Saturday, October 24, 2015

ယောကြာဂြိုလ်အားနဲသောအခါနှင့် စနေ ဂြိုလ်အင်္ဂါဂြိုလ်တို့ အားကောင်းသောအခါပြုမည့်၂၀၁၅ရွေးကောက်ပွဲ

ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းသောရွေးကောက်ပွဲနေ့ နိမိတ်နဲ့ တိုင်း
ပြည်ရဲ့ ရင်မောဘွယ်အနာဂ *****
အစိုးသစ်မွေးဖွားမည့်ဇာတာ-စန်းလဂ်တစ်ခုလည်းဖြစ်နေပါတယ်-
ရွေးကောက်ပွဲကျင်းပမဲ့နိုဝင်ဘာလ(၈)နေ့ ရဲ ဇာတာစန်းလဂ်
တို့ ကတော့မကောင်းလှပါဘူး၊ဒီနေ့ ဒီရက်နဲ့ အချိန်ကအစိုးရ
သစ်မွေးဖွားမည့်ဇာတာ-စန်းလဂ်တစ်ခုလည်းဖြစ်နေပါတယ်-
ဒီရွေးကောက်ပွဲနေ့ ရဲ့ ထူးခြားချက်ကတော့(၁)နိုင်ငံတော်ဇာတာ
ရဲ့ စန်း တနလာင်္(၂)နိုင်ငံတော်သမတကြီးဇာတာရဲ့ စန်းတနလာင်္
(၃)အတိုက်ခံခေါင်းဆောင်ဇာတာပါ စန်းတနလာင်္နဲ့ (၄) ရွေး
ကောက်ပွဲ နေ့ ရဲ့ စန်းတနလာင်္ စတဲ့  တိုင်းပြည်မှာအရေးပါလှ
တဲ့ ဇာတာတို့ ၏ဘွစန်း တို့ အပေါ် ပါပ အားကြီးသောMars အင်္ဂါ
နှင့်ရာဟုတို့ ကစီးနေချိန်ဖြစ်နေသလိုတချိန်တည်းမှာMarsအင်္ဂါ
ထက်ပါပ အားကြီးနေသော Uranus ယူရေးနပ်စ် ကအထက်ပါ
စန်း ၄ပါးစလုံးကို 180 Degree သမသတ်အမြင်အယှဉ်ရှိနေပြန်
ပါတယ်၊နောက်ထိုအချိန်မှာနိုင်ငံတော်ဇာတာ၏ဗြိစ္ဆာလဂ်ပေါ်သို့ 
စနေစီးနေချိုန်နဲ့ လည်းတိုက်ဆိုင်လို့ နေပြန်ပါတယ်၊ ဒုတိယမိ တခါသရုပ်ဖေါ်ထားပြန်တာက ထိုMars အင်္ဂါ နဲ့ ရာဟု
တို့ က Sagittarius Ascendant ဓနုလဂ်ဖြစ် တဲ့အတိုက်ခံခေါင်း
ဆောင်ရဲ့ MCဆယ်တန့် ဘာဝအပေါ်ကိုဖြတ်သန်းချိန်နဲ့ လည်း
တိုက်ဆိုင်နေသလိုထိုစန်းပေါ်စီးနင်းနေတဲ့ MC-Mars အင်္ဂါ ကအ
တိုက်ခံခေါင်းဆောင်ရဲ့ Ascendant လဂ်ကို 90ံ Degree ကိန်း
အမြင်လည်းရှိနေပြန်ပါတယ်။ဒါဒင်ပဲလားဆိုတော့မဟုတ်သေးပါဘူး
လွတ်တော်ဥက္က္ထဌ သူရရွှေမန်းရဲ့ ကောဇာ မှUranus နှင့်ယှဉ်နေတဲ့
မိန်စန်းတနလာင်္ကိုလည်းကန်ရာသီက Mars အင်္ဂါ နဲ့ ရာဟုတို့ က 
180ံDegree သမတသတ် အမြင်ရှိနေပြန်ပါတယ်၊
တခါရွေးကောက်ပွဲကိုစလို့ နံက်၉နာရီအတွင်းမှာတော့ရွေးကောက်
ပွဲဇာတာက Scorpion Ascendant ဗြိစ္ဆာလဂ်ဖြစ် နေမှာဖြစ်ပြီးစနေ
လဂ်ပေါ်စီးနေမှာဖြစ်သလို အကယ်၍နံက်၉ နာရီထိုးတာနဲ့ ရွေး
ကောက်ပွဲဇာတာလဂ်ကအတိုက်ခံ ခေါင်းဆောင်ရဲ့ ဓနုလဂ် နဲ့ ထပ်
သွားမှာဖြစ်ပါတယ်-ဒီလိုနံက် ၉နာရီ ထိုးတာနဲ့တခါရွေးကောက်ပွဲ
ဇာတာရဲ့  MC ဆယ် တန့် ဘာဝကို Mars အင်္ဂါ-ရာဟု-စန်းနဲ့ နိစ်
သောံကြာတို့ ဖြတ်သန်းချိန်နဲ့ တိုက်ဆိုင်သွားမှာဖြစ်သလိုရွေးကောက်
ပွဲဇာတာရဲ့ ဓနုလဂ်ရယ် Uranus ယူရေးနပ်စ် ရယ် စောစောကMars
အင်္ဂါ+ရာဟု+စန်း-့နိစ်သောံကြာတို့ နဲ့ ကိန်းတြိဂုံးမိသွားမှာဖြစ်ပါတယ်
။ဒီအချိန်မှာရွေးကောက်ပွဲဇာတာမှာပါပ( ဂြိုဟ်ဆိုး )တွေအားအကြီး
ဆုံးစိုးမိုးနေချိန်လည်းဖြစ်သွားမှာဖြစ်ပါတယ်။ 
အောက်တိုဘာလ ၃၁ ရက်နေ့ လောက်ကစပြီး Mars အင်္ဂါဂြိုဟ်က ကန်ရာသီသို့ နဲ့ Declination အနီးဆုံးကိုရောက်လာမှာဖြစ်သလို
နိုဝင်ဘာလ ၃ ရက်နေမှစပြီး Mars အင်္ဂါ က ရာဟုနဲ့ Declination 
အနီးဆုံးရောက်လို့  ဒီဇင်ဘာလ၂၃ ရက်အတွင်းအင်္ဂါကကန်ရာသီ
မှာရှိနေဦးမှာဖြစ်ပါတယ်။ 
သို့ ဖြစ်၍ဤမျှ ပါပ(ဂြိုဟ်ဆိုး) တွေအားကြီးစွာလွှမ်းမိုးနေသောရွေး
ကောက်ပွဲနေ့ မှာထင်တာတွေမဖြစ်သလိုမထင်မှတ် တာတွေလည်း
ဖြစ်လာနိုင်သလိုရွေးကောက်ပွဲနေ ရဲ့ လက်တစ်ကမ်းအလိုနဲ့ ရွေးေ
ကောက်ပွဲ့ ရလဒ်ရဲ့ နောက်ပိုင်းရက်တွေမှာလူစု လူဝေနဲ့  လှုပ်ရှား
မှု့ များရှိနေမည်ဆိုပါကမထင်မှတ်ဘဲ အဓိကရုန်းတွေ-သွေးထွက်
သံယိုမှု့ တွေအဖမ်းအဆီးတွေစတဲ့ အနိဌာရုံတွေကိုအလွယ်တကူသ
ရုပ်ဖေါ်လာနိုင်မှာဖြစ်ပါတယ်၊သို့ ဖြစ်၍ နိဝင်ဘာလ ၂ ရက်နေ့ က
စပြီးရွေးကောက်ပွဲအတွက်လူအင်အားနဲ့ လမ်းမပေါ်တက်ပြီးမဲဆွဲ
တာများတွေလုပ်ကြ မယ်ဆိုရင်ပါတီတိုင်းကအထူးသတိထားဆင်ခြင်
ကြရမှာဖြစ်သလိုရွေးကောက်ပွဲကောမရှင်မှချ မှတ်ထားတဲ့စည်းကမ်း
ဘောင်အတွင်းမှလှုပ်ရှားနေကြမည်ဆိုတောင်မမျော်လင့်ဘဲအနိဌာ
ရုံတွေကိုသရုပ်ဖေါ်လာနိုင်ပါတယ်။ဒီဇင်ဘာလ၂၄အအတွင်းအင်္ဂါ+
ရာဟု+Uranus နဲ့ ရွေးကောက်ပွဲရဲ့ ဓနုလဂ်တို့ ၏ ကိန်းတြိဂုံးမိနေတာ
များကအားရှိနေဦးမှာမို့ ရွေး ကောက်ပွဲရလဒ်နောက်ကွယ်မှာလည်မ
ကြေလည်မှု့ တွေမကျေနပ်ချက်တွေကအန်ထွက်လာနိုင်တာမို့ ပါတီ
တိုင်းကမိမိတို့ ရဲ့ ပါတီလှုပ်ရှားမှု့ ကြောင့်တိုင်းပြည်အတွက်မင်းပြောင်း
မင်လွဲမတိုင်ခင်တိုင်းပြည်မှာအနိဌာရုံတွေမဖြစ်ရအောင် တော့အထူးသိ
ထားကြရမှာဖြစ်ပါတယ်။ဇဗ္ဈူ ဒီပါနိမိတ်ထွန်းတဲ့တောင်ကျွန်းမှာတည်
နေတဲ့မြန်မာပြည်အတွက်နိမိတ်က အရေးပါလှတာမို့ လာမည့်ရွေး
ကောက်ပွဲမတိုင်ခင်သို့ မဟုတ်ရွေးကောက်ပွဲအပြီးမင်းပြောင်းမင်းလွဲ
မတိုင်ခင်မှာအနိဌာရုံတွေနဲ့ ကင်းနေဘို့ တော့အထူးလိုအပ်ပါတယ်။
အကယ်၍ရွေးကောက်ပွဲကအနိဌာရုံတွေနဲ့ ယှဉ်သွားမယ်ဆိုရင်အနိဌာ
ရုံနဲ့ ယှဉ်သွားတဲ့ရွေးကောက်ပွဲက ပေါက်ဖွားလာတဲ့မင်းနဲ့ အစိုးရက
တိုင်းပြည်ကိုနိုင်နင်းစွာထိမ်းသိမ်းနိုင်စွမ်းကဘယ်လိုမှမရှိနိုင်သလို-
ဒုတိယဒီမိုကရေစီ ၅ နှစ်သက်တမ်းအတွင်းတိုင်းပြည်ကယိမ်းယိုင်
သွားနိုင်ပါသည်၊အဆုံးအစွန်ဆုံးတိုင်းပြည်ပင်ပြိုကွဲသွားနိုင်တဲ့အထိ
အာဏာသိမ်းရမဲ့ အခြေနေအထိသို့ မဟုတ်ပြည်တွင်းစစ်စတဲ့အနိဌာ
ရုံတွေအထိဖြစ်သွားနိုင်ပါတယ်၊
ရွေးကောက်ပွဲနဲ့ မင်းပြောင်းမင်လွဲအချိန်မှာအနိဌာရုံနိမိတ်တွေနဲ့ 
ယှဉ်သွားခဲ့ပါရင်တော့ တိုင်းပြည်အတွက်ရင်နာစရာတွေဖြစ်လာ
နိုင်ပါသည်၊
ယနေ့ တိုင်းပြည်ကိုအနိဌာရုံနိမိတ်တွေလွှမ်းခြုံနေကြလေတော့ ရှေ့ 
မှာရင်မောစရာတွေကဘဲကြိုဆိုနေမှာ။
October 20th 2015 ထုတ် TOMORROW NEWS JOURNAL
မှကောက်နုတ်တင်ပြပါသည်၊။




No comments: