Saturday, March 28, 2015

         ဆော်နားနှစ်ကူး တွင်ဝယ်ခဲ့သေားစာအုပ်များ။
         ကျွှန်တော်ဒီနှစ် နှစ်ကူးအလုပ်ပိတ်ရက်အပေါ်တက်ပြီး(ဖူပြောင်း) ကိုညှိဝင်းဆိုင်ကနေ စာအုပ်တွေဝယ်လာဖြစ်တယ် ။စုစုပေါင်း(၅)အုပ် ဝမ်(၇)သောင်းကျော်ဘိုးပေါ့ စာအုပ်တွေကို မိန်းမအိမ်ကပိုပေးတာတွေရှိပေမဲ တွေရင်တော့မနေနိုင်ဘူးထပ်ကိုဝယ်ဖြစ်တယ်။
 ၁။ တာတေစနေသား(ဦးနု)
၂။အာဏာရှင်ဗိုလ်နေဝင်းဇာတ်သိမ်းခန်း(သန်းဝင်းလှိုင်)
၃။ကိုဆေးရိုး (ဆင်ဖြူကျွှန်းအောင်သိန်း)
၎။တေားမင်းသမီး(ခင်ခင်ထူး)
၅။ဝတ္ထုတိုပေါင်းချုပ်(သန်းမြင့်အောင်)
        တာတေစနေသား နှင့် အာဏာရှင် ၂အုပ်ကို အပြန်ဟိုင်းဝေးကားပေါ်မှာအပြီးဖတ်လိုက်တယ် ဖူပြောင်းနဲ ဂူမိ ကလည်းမော်တော်ကားနဲ (၄)နာရီကျော်အောင်စီရတာကိုး။ဒီ၂အုပ်ထဲးမှာလဲ တာတေစနေသားကိုအကြိုက်ဆုံးဘဲ ဝန်ကြီးချုပ်ဟာလူတအားပီသတယ် အဆိုးတွေရေားအကောင်းတွေ
ပါရေားနေတဲ့ ဇာတ်ဆောင်ဝန်ကြီးချုပ်ဦးနုကိုမျက်ဝါးထင်ထင်တွေရတယ်။အာဏာရှင်ဗိုလ်နေဝင်းကတော့ 
ဗိန်လိန်း ဇာတ်လမ်းသက်သက်ဖတ်ရသလိုဘဲ ဆက်စုပ်ရွံရှာဖွယ် ဝိဘဇ္ဇရသ တမျိုးတည်းပေးတာပါ။ကျန် တဲသုံးအုပ်က ရသ စာပေအမျိုးအစားတွေဆိုတော့အခန်းရောက်မှဘဲဇိမ်နဲဖတ်ဖြစ်တော့တယ် စဖတ်ဖြစ်
တာက ဆရာမခင်ခင်ထူးရဲတေားမင်းသမီး  ဆရာနေဝင်းမြင့်နဲ ဆရာမခင်ခင်ထူးတို့ ရဲ စာတွေကိုကျွှန်တော်
အရမ်းနှစ်သက်ပါတယ် ဆရာတို့ လင်မလားဟာစာပေအလုပ်နဲ အသက်မွေးဝမ်းကြောင်းပြု ပြီးဘဝမှာရိုးစဉ်း
စွာနေထိုင်ကြသူတွေပါနောက်သူတို့ ရဲစာအရေးအသားတွေမှာအညာ လေကိုတွေ့ ရတာပါဘဲ။
    ဆရာမရဲ အမှာစာကို က တေားမင်းသမီးတွေဆိုတဲ့  မင်္ဂလာသီချင်းလေးနဲသြ ဘာသံပေးထားတယ်

   အောင်သီချင်းနဲ့ အောင်ခြင်းဇေယျံ.....နှလုံးလိုရာ အို မကြာ ပြည့်ကြောင်းမှန် .....မင်္ဂလာစောင်းသီးချင်း
ကောင်းခြင်းဇေယျအသံ.....သောင်းတွင်ကြေညာရန်.....သဘေားစိတ်ရှိသမျှဖြင့် မနောမယိဒ္ဓိပြည့်စုံပါစေ
အမြန်....စိတ္တသုခံ သုခံ ကာယသုခံ သုခံ......သိဒ္ဓါဘဝန္တု ညွန်းဆု သဗ္ဗေ က္ကုစ္ဆိတံ။
     
              တောမင်းသမီးကိုစိတ်ဝင်စားတာက 
             ကျွှန်တော့်ယောက္ခမကြီးကြောင့်  ခင်ဗျ ကျွှန်တော်သားတွေကို နေ့ခင်းဘက်
သူအိမ်မှာထိန်းပေရင်း ပခက်လွဲရင်သီချင်းတွေဆိုတယ် အားပါးသီချင်းတွေကကောင်းမှကောင်းစုံနေ
အောင်ကိုရတာကလား။ကျွှန်တော်အမေကတော့ ကျွှန်တော်တို့ ငယ်ငယ်က မိတ္တီလာကန်တော်အောက်က
ဖားကောက်ခဲ့ မယ်ဆိုတဲ့သီချင်းနဲ ဆိုပြီးသိပ်တာ ကျွှန်တော်လည်းဒီသီချင်း ညီတွေညီမတွေလည်းဒီသီချင်း
ကြာတော့အလွတ်တောင်ရနေပေါ့။ယောက္ခမကတော့စုံတယ် ဒါနဲမိန်းမမေးကြည့်တော့ သူ့ အမေကစစ်ကိုင်
ကတော့မင်းသမီးမှန်းသိရတာအော်ဒါကြောင့်ကိုး။ ကဲးထားတော့ အခု ဆရာမခင်ခင်ထူးရဲ တေားမင်းသမီး
ကိုဖတ်ရမှ မြန်မာ့ရှေးအမျိုးသမီးတို့  သမ္မာအာဇီးဝအလုပ်တမျိုးအကြောင်းလေ့လာတွေရှိရတော့တယ် ပြော
တောသာတေားမင်းသမီးဖြစ်ဘို့ ကတယ်မလွယ်ပါလားနော်  တကယ်ကိုဘဝနဲ ရင်းခဲ့ရတာပါ။စာတွေလည်း
ကျက်ရတယ် နောက်တူရီယာအကြောင်း ဆိုင်းဆင့် ပတ်တိုက်တွေ အကြောင်းအကုန်လေလာထားရတာ 
လွယ်လွယ်နဲမဖြစ် ဖြစ်လာပြန်တော့လည်းရန်သူတွေဝိုင်းလာပြန်ရေား မြင်ရတဲ လူဆိုးလူမိုက် လူရန်ကား
တွေ အပြင် မမြင်ရတဲ့ နာနာဘာဝ ဝိနာဘာဝတွေပါ နှောက်ယှက်တဲ့ အထဲးပါနေပါရေားလား။ ဆရာမက 
ဝတ္ထု ၁အုပ်လုံးကို အညာလေနဲရေးသွားတယ်  ဇာတ်ဆောင် ဥသြသံအေး ဆိတဲ့ တေားမင်းသမီးကြီးဟာ
အညာတေားမင်းသမီးကြီးအဖြစ်ရုပ်လုံးကြွနေတယ် ဒါဆို အောာက်ပြည်ကထွက်တဲ့ တေားမင်းသမီးတွေ
ေ၇ားမရှိနိုင်တော့ဘူးလား မြန်မာပြည်အောက်ပိုင်းဟာ နှစ်၂၀လောကစေားပြီးအင်္ဂလိပ်လက်အောက်ရာက်
ခဲ့ရလို့ မြန်မာမှုတွေဆိပ်သုန်းခဲ့ရတာလား။စဉ်းစားစရာတွေပါ။
        မြန်မာဇာတ်သဘင်လေားကအကြောင်းတွေကို ဆရာမကြီးလူထု ဒေါ် အမာနှင့် အခုဆရာမခင်ခင်ထူး
ဝတ္ထုတွေဖတ်ရမှ တော်တော်သိလာရတယ် ဆရာမကြီးလူထုဒေါ်အမာရဲ့ ဦးဖိုးစိန်နဲ ရွေမန်းတင်မောင် 
စာအုပ်တွေထဲးမှာ မြန်မာဇာတ်သဘင်လေားကရဲ ဂမ္ဘီရဆိုဆို အယူသီးမှု ဆိုဆို ဇာတ်သမားတွေဟာ
ဘုရားအလောင်း ဇာတ်တွေကို ဘယ်တော့မှမကကြဘူး လက်ရှောင်ကြပုံနှင့် ရွေမန်းတင်မောင်
ကခဲ့ပုံ ဒါ့ ကြောင့်ဆုံးခဲ့တာလား။အခု ဆရာမခင်ခင်ထူးရဲတေားမင်းသမီးမှာတော့ ဇာတ်ဆရာတချို့ ရဲ 
စနေသားရှောင်ပုံ ယုန်ကိုဇာတ်စင်ပေါ်အဖြတ်မခံပုံ ယုန်၁ကောင်ဇာတ်စဉ်အောက်ဖြတ်ပြေးရင်တောင် 
ကန်တော့ပွဲပေးပြီးပြန်တောင်းပန်ရပုံတွေ ဖတ်ရတော့ မြန်မာရိုးယာယုံကြည်မှုတွေအကြောင်းအသိတိုး
ရပြန်ရေားလား။
     ကဲးနောက်ဆုံးပြေားချင်တာကတော့ ဒီစာအုပ်ဟာ အရေးအသားရေားဇာတ်လမ်းတည်ဆောက်ပုံရေား
အရမ်ကောင်းတဲ့ အပြင် မင်းသမီးကြီးသြဥသံအေးဘဝ ထဲးကို ထပ်တူဝင်ရောက်ပြီးမြန်မာ့ အညာလေကို
ရှု ရှိတ်လိုက်ရတဲ အရသာဟာ ဒီနှစ် အမျိုးသားစာပေဆုအတွက် အလွန်သင့်တော်တဲ့စာအုပ်၁အုပ်ဖြစ် 
ကြောင်း ကြေညာမောင်း ခတ် ပရစေ။ဒေါ်ရိ ဒေါ်ရ (တော်ရိ တော်ရာ) စာအုပ်မဟုတ်ကြောင်းပါ။
        စာ အမြည်း
    ပွေးကျင်းကဆရာမိုးတားသာ မစွံပါဘူးကွာ...လှူရေးတန်းရေးရှိလို့ နှစ်စဉ်ပွဲထိုးပြီးတားသာ ရွာတဲ့ နှစ်က ရွာသာပါပဲ ...လူလုပ်ဖြစ်တာမှတ်လို့  တစ်နှစ်များမိုးရေားလေရေားချလိုက်တာ ကန်တော့ပွဲတခြားဇလုံ
တခြား..တို့ ရွာကသူကြီးများပွေးကျင်းမိုးတာဆရာဘာကြိုက်တယ်မပြေားတတ်ပါဘူး.....
      
   ပွေးကျင်းဆရာက ကိုယ်ကျင့်သီလမှ မရှိတဲ့နောက် ဘယ်နှယ်လုပ်မိုးတားဖြစ်မှာတုန်း ဟကောင်
ရ ..သူရွတ်သာဖတ်သာနဲဂါထာစွမ်းရမယ်လို့  မဟုတ်သာ...မင်းကြည့်လေ မိုးတားတော့ရွာသကွာ
..မိုးခေါ်တော့ခေါင်သကွာ တို့ ရွာသူကြီး ဝဆွေး(ဝါးဆွေး) ဝကောင်း(ဝါးကောင်း) ထင်ပြီးချွှန်ချင်သာခက်သား။  

               ကဲးအမြည်းစားပြီးပြီး ဗိုက်ဝအောင်စားချင်ရင်တော့ဝယ်သာဖတ်ကြတော့ဗျို......



No comments: