစာများကို နိုင်ငံတကာတွင် Pet Food ဟုခေါ်၏။ လူတို့မစားပေ။ ခွေး၊ ကြောင် စ သော အိမ်မွေးတိရစ္ဆာန်များကို ကျွေးသောအစာအဖြစ် သတ်မှတ်ထား ကြသည်။ အဘယ့်ကြောင့်ဆိုသော တိရစ္ဆာန်တို့၏ အဆုတ်၊ အသည်း၊ နှလုံး၊ အစာအိမ်၊ အူ စသည်တို့မှာ ရောဂါပိုးမွှားများပါနိုင်သည်။ ကျန်းမာရေးအတွက် စားသုံးရန်မသင့်ဟု ယူဆထားကြသောကြောင့် ဖြစ်သည်။ မြန်မာပြည်တွင်တော့ အသည်းအမြစ်နှင့် ကလီစာသည် ဈေးအကြီးဆုံး၊ အမွန်မြတ်ဆုံး အစားအစာဖြစ်နေပါသည်။ ကြက်အသည်း အမြစ်သည် အကောင်းတကာ့ အကောင်းဆုံး အစားအစာ စာရင်းဝင် သည်။ ငါးရံ့အူသည် အလွန်ရှားပါးသော အစားအစာ။ ဆိတ်ကလီစာ သည် အလွန်ဈေးကြီးသည်။ ၀က်သားတုတ်ထိုးဆိုင်တွင် အူမကြီး၊ အသည်း၊ အဆုတ်၊ ကလီစာများကို လူတွေကြိတ်ကြိတ်တိုး စားသုံးကြ သည်။ အမဲဝမ်းတွင်းသားသည် အလွန်အရသာရှိလှသည်။ နိုင်ငံတကာတွင် ဆီများများစားလျှင် ကျန်းမာရေးနှင့်မညီဟုဆိုလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ဆီများများထည့်လေ အရသာရှိလေဟု မှတ်ယူကြသည်။ ပြောင်းပြန်ပင်ဖြစ်သည်။
မီးအဖွင့်အပိတ်ခလုတ်များကို နိုင်ငံတကာတွင် အောက်မှအပေါ်သို့ တင်ကြ၏။ နိုင်ငံခြားမှလာသောအသံချဲ့စက်များ၊ Breaker များ၊ Main Switch ခလုတ်တော်တော်များများမှာ ထိုနည်းအတိုင်း ဖြစ်ကြသည်။ မြန်မာသည် ပြောင်းပြန်ဖြစ်သည်။ ခလုပ်မှန်သမျှ အပေါ်မှအောက်သို့ သာနှိပ်ကြ၏။ မည်သည့်နိုင်ငံမှမလုပ်သော ဓလေ့ဆန်းတခုလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိသေးသည်။ မည်သည့်နိုင်ငံမှာမဆို Waste Paper ခေါ် အိမ်သာသုံးစက္ကူများမှာ အိမ်သာထဲတွင် အညစ်အကြေးသန့်စင်ရာ ၌သာ သုံးကြစမြဲဖြစ်သည်။ စားသောက်သည့်နေရာတွင် ပါးစပ်သုတ်သည့် လက်သုတ်ပ၀ါအဖြစ်ကား မြန်မာနိုင်ငံတွင်မှ ထူးခြားစွာသုံးကြ ခြင်းဖြစ်ပေါ်လာလေသည်။ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ လက်ဖက်ရည်ဆိုင်များတွင် ထိုအိမ်သာသုံးစက္ကူများကို ပါးစပ်သုတ်ရန်ချပေးစဉ်က လက်ဦးတွင်မ၀ံ့မရဲ၊ မသတီသလိုလို ဘာလိုလိုခံစားကြရသေးသည်။ နောက်တော့ မြန်မာ့နည်းမြန်မာ့ဟန် ပြောင်းပြန်ကိစ္စကို အသားကျသွားသောအခါ ရဲရဲသုတ်ကြတော့သည်။ နိုင်ငံတကာတွင် မီးဖို ချောင်ထဲ၌ ထားသောရေခဲသေတ္တာများကို မြန်မာနိုင်ငံ၌ အိမ်ရှေ့ခန်း၊ ဧည့်ခန်းများတွင် မိန့်မိန့်ကြီး ဟန်ရေးပြထားတတ်ပြန်သည်။ အချို့က အ၀တ်လျှော်စက်များကိုပင် ရေချိုးခန်းထဲ၌မထားဘဲ အိမ်ရှေ့ခန်း၌ ထုတ် ဖော်ပြသထားပေ၏။ ကျွန်တော်တို့နိုင်ငံတွင် တိုင်းသူပြည်သားများကသာ ပြောင်းပြန်လုပ်သည်မဟုတ်။ အစိုးရကလည်း ပြောင်းပြန်ဖြစ်သည်။ မြို့သစ်တမြို့ကို စတင်အကွက်ရိုက်တည်ဆောက်မည်ဆိုပါလျှင် နိုင်ငံတကာတွင် ရေဆင်းမြောင်းများ၊ မိလ္လာပိုက်လိုင်းများ၊ ရေပေးဝေရေးလိုင်းများ၊ လျှပ်စစ်ဓာတ်အားပေးလိုင်းများ၊ တယ်လီဖုန်းကြိုးများ၊ လမ်းများကို အရင်ဆုံးစတင်တည်ဆောက်၏။ ထိုအရာများ ပြည့်စုံပြီဆိုပါမှ လူနေအိမ်များ၊ ပန်းခြံများ၊ ဈေးဆိုင်များ၊ စာသင်ကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစားကွင်းများကို တဆင့်ချင်းတည်ဆောက်ကြ၏။ ကျွန်တော်တို့ နိုင်ငံတွင် သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ၊ လှိုင်သာယာအပါအ၀င် စစ်အစိုးရလက်ထက်တည်ဆောက်ခဲ့သော မြန်မာပြည် တနံတလျားမှ မြို့သစ်များကိုကြည့်လိုက်လျှင် လူနေအိမ်ခြေများအတွက် မြေကွက်ရိုက်ခြင်းကို အရင်ဆုံးအလောတကြီး စတင်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရမည်။ ထို့နောက်မြေကွက်များကို ရောင်းစားကြသည်။ နီးစပ်ရာတို့ ခွဲဝေယူကြသည်။
နိုင်ငံတကာတွင် အရင်ဆုံးဆောင်ရွက်ကြသော မိလ္လာစနစ်၊ ရေမြောင်းစနစ်များမှာ ဘာတခုမှ အစီစဉ်တကျမဆောင်ရွက်ခဲ့တာတွေ့ရမည်။ ထို့ကြောင့် ရေဆိုးများသည် ရပ်ကွက်အတွင်းအမြဲဝပ်နေသည်။ ရေများသည် ဘယ်ဆီသို့စီးဆင်းမည်ဟူသည့် တိကျသည့်ရည်ရွယ်ချက် မရှိ။ ဟိုဘက်စီးမလိုလို၊ သည်ဘက်စီးမလိုလိုဖြင့် ခြင်များ၊ ပိုးလောက် လန်းများ အဆမတန်ပေါက်ပွားကြသည်။ သောက်သုံးရေ ရေရသည့် နေရာတွင်ရသည်။ မရသည့်နေရာတွင်မရ။ အများအားဖြင့် ကိုယ့်အိမ် အတွက် ကိုယ်ပိုင်မြေအောက်အ၀ီစိရေကို ကိုယ့်ပိုက်ဆံဖြင့် တူးကြရ သည်။ မိလ္လာကို ကိုယ့်ဘာသာကျွင်းတူး၍ မြေကြီးထဲသို့ရောက်သွား စေရသည်။ နိုင်ငံတကာတွင် အရေးအကြီးဆုံးဟုယူဆကာ အရင်ဆုံး လုပ်ခဲ့သမျှသည် ကျွန်တော်တို့နိုင်ငံတွင် အရေးမကြီးဆုံးနောက်ဆုံးမှ လုပ်ရသည့်အရာများ (၀ါ) လုံးဝမလုပ်ကြသည့်အရာများ ဖြစ်နေပါသည်။
နောက် ၁၀ နှစ်၊ နှစ်၂၀ ကြာလာ၍ မိုးတွင်းရေမြုပ်ကာ ရေစီးရေလာမကောင်းတော့မှ ဟိုမြောင်းကိုဖော်မလိုလို၊ ဟိုပြွန်ပေါက်ကို ဖောက်မလိုလို၊ ဟိုချောင်းကို တူးတော့မလိုလို လုပ်မလိုလို အယောင်ပြ ကြသည်။ အစိုးရထံမှဘတ်ဂျက်တောင်းကာ နည်းနည်းလုပ် များများခိုးစနစ်ဖြင့် စခန်းသွားကြသည်။ နိုင်ငံခြားတိုင်းပြည်များတွင် လမ်းများကို ချဲ့ ကြသလို ပြည်သူလူထု လမ်းလျှောက်သူများအတွက် ပလက်ဖောင်း (Pavement)များကို ကျယ်ပြန့်စွာ ဆောက်လုပ်ပေးထားကြသည်။ ထိုမှသာ အလုပ်သွားအလုပ်ပြန် စည်ကားသောအချိန်များတွင် လူများရာနှင့် ထောင်နှင့်ချီ၍ ပလက်ဖောင်းပေါ်တွင်သွားလာနိုင်ပေမည်။ ကျွန်တော်တို့နိုင်ငံတွင် ကားများအတွက် ယာဉ်ကြောချဲ့ဖို့တခုပဲစဉ်းစားကာ လမ်းလျှောက်သူများပိုင်ဆိုင်သော ပလက်ဖောင်းများကို လုယူကြသည်။ လမ်းချဲ့ရန်ပလက်ဖောင်းကို ကျဉ်းပစ်လိုက်ကြသည်။ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းစသော အဓိကလမ်းမကြီးများပေါ်မှ လူသွားစင်္ကြံသည် အချို့နေရာတွင်တပေ၊ တပေခွဲလောက်သာရှိတော့တာ အံ့သြဖွယ်တွေ့ရသည်။ အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ပေးထားခဲ့သော ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓူလလမ်း၊ ကုန်သည်လမ်း စသောလမ်းမကြီးများပေါ်မှ ပလက်ဖောင်းများကို ဖြိုချကျဉ်းမြောင်းပစ်လိုက်ကြသည်။ ထိုသို့ ပြောင်းပြန်ဆောင်ရွက်ကြသဖြင့် ယာဉ်ကြောလည်းချောင်မလာ၊ ခြေကျင်လျှောက်သူများအတွက်လည်း ပလက်ဖောင်း မလုံလောက်သဖြင့် လမ်းပေါ်တက်လျှောက်ကြသော ပြဿနာများ ပေါ်လာသည်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မည်ဟု ဗြိတိသျှအစိုးရက သဘောတူသောအခါ လွတ်လပ်သောမြန်မာနိုင်ငံအတွက် ကြိုတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ဗြိတိသျှအစိုးရက ဘာမှဝင်ရောက် စွက်ဖက်ခြင်းမရှိ။ ၁၉၄၇ ဧပြီလ ၉ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖ-ဆ-ပ-လ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေ စိတ်တိုင်းကျ ရေးဆွဲစေခဲ့သည်။ ရွေးကောက်ပွဲတွင် လွတ်တော်မဲဆန္ဒနယ် ၁၈၂ နေရာ ရှိသည့်အနက် သခင်သိန်းဖေမြင့်၊ သခင်သန်းထွန်းတို့၏ (သိန်းသန်း ကွန်မြူနစ်ပါတီက) ၇ နေရာရရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလမှ ကျန်နေရာအားလုံးကို အနိုင်ရရှိခဲ့သည်။ ထိုသို့လွှတ်တော်အမတ်များ စိတ်တိုင်းကျရေးဆွဲခဲ့သဖြင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ရေးဆွဲရေးတာဝန်မှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်သာဖြစ်သည်ဆိုခြင်းကို နယ်ချဲ့ ဗြိတိသျှအပါအ၀င် တကမ္ဘာလုံးက လက်ခံခဲ့သော အလေ့အထဖြစ်သည်။ ၁၉၉၀ တွင် ရွေးကောက်ပွဲပြုလုပ်ပြီး NLD ပါတီမှ အမတ်နေရာအများစု အနိုင်ရသောအခါ ထိုစဉ်က တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က -
''တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမှာ မဟုတ်ဘူး၊ ကျုပ်တို့ သမိုင်းတရားခံအဖြစ်မခံနိုင်ဘူး၊ ဖွဲ့စည်းပုံဥပဒေကို ရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်အမတ်တွေ ဆွဲကြပါစေ။ ကျုပ်တို့တပ်မတော်ဟာ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်မယ်''ဟု ပြောခဲ့သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတကာက လက်ခံကျင့် သုံးသောစနစ်တခုကို လက်ခံလိုက်နာရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာ့နည်းမြန်မာ့ဟန်ပြောင်းပြန်လုပ်ချင်သော စစ်ဗိုလ်ချုပ်များ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ထုတ်ဖြုတ်ချလိုက်ပြီးသောအခါ ရွေးကောက်ပွဲနိုင်သူများလည်း ဖွဲ့စည်းပုံဥပဒေ ရေးဆွဲခွင့်မရှိသော ပြောင်းပြန်လုပ်ထုံးလုပ်နည်းများပေါ်လာပါသည်။ ထိုစဉ်က NLD ပါတီကို ဖြတ်လမ်းမှအာဏာရယူရေးကြိုးပမ်းနေသည်ဟု န၀တ/နအဖ စစ်အစိုးရက စွပ်စွဲခဲ့ရာ ပြောင်းပြန်ဖြစ်နေပါသည်။ လူထုကရွေးကောက် တင်မြှောက်လိုက်သောပါတီသည် ဖြတ်လမ်းမှအာဏာယူခြင်းမဟုတ်၊ ၁၉၈၈ တွင် အာဏာသိမ်းကာတက်လာပြီး ရွေးကောက်ပွဲပြီးသော်လည်း အာဏာလွှဲမပေးချင်သော စစ်အစိုးရကသာ အာဏာကိုဖြတ်လမ်းမှ ယူထားခြင်းဖြစ်ရာ သူတို့စွပ်စွဲချက်မှာပြောင်းပြန်ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံအတော်များများတွင် မကျင့်သုံးတော့သော တပ်မတော်က အနာဂတ် နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေးဆိုသော ပြောင်းပြန်ကိစ္စတခု ပေါ်ပေါက်လာပါသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုသာမက နိုင်ငံရေးတွင်လည်းဝင်ပါသော၊ စီးပွားရေးတွင်လည်း ၀င်ပါသော၊ ဥပဒေပြုရေးတွင်လည်း ၀င်ပါသော နိုင်ငံတကာတွင်မရှိသည့် ပြောင်းပြန်ကိစ္စတခုကို စတင်တီထွင်လာပေသည်။ ထိုသို့ဖြင့် တပ်မတော်သည် စစ်လည်းတိုက်သည်၊ နိုင်ငံရေးလည်းလုပ်သည်၊ အုပ်ချုပ်ရေးတွင်လည်းပါသည်၊ စီးပွားရေးလည်းလုပ်သည်ဟူသော စစ်မျက်နှာလေးဘက်ဖွင့်သည့် အကွက်ဆန်းတခု ပေါ်ပေါက်လာပါတော့သည်။
အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီအပါအ၀င် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများတွင်ရှိသည်ကား အရပ်ဖက်၏ အုပ်ချုပ်မှုကို စစ်ဖက်ကလိုက်နာဆောင်ရွက်ရသော ဓလေ့ထုံးစံဖြစ်ပြီး စစ်ဘက်၏အုပ်ချုပ်မှုကို အရပ်ဘက် အစိုးရကလိုက်နာဆောင်ရွက်ရသော ဓလေ့မှာ အင်ဒိုနီးရှားနိုင်ငံတွင်ပင် ယခုအခါမကျင့်သုံးတော့သော ပြောင်းပြန်မူ တခုဖြစ်ပါသည်။ စစ်တပ်ကို လွှတ်တော်အတွင်းသို့ ပို့ထားခြင်းသည် အ၀တ်လျှော်စက်ကို အိမ်ဦးခန်းတွင် နေရာချထားသည်နှင့် တူနေပါသည်။ သူ့တန်ဖိုးနှင့်သူအသုံးဝင်သော်လည်း နေရာမှားရောက်နေသောအခါ ကမောက်ကမ ဖြစ်ရပေ၏။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ဘုရားစူး အနည်းငယ်သာပါရှိပြီး NLD ပါတီနှင့် NLD ပါတီမှ လွှတ် တော်ကိုယ်စားလှယ်အများစုမပါဝင်ခဲ့ပေ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေသည် အနိုင်ရလွှတ်တော်အမတ်အများစု၏ ဆန္ဒမပါဝင်ဘဲ မဆိုင်သည့်သူအများစုက ၀င်ရောက်ရေးဆွဲထားသည့် ပြောင်းပြန်ဥပဒေတခုဖြစ်ပါသည် (ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့ပင် ပါ လိုက်သေးသည်)။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြည်သူလူထုက ဆန္ဒခံယူပွဲတွင် ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုထားသည့်ဥပဒေဟု စစ်အစိုးရက စန်းတင်ကြေညာခဲ့သော်လည်း ထိုသို့ ၉၂ ဒသမ ၄ ရာခိုင်နှုန်း မဲရေတွက်ရခြင်းမှာ မည်သည့်အဖွဲ့အစည်းရှေ့တွင် ရေတွက်ခဲ့သနည်း၊ မည်သည့် လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် ရှိခဲ့သနည်း၊ မည်သည့် လွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့များရှိခဲ့သနည်းဟုမေးလျှင် ဆန္ဒခံယူပွဲလုပ်တာလည်း ငါတို့အဖွဲ့၊ မဲရေတွက်တာလည်း ငါတို့အဖွဲ့၊ ၉၂ ဒသမ ၄ ထောက်ခံမဲရသည်ဟု ကြေညာတာလည်း ငါတို့အဖွဲ့သာဖြစ်နေကြောင်း တွေ့ရမည်။ ထိုရလဒ်မှ တကယ်ဟုတ်မဟုတ် ပြည်သူလူထုကအပြန်အလှန် စစ်ဆေးခွင့် (Chech and balance) မလုပ်နိုင်ခဲ့ပါ။ ထို့ကြောင့် ပြည်သူလူထု ၉၂ ဒသမ ၄ က ထောက်ခံခဲ့သည်ဆိုခြင်းမှာလည်း မြန်မာနည်းမြန်မာ့ဟန် ပြောင်းပြန်လုပ်ရပ်ဟုသာ ယူဆရမလိုရှိပေသည်။ ကိုယ့်ဘာကိုယ် ကုလားဖန်ထိုး၊ ကိုယ့်ဘာသာကိုယ်ချိုး၊ ကိုယ့်ဘာသာဝေ၊ ထို့နောက် ဂျိုကာ သုံးလုံးကျ ပါပြီဟု ကိုယ့်ဘာသာကျေညာသလို ရှိလေသည်။ အံ့ဖွယ်သရဲရှိလှပါ၏။ မြန်မာနိုင်ငံ၏ပြောင်းပြန်ကိစ္စများအားလုံးထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာ ပြောင်းပြန်အဖြစ်ဆုံးကိစ္စကြီး ဖြစ်သည်။ ထိုပြောင်းပြန်ကို အတည့်ဖြစ်အောင် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်အောင် ပြန်လည်ပြင်ဆင်ဖို့အရေးသည် တပ်မတော်နှင့် စစ်ဗိုလ်ချုပ် ဟောင်းများ၏ သမိုင်းပေးတာဝန် ဖြစ်သည်။ ထိုတာဝန်ကိုမကျေမချင်း တိုင်းပြည်အပေါ်တွင် ကပြောင်းကပြန်ပြုလုပ်ထားမှုသည် အကြွေးတင်သလို တင်ရှိနေပေလိမ့်မည်။
၁၉၇၄ ခုနှစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်)ဆိုသည်ကို စစ်ဗိုလ်ချုပ်များက အကောင်အထည်ဖော်ခဲ့ဖူးသည်။ အမှန်စင်စစ် ထိုဝါဒသည် ကွန်မြူနစ်ဝါဒအစစ်လည်းမဟုတ်၊ ဆိုရှယ်လစ်ဝါဒအစစ်လည်းမဟုတ်သော အာဏာရှင် ပြောင်းပြန်ဝါဒတခုသာ ဖြစ်သည်။ ထိုပြောင်းပြန်စနစ်တခုကြောင့်ပင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံတခုမှ ကမ္ဘာ့အဆင်းရဲဆုံးသောနိုင်ငံတခုအဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ အလွဲတကာ့အလွဲထဲတွင် မူဝါဒအလွဲသည် အဆိုးရွားဆုံးဖြစ်သည်။ ကျင့်သုံးသောစနစ်တခု ခေတ်နှင့် မလျော်ညီဘဲ ပြောင်းပြန်ဖြစ်နေပါက မည်သို့မျှ ရှေ့သို့ရောက်နိုင်မည် မဟုတ်ပေ။ ကရွတ်ကင်း လျှောက်သလိုသွားနေပါက မည်သည့်အခါမှရှေ့သို့မရောက်တော့ဘဲ တနေရာထဲတွင် တ၀ဲလည်လည်ဖြစ်နေမည်သာ ဖြစ်သည်။
ကျွန်တော်တို့သည် နိုင်ငံတကာအလေ့အထများနှင့် ပြောင်းပြန်ပြုလုပ်သောအခါ အိမ်သာစက္ကူကို လက်သုတ်ပ၀ါလုပ်ခြင်းစသော သေးဖွဲသည့်ကိစ္စများတွင် ပြောင်းပြန်လုပ်မိခြင်းသည် အမြင်မတော်သည်မှတပါး ထူးထူးခြားခြား နစ်နာစရာမရှိ၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းစသော နိုင်ငံအတွက် အသက်တမျှအရေးကြီးသောကိစ္စမျိုးတွင် ပြောင်းပြန် ဇောက်ထိုးပြုလုပ်မိပါက တိုင်းပြည်သည် ငါးပါးသာမက သံဃာစင်ပင် မှောက်လိမ့်မည်။ နိုင်ငံရေးတွင် စစ်တပ်က ၀င်ရောက်ခြယ်လှယ်နေခြင်း၊ လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားများ နှစ် အကန့်အသတ်မရှိ၊ အချိန် အကန့်အသတ်မရှိ ၀င်ရောက်ပါဝင်စွက်ဖက်နေခြင်း၊ လက်နက်ကိုင်ထားသောအဖွဲ့အစည်းတခုမှ လက်နက်မဲ့ ပြည်သူ များနှင့်အပြိုင် စီးပွားရေးယှဉ်ပြိုင်လုပ်ကိုင်နေခြင်း၊ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုက ရွေးကောက်ထားသော လွှတ်တော်အမတ်များ အားလုံး၏ဆန္ဒကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဗီတိုအာဏာနှင့်ပယ်ချနိုင်ခြင်းတို့မှာ မည်သည့်နိုင်ငံနှင့်မျှမတူဘဲ ပြောင်းပြန်ဖြစ်နေသောကိစ္စ ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံသည် ပြောင်းပြန်နိုင်ငံတော်ဖြစ်သည်။ အသေးအမွှား ပြောင်းပြန်ကိစ္စကား အကြောင်းမဟုတ်။ အခြေခံဥပဒေကဲ့သို့ ကြီးမားသော ပြောင်းပြန်ကိစ္စကြီးများမှာမူကား တနိုင်ငံလုံးနှင့်ဆိုင်သဖြင့် လူတစု၊ အဖွဲ့အစည်းတခုကသာ လက်ဝါးကြီးအုပ်ဆုံးဖြတ်လုပ်ကိုင်နေခြင်းမှာ မည်သို့မျှကောင်းလာစရာမရှိဘဲ အမြင်မတော် ဆင်တော်နှင့်ခလောက်ကဲ့သို့ ရှိနေပါကြောင်း။
ThaYaWan (Pyay)

Saturday, January 2, 2016

2016နှစ် နှင့်ခေါင်းဆောင်သစ် အံ့အားသင့်ဖွယ်ရာ မြန်မာပြည်ကနေ ယူရမယ့် သင်ခန်းစာ by Rena Pederson

အံ့အားသင့်ဖွယ်ရာ မြန်မာပြည်ကနေ ယူရမယ့် သင်ခန်းစာ
by Rena Pederson
အားလပ်ရက် အပန်းဖြေကာလတွေ အဆုံးသတ်ချိန်၊ အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲလှုပ်ရှားမှုတွေအရှိမြင့်လာချိန်မှာတော့ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်က ခေါင်းဆောင်တစ်ယောက်ရဲ့ နမူနာကိုကြည့်ဖို့ အချိန်ကောင်း ရောက်လာပါပြီ။ အဲဒါ မြန်မာပြည်ပါ။
ဘာ့ကြောင့် မြန်မာပြည်ကို ရွေးချယ်ရတာလဲ။ လာမယ့် မတ်လမှာ လွှတ်တော်ကိုဦးဆောင်ဖို့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဆင်နေပါပြီ။ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်က ရွေးကောက်ပွဲမှာ ၈ဝ%နီးပါးနဲ့ အံ့သြဖွယ်ရာ အနိုင်ရခဲ့လို့ပါပဲ။
၁၉၈၈ခုနှစ်ကတည်းကနေ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ခံစားချက်တွေကို မှန်းဆကြည့်မယ်ဆိုရင် အပျော်၊ စိတ်သက်သာရာရမှုနဲ့ မောပန်းနွမ်းနယ်မှုတွေကို မြင်တွေ့ရမှာပါ။ သူမဟာ နေအိမ်အကျယ်ချုပ်အဖြစ်နဲ့ ၁၅နှစ်ကျော်ကြာ နေထိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာ ပထမဆုံး ဘာတွေများ လုပ်ဆောင်မှာပါလဲ။
ပထမဆုံးကတော့ သူမဟာ တရားထိုင်ပါတယ်။ အတွေးတွေ တည်ငြိမ်သွားစေဖို့နဲ့ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်လုံး အပင်ပန်းခံခဲ့ရလို့ ကုန်ခမ်းသွားတဲ့ အားအင်တွေ အသစ်တစ်ဖန်ဖြစ်ရေး လုပ်ဖို့ပါ။ အကြံပေးတွေ၊ ဝေဖန်သူတွေရဲ့ ရာပေါင်းများစွာသော လမ်းကြောင်းတွေနဲ့ ရှုပ်ထွေးပွေလီနေမယ့် ကာလအခိုက်အတန့်ကို ဖြတ်သန်းဖို့ဆိုရင် ခေါင်းဆောင်လုပ်သူတွေဟာ သေသေချာချာ စဉ်းစားရမယ့်အချိန်တွေ လိုပါတယ်။ ရေတွင်းကိုပြည့်အောင် ဖြည့်ရပါမယ်။ သူတို့အချိန်လိုပါတယ်။ အဲဒီအတွက်လည်း ယူကိုယူရမှာပါ။
ဒုတိယအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှိုက်ကောက်တဲ့လှုပ်ရှားမှုကို ဦးဆောင်ပြီး လူထုအားလုံးပါဝင်လာအောင် လုပ်ခဲ့ပါတယ်။ အသက် ၇ဝအရွယ် အမျိုးသမီးကြီးတစ်ယောက်ဟာ ပလက်စတစ်အိတ်ကိုလက်မှာစွပ်ပြီး အမှိုက်သရိုက်တွေကို ကောက်ယူဖို့ အားလုံးကို ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူအမှိုက်ကောက်တာကို ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကိုကောင် အမှိုက်ကူကောက်ဖို့ ပြောခဲ့ပါသေးတယ်။ ဒါဟာ ဂန္ဓီကြီးစတိုင်လ်ပါပဲ။ ကျမတို့ရဲ့ပြဿနာတွေအများကြီးတွေထဲက ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းဟာ ပြိုလဲနေတဲ့သူတို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒေါ်စုမှန်ပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရမယ့် နိုင်ငံရဲ့ရုပ်ပုံလွှာပါ။ ဒါပေမယ့် သူတစ်ယောက်တည်းတော့ မလုပ်နိုင်ပါဘူး။
တတိယအနေနဲ့ လက်ရှိအာဏာဆုတ်ကိုင်ထားသူတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ စစ်အစိုးရလက်ထက် သူမကို နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ကာမှာ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့စကားပြောဖို့ ကမ်းလှမ်းခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ခဲ့ပါတယ်။ သီးခြားစီတွေ့ဆုံမှုဟာ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကို ဆယ်စုနှစ်၂ခုကြာ ချုပ်ကိုင်ခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီအာဏာရှင်ကြီးဟာ ဆိုင်ကလုန်းကြောင့်ဒုက္ခရောက်ခဲ့သူ သန်းပေါင်းများစွာကို ပေးအပ်မယ့်အကူအညီတွေကို ဟန့်တားခဲ့သူ၊ လက်နက်မဲ့ ရဟန်းသံဃာတော်တွေကို တိုက်ခိုက်ခဲ့သူ၊ တိုင်းရင်းသားကျေးရွာတွေကို ဖျက်စီးခဲ့သူပါ။
အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ အာဏာရှင်ဟောင်းကြီးဟာ သူနဲ့သူ့မိသားစုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကလဲ့စားချေလိုစိတ်ရှိမရှိ စမ်းသပ်ချင်ပုံရပါတယ်။ သေချာတာကတော့ အဲဒီလိုမဖြစ်တဲ့အပြင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် တပ်မတော်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်အာဖရိကနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေကို နေအိမ်အကျယ်ချုပ်ကာလတွေမှာ သေသေချာချာ လေ့လာခဲ့ပုံရပါတယ်။ အကြမ်းဖက်မှုနဲ့ လက်တုံ့ပြန်မှုတွေဟာ ပိုဆိုးတဲ့အကြမ်းဖက်မှုတွေကိုပဲ ဖြစ်စေတယ်ဆိုတာ နားလည်ခဲ့ပုံ ရပါတယ်။ အခုတော့ အာဏာကိုရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ လူတွေကို ခွင့်လွှတ်ကြဖို့ ဆော်သြနေပါတယ်။
စတုတ္ထအနေနဲ့ ဒေါ်စုဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားတွေရဲ့အသံတွေ ပါဝင်လာဖို့ အာမခံချက် ပေးခဲ့ပါတယ်။ စားပွဲပေါ်မှာဆွေးနွေးတဲ့ နေရာချထားမှုတွေဟာ ကြားဖို့သင့်နေပါပြီ။ နှစ်ပေါင်း ၆ဝကျော်ဖြစ်ပွားနေတဲ့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုများနဲ့ အစိုးရအဆက်ဆက်ကြားက သွေးမြေကျခဲ့တဲ့ ပြည်တွင်းစစ်ကြီး ရပ်တန့်သွားဖို့ ဖြေရှင်းမှု လိုနေပါတယ်။ ဒါပေမယ့် အားလုံးပါဝင်မှုကို လေးစားရပါမယ်။ တွေ့ဆုံဆွေးနွေးဖို့တံခါးတွေကို ဖွင့်ပြီး ဆွေးနွေးမှုတွေကပဲ အပြောင်းအလဲလမ်းကြောင်းကို ဖော်နိုင်မှာပါ။ ဒီဖြစ်စဉ်နဲ့ တော်တော်လေး ရှုပ်ထွေးပေမယ့် အခြားနည်းလမ်းကတော့ ပိုဆိုးစေမှာ အမှန်ပါပဲ။
ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တာ၊ မလုပ်ရသေးတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အသံတွေကတော့ ဆက်ပြီးရှိနေမှာပါ။ စိုးရိမ်ပူပန်ကြတာကတော့ တိုင်းပြည်အုပ်ချုပ်ဖို့ လိုအပ်တဲ့အင်အားတစ်ရပ် သူ့မှာ မရှိမှာကိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်စုရဲ့အနီးကပ်ဆုံး အဝန်းအဝိုင်းက သေးငယ်သလို သူမရဲ့သဘာဝကလည်း ခက်ခဲတတ်လို့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တားဆီးပိတ်ဆို့မှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကလည်း မသေမချာမရေမရာပါ။ ဒါပေမယ့် တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကြီးဖြစ်နေပါပြီ။ လုပ်ရမှာတွေကတော့ -
- တစ်ခုခုလုပ်တော့မယ်ဆိုရင် အချိန်ယူပါ၊ အကြံဉာဏ်တောင်းခံပါ
- ပြဿနာတွေကိုဖြေရှင်းဖို့ လူများများလိုပါတယ်
- ပြိုင်ဘက်တွေနဲ့ တံတားထိုးပါ။ အေဗရာဟင်လင်ကွန်းလုပ်ခဲ့သလိုပေါ့
- မတူညီတဲ့နောက်ခံတွေရှိတဲ့လူတွေ ပါဝင်လာဖို့ နေရာကိုကျယ်ကျယ်ဝိုင်းပါ
ပန်းတိုင်တွေအကြောင်းပြောရတာ လုပ်ရတာထက် ပိုလွယ်ပါတယ်။ မြန်မာပြည်အတွက်တော့ ခြွင်းချက်ဆိုတာ မရှိပါဘူး။ အမေရိကန်ရွေးကောက်ပွဲဆိုတာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ အထူးအကျိုးစီးပွားတွေ ပြည့်လျှံနေတတ်တာနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ မြန်မာပြည်က ရွေးကောက်ပွဲက ကြိုဆိုရမယ့်ကိစ္စပါ။
ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဝိရောဓိဖြစ်နေတဲ့ ကမ္ဘာကြီးမှာ အားလုံးအတွက် နမူနာကောင်းတစ်ခုလိုအပ်နေပါတယ်။ အာဏာရှင်အစိုးရတွေဆီကနေ တာဝန်လွှဲပြောင်းတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင်က ခွင့်လွှတ်ကြဖို့၊ အားလုံးပါဝင်ဖို့နဲ့ ဥပဒေစိုးမိုးရေးပြောတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဘယ်လောက်များများရှိနေပါသလဲ။
ဒါဟာ ၂ဝ၁၅ခုနှစ်ရဲ့ ရှားရှားပါးပါးအောင်ပွဲနဲ့ ၂ဝ၁၆ခုနှစ် အသွင်ကူးပြောင်းရေးကိစ္စ ဖြတ်သန်းနေတဲ့ မြန်မာပြည်ဆိုတာ အတိအကျပါပဲ။
[ဆောင်းပါးရှင် Rena Pederson ဟာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မိန့်ခွန်းရေးသားခဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး The Burma Spring စာအုပ်ရေးသူလည်းဖြစ်ပါတယ်။ ဒီဆောင်းပါးကို The Huffingtonpost စာမျက်နှာမှာ ဖော်ပြထားပါတယ်]