Saturday, March 28, 2015

၁၉၆၂ ဦးနေဝင်း စစ်အာဏာမသိမ်းခင်
ပါလီမာန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်က
ဘယ်လောက်တိုးတက်ခဲ့သလဲဆိုတာကို 
ပြန်လည်တုန့်ပြန်ပါတယ်
လွတ်လပ်ရေးရပြီး ဆယ်နှစ်အတွင်း
ခံယူချက်ပေါင်းစံ လက်နက်ကိုင်ပေါင်းစုံကြားမှာ
တိုင်းပြည်ကို ဘယ်လို တိုးတက်အောင်တည်ဆောက်ခဲ့လဲ
သက်သေအထောက်အထားတွေအများကြီးပါ
စစ်တပ်က သူ့အလုပ်သူလုပ် အုပ်ချုပ်သူက သူ့အလုပ်သူလုပ်ခဲ့တာကို
အာဏာကို သာယာပြီး စစ်ဗိုလ်ချုပ်အသွင်းပြောင်းအစိုးရအဆက်ဆက်
ဘယ်လောက်စုတ်ပြတ်သတ်ခဲ့သလဲ ခုခေတ်နဲ့ ယှဉ်ကြည့်ပါ။
============
---ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်----
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။
၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်လေဆိပ်ကို
သမ္မတကြီးမန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်.....။
အဲဒီအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်ကလွဲရင်)အကြီးဆုံးလေဆိပ်ကြီးဖြစပါတယ်....။
ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ်လည် မရှိသေးပါ..။
စင်ကာပူ အာဏာရအစိုးရသစ်အနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ကွက်ချမှုစနစ် ရေသွင်းရေထုတ်စနစ်နဲ့
ရန်ကုန်လေဆိပ်ဖွဲ့စည်ူပုံကို မှီငြမ်းပြီး တံငါရွာသာသာရှိတဲ့ စင်ကာပူကို
ဆိပ်ကမ်းမြို့ အဖြစ်တည်ဆောက်ခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း
(ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး)
(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိပါတယ်။
ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းတဲ့
အာရှဒုတိယအကြီးဆုံးလေကြောင်းလိုင်းပါ။
Time နဲ့ Newsweek စာစောင် များမှာ UBA
လေကြောင်းလိုင်းကြော်ငြာများ မရိုးနိုင်အောင်တွေ့ရပါတယ် ....။
စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှာသောမြို့တော်များရှိ လေဆိပ်များတွင် မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲလှယ်ခွင့်ရှိပါတယ်.။..။ မြန်မာငွေနဲ့လည်း ပေးချေနိုင်ပါတယ်။ (တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေဝင်းခေတ်မှာမှ နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်းပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူပါတယ်)
ဆက်သွယ်ရေးကဏ္ဍ
၁၉၆၀ ၀န်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို
ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့တယ်
ပညာရေး
ဆေးတက္ကသိုလ်များမှ ဆရာဝန်ဖြစ်လာသူများ
နိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်ရင် အင်္ဂလန်ဆေးကောင်စီကို
ပေါင်စတာလင် ၃၅၀ သွင်းရုံမျှနဲ့ မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ
နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။
(ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်သာရှိပါတယ်)
ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြပါတယ်..။
အာဏာသိမ်းအစိုးရ ဗိုလ်ချုပ်နေဝင်းခေတ်မှာမှ ထိုစနစ်များကိုဖျက်သိမ်းကာ
ဗဟို အမှတ်ပေးစနစ်ဖြင့် ပညာရေးစနစ်ကို အညွန့်ချိုးခဲ့ပါတယ်
ယခင်က အားကစားကလပ်များ သုတေသနစင်တာများ စာကြည့်တိုက်များကို
တက္ကသိုလ်တိုင်းတွင် ဖွင့်လှစ်ထားရှိစေပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်သူများအား
အမှတ်စနစ်ဖြင့် အနာဂတ်ကိုမဆုံးဖြတ်ပဲ
မိမိဝါသနာပါသည့်နယ်ပယ်အား ဝင်ခွင့်ဖြေဆိုပြီး ရွေးချယ်စေခဲ့ပါတယ်။
=======
အဲလောက်ဆို
အရင်ပါလီမာန်ဒီမိုကရေစီခေတ်က
တိုင်းပြည် ဘယ်လောက်တိုးတက်လို့လဲ
ဆိုတဲ့ ထုံထိုင်းများ ရှင်းလောက်ပြီ ထင်ပါတယ်။

No comments: