Saturday, March 12, 2016

မွန်သူရဲကောင်း သမ္မတကြီးဒလဘန်း။

မွန်သူရဲကောင်းသမ္မတဒလဘန်း လာပြီ။
ဂြိုဟ်နက္ခတ်ရပ်တည်မှုတွေကတော့
သမ္မတဖြစ်ထိုက်သော ဇာတာရှင်...............အမေရိကန်သမ္မတGeorge W Bushဖြင့် မွေးနှစ်၊မွေးလ၊မွေးဖွားချိန်လဂ်တူညီနေသော မြန်မာနိုင်ငံသမ္မတ
Zayar Ko added 7 new photos.
11 mins
မရည်ရွယ်ပဲစော်ကဲမင်းဖြစ်..........အိပ်မက်ပင်မမက်ခဲ့ဘူးသော
မြန်မာနိုင်ငံသမ္မတရာဇပလ္လင်ထက်.........ဆန်းဆန်းပြားပြားရောက်ရှိလာ
ခဲ့သူတစ်ဦး................ဒါပေမယ့် ဂြိုဟ်နက္ခတ်ရပ်တည်မှုတွေကတော့
သမ္မတဖြစ်ထိုက်သော ဇာတာရှင်...............အမေရိကန်သမ္မတGeorge W Bushဖြင့် မွေးနှစ်၊မွေးလ၊မွေးဖွားချိန်လဂ်တူညီနေသော မြန်မာနိုင်ငံသမ္မတ
...................
ကရကဋ်လဂ်......မြတ်သောန၀င်းစီးနင်းပြီးတနင်္လာဂြိုဟ် သုဘဘာဝ
ရပ်တည်မှုအရ ဘုန်းကံသြဇာအရှိန်အ၀ါထွန်းတောက်မည့် ရာဇသုဘယုဂ်၊
ဖလယောဂယုဂ်များရရှိနေမှု။သောကြာမြတ်သောန၀င်းစီးနင်းနေမှု။တနင်္ဂနွေ
ဂြိုဟ်ကသစ်န၀င်းစီနင်းနေမှု၊ကြာသပတေးဂြိုဟ် သုဘသူကြွယ်ယုဂ်ရရှိထားမှု
များ ဇာတာတွင်အားကောင်းသည်။ကံဂြိုဟ် အမည်ဂုဏ်သတင်းကျော်ကြားမည့်
ပုတ္တဘာဝဖလယောဂယုဂ်ရရှိထားသည်။
မွေးနံစနေနိစ်ပြမိပြီး ပြအိမ်ပြန၀င်း အထူးညံ့သည်။ရာဟုဗျာယ
၊ကိတ်အာရီ အားပျက်နေသည်။ဗုဒ္ဓဟူးဂြိုဟ်အားအသင့်တင့်ကောင်းမွန်သည်။
ယူရေးနပ်စ်နှင့်ရာဟု ဒီဂရီနီးကပ်စွာပူးယှဉ်လျက်ဗျာယဘာဝရပ်တည်မှုမှာကား
ပြင်းထန်စွာပေါက်ကွဲမည့်ပဋိပက္ခပြသနာကြီးများဖြင့်ရင်ဆိုင်ဖြေရှင်းရနိုင်သည်။
အဆိုပါဂြိုဟ်နှစ်လုံး၏အရှိန်သည် နိုင်ငံရေးအဓိပတိဂြိုဟ်အင်္ဂါအား ၉၀ံကိန်း အကွာအဝေးဖြင့် ဆက်သွယ်နေသည်။
ဒသာစနစ်အရ ၂၀၁၆မေ၁၁ကျော်လွန်ပြီသည့်နှင့် ယောဂကာရက အင်္ဂါဂြိုဟ်၏ဒသာစားဝင်မည်။တနင်္လာနှင့်အင်္ဂါက နိုင်ငံတော်သမ္မတရာထူး
တာဝန်ကိုမရည်ရွယ်ပဲ ပေးအပ်နှင်းခဲ့သလို......ဗျာယဘာဝမှာ ယူရေးနပ်စ်နှင့် ရာဟုမှလည်း ပြသနာများဖန်တီးပုံဖော်ဖို့ ၉၀ံ ကိန်းအမြင်အကွာအဝေးဖြင့်
စောင့်ဆိုင်းနေချိန်ဖြစ်ပေသည်။
အမေရိကန်သမ္မတဘုရှ်ကတော့ သမ္မတသက်တမ်း(၂)ဆက်တာဝန်ယူ
နိုင်ခဲ့သလို စစ်ပွဲကြီးတွေလဲဖန်တီးဆင်နွှဲခဲ့တဲ့သမ္မတတစ်ဦးပါပဲ။လက်ရှိ
မြန်မာနိုင်ငံသမ္မတဖြင့် မွေးဖွားရက်ကွာခြားမှု၊တနင်္လာစန်းကွာခြားမှု၊
တနင်္ဂနွေနေမင်းကွာခြားမှု၊ဒသာစနစ်ကွာခြားမှုများကြောင့် သမ္မတဘုရှ်
နှင့် ကွဲပြားသောကံတရားအခြေအနေများ ဖြစ်ပေါ်လာပေလိမ့်မည်။
မြန်မာပြည်၏သမ္မတသစ်အား အထင်သေးဖို့ မသင့်လျော်ပါ........
အမေရိကန်သမ္မတဘုရှ်ဖြင့် နီးနီးစပ်စပ်ဇာတာဆင်တူသူတစ်ဦးဖြစ်သည်။
သမ္မတသစ်၏အနာဂတ်ကံကြမ္မာကို ဖေါ်ပြလိုပေမယ့်.........ရင်ထဲမှာပဲသိမ်းထားလိုက်ပါတော့မည်........မသိမ်းထားပဲ တွေ့ရာမြင်ရာ ထည့်တိုးပြောမိလျှင်
................................ကျွန်တော်လည်းမကောင်းပါ..........အဆဲလဲမခံချင်သလို
............အချို့ကြားညှပ်နိုင်သောကိစ္စများအတွက်လည်း လက်ရှောင်မိပါသည်။(ဆရာဇေယျာကို)

No comments: