Thursday, March 17, 2016

သမ္မတကြီးဦးထင်ကျော်နှင့်ဂဇကေသရီယုဂ်

သမတ ဦးထင်ကျော်ဇာတာက ဒေါ်အောင်ဆန်းစုကြည်ထက်အများကြီးသာ
လွန်နေပါတယ်- မကြာခင်ဘိတ်သိပ်မြောက်လိုက်တာနဲ့ မြန်မာပြည်မှာဘုန်းအ
ကြီးဆုံးပုဂ္ဂိုလ်ဖြစ်သွားမှာပါ-
ဇာတာရဲ့ မွေးအချိန်ကို rectify လုပ်ချက်အရလဂ်က ကြဋ် 4 degree မှ5 degree
အတွင်းမှာရှိနေပြီး MC ဆယ်တန့် ဘာဝက မိသာရာသီ အင်္ဂါ စိုးမိုးထားသော
( Ashwini ) အသာဝနီ နက္ခတ်ကိုစီးထား၏သို့ ဖြစ်၍ MC ဆယ်တန့် အားရှိနေခြင်း၊
ဆယ်တန့် ဘာဝ အနေကောင်းနေခြင်း ဆယ်တန့် ဘာဝသည် စန်း၏ ဗျ ယ ၁၂ တန့် 
နှင့် ၈ တန့် တို့ ၌တည်မူ မကောင်းပေ- ယ္ခု သမတ ဇာတာ၏ ဆယ်တန့့် ဘ၀ MC က
စန်း၏ ၂ တန့် ၌တည်၍အနေကောင်းခြင်း၊လဂ်၌ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးယှဉ်နေခြင်း၊ပြ
စနေကလဂ်နှင့်ယှဉ်နေပေမဲ့ စန်းနှင့်ကိန်းလွတ်နေခြင်း။
လဂ်သ္ခင်စန်းက ၉တန့် ၌တည်ပြီး၉တန့် သ္ခင်ကြာသပတေးက၉တန့် ရှိလက်သ္ခင်စန်း
ကိုအမြင်ရှိနေခြင် ဤသည်က ဂဇကေသရီယုဂ်နဲ့ တန်းတူဖြစ်နေခြင်း။တခါ စန်းရဲ့ 
MC ကလဂ်၏ ၆ တန့် ၌တည်၍အနေကောင်းနေခြင်း။ တနင်္ဂနွေ၏ MC က လဂ်ရဲ့ 
MC နှင့် တစ်ထပ်တည်းကျ နေခြင်းက MC ဆယ်တန့် ဘာဝကိုနှစ်ဆအားရှိသွားစေ
ခြင်း၊စသဖြင့် ရိုးရီုးလေးနဲ့ သန့် သန့် လေးအားရှိနေသောဇာတာကောင်းဖြစ်နေသလို
စန်း+ ကြာသပတေး combination နှင့် Uranus နှင့် ၃ တန့် ကြာသပတေးတို့ က
( 120 degree ) တိတိပပအမြင်အယှဉ်ရှိနေခြင်းတို့ က သမတကြီးမှာမြင့်မားသော
အတွေးအခေါ်တွေရှိနေခြင်းဗုဒ္ဓဘာသာပီသခြင်း- လဂ်နှင့် တနင်္ဂနွေ တို့ ၏ MC တို့ 
တစ်ထပ်တည်းကျ ပြီးကမိသရှိMars အင်္ဂါ စိုးမိုးထားသော Ashwini နက္ခတ်ကိုစီး
ထားခြင်းကိုက အုပ်ချုပ်ရေးလူတန်းစား-မင်းစိုးရာဇာအတွက်အားတွေကိုဖြစ်စေ
သလိုလက်ရှိစစ်တပ်နှင့်လည်းသဟဇာတကျ နိုင်ခြင်း။နောက်အရေးပါဆုံးက
သမတကြီး၏ MC ဆယ်တန့် သ္ခင်က နိုင်ငံတော်ဇာတာ၏လဂ်သ္ခင်နဲ့ နိုင်ငံတော်
၏MC ရာဇပုလ္လင်ရှိ အင်္ဂါနှင့် တစ်ထပ်တည်းကျနေခြင်းအကြောင်းတရားတို့ က
သမတကြီးအနေနဲ့ MC ၌ အင်္ဂါ စိုးမိုးထားသောနိုင်ငံတော်ရာဇာပုလ္လင်၌မင်းဖြစ်
ထိုက်သောအကြောင်းတရားများပါလာခဲ့ရခြင်းဖြစ်ပါသည်။
သို့ ဖြစ်၍သမတကြီး၏ဇာတာက ရုပ်သေးသမတ မဖြစ်နိုင်တာမို့ ဒေါ်အောင်ဆန်းစု
အနေ နဲ့ Washington Post ကိုပြောခဲ့သော < ကျ မက သမတ အထက်မှာနေ
မယ်-သမတ ကကျ မဘေးမှာထိုင်ရမယ်>ဆိုတာတွေကို ခေါငိးထဲကနေထုတ်ပစ်
ရမှာဖြစ်ပါတယ်မိမိကိုယ်၌ မင်းဖြစ်ဘို့ အကြောင်းတရားမပါခဲ့တာမို့ တစ်ကမ္ဘာလုံး
တပြည်လုံးနဲ ကမ္ဘာ့ထီးဆောင်မင်းရာကျော်တို့ ၏ဖိအားတွေနဲ့ ကမ္ဘာမီဒီယာတို့ 
၏တဘက်စီးနင်းကျပေးနေကြတာသော်မှ မိမိမှာမင်းမဖြစ်လာနိင်တာကိုတရား
သဘောနဲ့ ဆင်ခြင်သင့်သလိုမြန်မာမင်းတွေရဲ့ ရာဇ၀င် တစ်လျောက်တိုင်းပြည်
ကိုဘယ်ရုပ်သေးမင်းမှမစိုးမိုးမအုပ်ချုပ်ခဲ့ကြဘူးဆိုတာရယ်မြန်မာဆိုတာကရုပ်
သေးအစိုးရ ရုပ်သေးသမတအအုပ် ချုပ်ခံလူ မျိုးတွေမဟုတ်ဘူးဆိုတာကိုလည်းး
အချိန်မှီ နှလုံးသွင်းထားသင့်ပါတယ်။ပြီးတော့ မိမိကိုယ်၌ကမင်းဖြစ်ဘို့ အကြောင်း
တရားမပါခဲ့တာမို့ မိမိက မိမိအတွေးအခေါ်တွေနဲ သမတ ကိုကြိုးဆွဲပါရင်လည်း
တိုင်းပြည်အတွက်ဘာမှကောင်းလာစရာအကြောင်းမရှိပါဘူး၊
အကယ်၍ဒေါ်အောင်ဆန်းစုကြည် ကလက်ရှိသမတ ကိုရုပ်သေးသမတအဖြစ်အ
ရုပ်လုံးဖေါ်လာမယ်ဆိုရင်-ရုပ်သေးမင်းကို လက်မခံမဲ့ နိုင်ငံတော်ရာဇာပုလ္လင်က
သမတ ဦးထင်ကျော်ရာဇာပုလ္လင်ကနေ ကန် ချ ဘို့ အကြောင်းတရားများ
ဧကန် ရှိလာမှာဖြစ်ပြီး လက်ရှိသမတ ဆင်းသွားရရင် ဒုသမတ က သမတ ဖြစ်
လာဘို့ အခြေနေတွေကိုပေးသွားနိုင်ပြီးNLD မှာလည်း conflict တွေဖြစ်လာနိုင်ပါ
တယ် ၊၊ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်က မိမိ ခေါင်းထဲမှာရှိနေတဲ့ သမတအ
ပေါ်မှာနေမယ်-သမတ ကကျ မဘေးမှာထိုင်ရမယ်ဆိုတာတွေကို ခေါင်းထဲကအ
ချိန်မှီ delete လုပ်ပစ်ဘို့ လိုအပ်ပါတယ်။သမတဦးထင်ကျော်ကသူ့ အတွေးအ
ခေါ် သူအစွမ်းအစနဲ့ လွတ်လွတ်လပ်လပ်တိုင်းပြည်ကိုဦးဆောင်ခွင့်ပေးလိုက်ပါ။
သမတကြီးကလည်းမိမိတို့  NLD ကမဟုတ်တဲ့ Political skill နဲ့ knowledge
တွေနဲ့ ပြည့်ဝတဲ့မြန်မာ-သမတ အကြံပေးတစ်ယောက်ကိုခန့် ထားသင့်ပါတယ်။
နက္ခတ်ဗေဒင်လောကမှာကျွ န်ပ်က ဟိန္ဒူ မူကိုဖက်ထားသူမဟုတ်ပါ မိမိ အတွေး
အခေါ်နဲ့ မိမိတည်ဆောက်ထားတဲ့မူပိုင် Theory တွေနဲ့ ဘဲအများဆုံးဟောပြော
တတ်ပါတယ်။ယ္ခုလည်း Logically သုံးသပ်ထားတာဖြစ်ပါတယ်။
နက္ခတ်ဗေဒင်ဆိုတာကစကြာဋ္ဌာ လောက်ကျ ယ်ဝန်းနက်ရှိုင်းလွန်းလှနေတာမို့ 
နက္ခတ်ဗေဒင်မှာ ဘောင်မခတ်ထားပါ-လွတ်လွတ် လပ်လပ်ကျယ်ကျယ်ပြန့် 
တွေးခေါ်ယူနိုင်ပါတယ်၊

No comments: