တကယ်တော့ စနေနေ့ ဆိုတာကျွှန်တော်တို့ အတွက် အလုပ်နေ့ ဝက်ပဲဆင်းရပြီး နပ်ရတဲ့နေ့  ဒီနေ့ လဲကျွှန်တော် အဝတ်လျှော်ရေချိုးပြီးcomputerဖွင့် ဖတ်ချင်တဲ့စာအုပ်တွေဒေါင်းလုပ်ဆွဲနေတုန်း ဘူဂျန်းနင်း သူဌေးတူရောက်လာပြီ အလုပ်ရှိတယ်လုပ်မလားလာမေးပါလေရော၊ကျွှန်တော်လဲ အေးလုပ်မယ်ပေါ့ တကယ်တော့သူအလုပ်တွေကစက်ရုံအလုပ်တွေမဟုတ်ဘူး သူကိုယ်တိုင်ကအပြင်ဆိုဒ်သမားဒီနေ့ လဲဘယ်ကဘယ်လိုအလုပ်လက်ခံထားလဲမသိကျွှန်တော်တို့ မြန်မာ၂ယောက်သူကားပေါ်တက်ပြီးOvertime ဆင်တယ်ပေါ့ဗျာ ကျွှန်တော်တို့ နေတဲ့နေရာကနေတော်တော်လှမ်းတဲ့နေရာ တောင်ခြေလယ်ထဲးမှာအလုပ်ကလဲ မပင်ပန်းဘူးထင်လို့ လိုက်လာတာ ဒီရောက်မှသိရတာလယ်ကဇင်းရီုးက ဂျိုင့်တွေကွန်ကရစ်နဲတာမံတုပ်မှာ ကိုရီးယားမှာက လယ်ထွန်တာရိပ်သိမ်းတာအကုန်စက်တွေနဲချည်လုပ်တာဆိုတော့ လယ်ကွက်တွေထဲးကားဝင်လို့ ရအောင်လမ်းတွေကိုကွန်ကရစ်ခင်းထားတယ် မြန်မာပြည်လိုမြိုထဲးလမ်းတွေတင်ကွန်ကရစ်ခင်းတာမဟုတ်ဘူးထုံးစံအတိုင်း ကွန်ကရစ်ဖျော်တဲ့ကားလာမယ်ပြီးရင်ကားကခင်းမယ့်နေရာသွန်ချပေးမယ် ကျွှန်တော်တို့ ကလိုက်ညှိရမယ်ဒီလိုထင်ထားတာ တကယ်လက်တွေ့ကအဲလို့ မဟုတ်ဘူးဗျ ကားကလည်းကဇင်းရိုးကိုတဖက်ထဲးကဘဲဝင်ရသလို ကွန်ကရစ်ကားရဲ လည်နေတဲ့ အုန်းမွေးလုံးကြီးက မြင့်တော့ ကဇင်းရိုးပေါ်မှာရှိတဲ့ သစ်ပင်ရဲအကိုင်းတွေနဲမလွတ်ဘူးဗျ ကျွှန်တော်ကမလွတ်တဲ့ကိုင်းတွေခုတ်လိုက်ပါလားဆို့ တော့ကိုရီးယားတွေက မခုတ်ဘူးခင်ဗျ (သစ်ပင်၁ပင်လုံးမဟုတ်ဘူးနော်အကိုင်းတောင်မခုပ်တာဗျ)ကျွှန်တော်တို့ ဆီမှာတော့ ဓာတ်တိုင်စိုက်တာမလွတ်လို့ နှစ်၂၀၀သက်တမ်းရှိတဲ့ သစ်ပင်တွေတောင်ခုပ်ပစ်လိုက်တာ အော်ကွာပါ့နော် ကဲးအခုသူမခုတ်တော့ကျွှန်တော်တို့ မြန်မာ၂ယောက်ပင်ပန်းတော့တာပေါ့ဗျာ လမ်းပေါ်မှာပုံထားတဲ့ ဘီးလပ်မြေ မဆလာတွေကို လက်တွန်းလှည်းနဲ့ တင်ပြီးတာမံတုတ်တဲ့ဆီသယ်ရတော့တာပေါ့ ၃ယောက်သားလုပ်လိုက်တာ ညနေ၃း၃၀ကနေည၇း၀၀ထိုးမှဘဲပြီးတော့တယ် အလုပ်ပြီးတော့ ဝက်သားပြုတ် ဘီယာလေး အအေးလေးနဲစားပြီး ကျွှန်တော်တို့ ၂ယောက်အတွက်ဒီလအတွက်ဆန်ရယ်ဆီရယ်ကြက်၂ကောင်ဝယ်ပေးတယ်ခင်ဗျ။ဒီလတော့ ထမင်းဘိုးမကုန်တော့ဘူးပေါဗျာ။ဒီနေ့ ကျွှန်တော်တို့ ရလိုက်တဲ့သင်ခန်းစာက ကိုရီးယားတွေဟာသဘာဝကို သစ်ပင်တွေကိုဘယ်လိုတန်ဘိုးထားသလဲဆိုတာပါပဲ။ကမ္ဘာ၁၃ခုမြောက်အချမ်းသာဆုံးနိုင်ငံကတောင်သစ်ပင်တွေကိုအဲလိုချစ်မြတ်နိုးရင်ကျွှန်တော်တို့မြန်မာနိုင်ငံသားတွေလဲ သစ်တေားသစ်ပင်တွေကိုချစ်ကြပါလို့ပြေားချင်ပါတယ်ဗျာ။အင်းကျွှန်တော်အတွေအကြုံ လေးနဲ ပြေားရပေမဲ့ ကိုယ်မခုတ်လဲ ယိုးဒယားကဝင်ခုတ်လိုက် တရုပ်ကဝင်ခုတ်လိုက်နဲ အင်းးးးးး ပြောင်နေပါပြီ။
ထို အမြီးနှစ်ခွ ကြည်ပြာရောင် Catalina ကြယ်တံခွန်သည် ၂၀၁၆ ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အတွင်း ကမ္ဘာနှင့် အနီးဆုံးမှ ဖြတ်သန်းနေမည် ဖြစ်သောကြောင့် ရာစုတစ်ခုအတွင်း ထူးခြားသောနှစ်သစ်ဟု ဆိုလောက်ပေသည်။ ထို Catalina (ကက်တာလီနား) အမြီးနှစ်ခွ ကြည်ပြာရောင်ကြယ်တံခွန်ကို အောက်တိုဘာလ ၃၁ ရက်၂၀၁၃ မှာ ကယ်လီဖိုးနီးယားပြည်နယ် Catalina နက္ခတ်မျှော်စင်မှ စတင်တွေ့ရှိခဲ့ပြီး ၎င်းကြယ်တံခွန်ကို C/2013 US10 လို့ အမည်ပေးထား ခဲ့ကြပါသည်၊ ၂၀၁၆ နှစ်သစ်ကူးနေ့မှာပင် ထူးခြားနေသည်က ကျွန်ုပ်တို့ နေစကြဝဠာ အတွင်းသို့ ကြယ်တံခွန်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးကြပါ သော်လည်း ဤကက်တာလီနား ကြယ်တံခွန်လို ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သွားခဲ့ဖူးသော ကြယ်တံခွန်ဟူ၍ အနည်းငယ်မျှသာ ရှိနေနိုင်သလို ပိုလို့ထူးခြားသွားတာက New Year နေ့မှာပင် တိတိပပ ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာပြီး နှစ်သစ်၏ပထမလ ဇန်နဝါရီလ ၁၇ ရက်အတွင်းမှာ ကမ္ဘာနဲ့အနီးဆုံးမှ ဖြတ်သန်းနေဦးမည် ဖြစ်ပြီး မိမိတို့ရဲ့ သာမန်မျက်စိနဲ့ပင် ကောင်းစွာအမြင် အယှဉ်ရှိနေမှာ ဖြစ်ပါတယ်။
ထိုကြယ်တံခွန်သည် ဇန်နဝါရီလ ၆ ရက်နေ့ တနလာင်္ + သောကြာတို့ ပူးယှဉ်နေချိန်မှ ဇန်နဝါရီလ ၁၇ ရက်အတွင်းမှာ ကမ္ဘာမှ မိုင်ပေါင်း (၆၈) သန်း (ကီလိုမီတာ သန်း ၁၁၀ ) အကွာမှ ဖြတ်သန်းသွားနေမှာ ဖြစ်ပါတယ်။ တစ်ခါ ကြယ်တံခွန်က တူရာသီ (Arcturus) သွာဝတိ နက္ခတ်ပေါ်ကနေ ဖြတ်သန်းမှာ ဖြစ်ပါတယ်။ သွာဝတိနက္ခတ်သည် ကမ္ဘာနဲ့ အနီးဆုံးနှင့် အတောက်ပဆုံးဖြစ်တဲ့ Arcturus ကြယ်နဲ့ အနီးဆုံးမှာ ယှဉ်နေသလို သွာဝတိဆိုတာက အစွမ်းထက်တဲ့ဓားလို့ အဓိပ္ပာယ် ရှိနေပြန်ပါတယ်။ ကြယ်တံခွန်အမြီးတန်းက မိုင်ပေါင်း ၅ သိန်းအထိ ရှည်လျားနေမှာ ဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း တစ်သိန်းသုံးသောင်း (၁၃၀,၀၀၀) နှုန်း ဖြတ်သန်းနေမှာ ဖြစ်ပါတယ်။
ရှေးရောမ-ခေါမ-အီဂျစ် အင်ပါယာကြီးများ ကြီးကျယ်ခမ်းနားနေစဉ် ကတည်းက နန်းတွင်းပုရောဟိတ် တို့က ကြယ်တံခွန်ပေါ်လျှင် တိုင်းရေး ပြည်ရေး-နန်းရေး မင်းအရေးတို့အတွက် အရေးပါသော ဟောကိန်းများကို ထုတ်လေ့ရှိတတ်ကြပါသည်။ ဥပမာ - ကြယ်တံခွန်က နန်းတော်အရှေ့ ပေါ်လာလျှင် စစ်မက်အင်္ဂါ-ကြီးထွားမည်၊ အကယ်၍ နန်းတော်အနောက်မှ ကြယ်တံခွန်ပေါ်ပါက နန်းတွင်းအရေးတော်ပုံ ရှုပ်ထွေးလာမည်၊ ကြယ်တံခွန်က နန်းတော်အထက်က ဖြတ်သန်းလျှင် မင်းနန်းကျကိန်း၊ လုပ်ကြံကိန်း ကြုံလိမ့်မည်၊ မင်းပြောင်းမင်းလွှဲဖြစ်မည် စသဖြင့် ဟောကိန်းများကို ထုတ်လေ့ ရှိတတ်ကြပါသည်။ ရောက်ဆဲ ခေတ်မီတိုးတက်နေသော သိပ္ပံခေတ်ကြီးမှာတော့ နန်းတော်ကိုစံထားလို့ ဟောကိန်းထုတ်ရတာမျိုး မဟုတ်တော့ဘဲ NASA ကပေးလာသော ကြယ်တံခွန်ဖြတ်သန်းမည့် ရာသီနှင့် ကမ္ဘာနှင့် အနီးအဝေး တိုင်းတာပေးထားသော Data တို့အပေါ် စံထား၍ တိုင်းနိုင်ငံတို့၏ ဇာတာ စန်း+လဂ်တို့ အပေါ် ချိန်ထိုး၍ အဟော ထုတ်အပ်ရပေသည်။
ကြယ်တံခွန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အထူးသဖြင့် တိုင်းရေးပြည်ရေး၊ မင်းအရေး၊ နိုင်ငံရေး၊ နန်းတွင်းအရေး၊ စစ်ရေးနှင့် တော်ဝင်အမျိုးနွယ်တို့နှင့် သက်ဆိုင်လို့ ဖြစ်ပျက်နေတတ်ကြ ပေသည်။သို့ဖြစ်၍ ကြယ်တံခွန်ပေါ်လျှင် ၎င်းဖြတ်သန်းသွားသော ရာသီက နိုင်ငံ၏ လဂ်-စန်းတို့ တည်ရာ ရာသီဘာဝတို့နှင့် တိုက်ဆိုင်နေမည်ဆိုပါက ထိုတိုင်းပြည်တို့၌ မင်းပြောင်းမင်းလွှဲ ဖြစ်ခြင်း၊ စစ်မက်အင်္ဂါရပ် ကြီးထွားလာရခြင်း၊ နိုင်ငံရေး မတည်ငြိမ်ရခြင်း၊ မင်း သို့မဟုတ် မင်းနဲ့တူသော ပုဂ္ဂိုလ်တို့ လုပ်ကြံခံရခြင်း သို့မဟုတ် နတ်ရွာစံရခြင်း၊ တော်ဝင်အနွယ်ဖွားတို့၌ နာရေးဖြစ်ရခြင်း၊ တိုင်းပြည်၌ အနိဋ္ဌာရုံတွေ ဖြစ်ပွားလာရခြင်းနှင့် အထူးသဖြင့် ကြယ်တံခွန်ပေါ်သောနှစ်မှာ နန်းတက်သောမင်း တို့က ဇာတ်သိမ်းမလှ ဖြစ်ရခြင်းတို့ကို ဖန်တီးလာနိုင်တာမျိုး များက ရှိလာနိုင်ပါသည်။ ကြယ်တံခွန်ပေါ်တဲ့နှစ် သို့မဟုတ် ကြယ်တံခွန်ပေါ်ပြီး နောက်နှစ်မှာ မင်းပြောင်း မင်းလွှဲများကို ဖြစ်ပေါ်လာစေတတ် ပါသည်။
မြန်မာနိုင်ငံနဲ့ ကြယ်တံခွန်သမိုင်း အဖြစ်ပျက်တွေကို ဆန်းစစ် ကြည့်ကြမယ်ဆိုရင် ၁၉၄၇ ခု ဒီဇင်ဘာလ ၇ ရက်မှ ၁၂ ရက်အတွင်း The Great Southern Comet အမည်ရှိတဲ့ ကြယ်တံခွန်ကြီးက ဖြတ်သန်းခဲ့ပါတယ်။ တစ်ခါ ကြယ်တံခွန်ပေါ်ပြီး တစ်လအတွင်း ၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးကို ရခဲ့တာမို့ တိုင်းပြည်က လွတ်လပ်ရေးနဲ့အတူ သောင်းကျန်သူတွေနဲ့ ဖက်မွေးလာခဲ့ရပြီး ၁၉၄၉ မှာပင် ကရင်-မြန်မာ စစ်ပွဲကြီးကို ဆင်နွှဲခဲ့ရပြီး ကရင်က ရန်ကုန် အင်းစိန်အထိ သိမ်းပိုက်ထားတာကို ဗမာ့တပ်မတော်က တိုက်ထုတ်ခဲ့ရတဲ့အပြင် တိုင်းပြည်က လွတ်လပ်ရေး ရကတည်းက ရောင်စုံသောင်းကျန်သူတွေနဲ့ ဆင်နွှဲနေရတဲ့ ပြည်တွင်းစစ်က ယနေ့တိုင် မငြိမ်းချမ်းနိုင်သေးပေ။
တစ်ခါ ၁၉၅၇ ဇူလိုင်မှ ဩဂုတ်အတွင်း (Mr Kos) မည်တဲ့ ကြယ်တံခွန် ပေါ်နေချိန် ကြယ်တံခွန်နဲ့ ယှဉ်ပြီး ဦးနုက ဒုတိယမ္မိ နန်းတက်ခဲ့ရာမှာ တစ်နှစ်အတွင်း ၁၉၅၈ ခုမှာ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေမို့ ဦးနု ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာ အပ်ခဲ့ရပါတယ်။ အဓိကတော့ ကြယ်တံခွန်ပေါ်ပြီး တစ်လအတွင်း လွတ်လပ်ရေးရခဲ့သလို ဦးနုကလည်း ထိုကြယ်တံခွန်နဲ့အတူ နန်းတက်ခဲ့တာမို့ ၁၉၆၂ မတ်လမှာ အပြီးအပိုင် အာဏာအသိမ်းခံရလို့ ဇာတ်သိမ်းမလှလည်း ဖြစ်ခဲ့ရပြန်ပါတယ်။
၁၉၈၇ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ McNaught အမည်ရှိကြယ်တံခွန်နှင့် တစ်ခါ ၁၉၈၈ မတ်လ ၃ ရက်မှာ Liler အမည်ရှိ ကြယ်တံခွန်နှစ်စင်းလုံးက ၀ ဒသမ ၈၄ (AU) ကမ္ဘာကနေ မိုင် ၇၅ သန်းအကွာ ဗုဒ္ဓဟူးဂြိုဟ် အပြင်ကနေ ဖြတ်သန်းရာ ၁၉၈၈ မှာ ကမ္ဘာ့သမိုင်းဝင် ၈၈ အရေးအခင်းကြီး ဖြစ်ခဲ့ရပါတယ်။ ၁၉၈၈ မှာ ကြယ်တံခွန်တွေ အလီလီ ဖြတ်သန်းလာနေရာက တစ်ခါ ၁၉၈၈ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကမ္ဘာမှ ၀ ဒသမ ၁၆ (AU) မိုင်းပေါင်း ၁၅ သန်းခန့် အကွာကနေ (Machholz) အမည်ရှိ ကြယ်တံခွန်က ထပ်ဆင့် ဖြတ်သန်းခဲ့ရာမှာတော့ အရေးအခင်းကာလ အတွင်း စက်တင်ဘာလ ၁၈ ရက်မှာပဲ စစ်တပ်က ဗိုလ်ချုပ်ကြီးစောမောင်က ထပ်ဆင့်အာဏာသိမ်း ခဲ့ပါတယ်။ သို့သော် ကြယ်တံခွန် ဖြတ်သန်းနေချိန်မှာ မင်းဖြစ်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်ကြီး စောမောင်လည်း ဖြုတ်ချခံရတဲ့အပြင် မကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ်။
နိုင်ငံတော်ဇာတာမှာ ရာဇပလ္လင် ပါပကတ္တိရိယုဂ် သင့်နေတာမို့ လွတ်လပ်ရေးရကတည်းက မင်းတွေဇာတ်သိမ်း မလှခဲ့တဲ့ သမိုင်းတစ်ခုက ရှိနေခဲ့ပါသည်။ ဥပမာ-ပထမဆုံးဝန်ကြီးချုပ် ဦးနုက ၁၉၆၂ မှာ အာဏာ အသိမ်းခံခဲ့ရပါတယ်။ တစ်ခါ ၁၉၈၈ ဦးနေဝင်းလက်ထက်မှာ တစ်တိုင်းပြည်လုံး အုံကြွလို့ ဦးနေဝင်း နုတ်ထွက်သွားရပါတယ်။ ဦးနေဝင်း ထွက်သွားတော့ ဦးစိန်လွင်ကို သမ္မတတင်မြှောက်ခဲ့ရာမှာ ၁၇ ရက်ပဲ ခံခဲ့ပါတယ်။ ဒီနောက် ဒေါက်တာမောင်မောင် တက်လာပါတယ်။ တစ်လ မခံခဲ့ပါဘူး။ စစ်တပ်က ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်းလို့ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရပြန်ပါတယ်။ တစ်ခါ အထက်မှာ ဖော်ပြထားသလို ဗိုလ်ချုပ်ကြီးစောမောင် ကိုလည်း စစ်တပ်ကပဲ ဖြုတ်ချခဲ့တဲ့အပြင် နန်းကျပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ဝန်ကြီးချုပ်ဖြစ်လာ ခဲ့တော့လည်း အဖြုတ်ချခံခဲ့ရသလို သူ့ရဲ့ထောက်လှမ်းရေးတပ်ကြီး တစ်ခုလုံးကိုလည်း ဖြိုခွဲခံ ခဲ့ရပြန်ပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ကြီးစိုးဝင်း နန်းတက်လာပြန်တော့လည်း သွေးကင်ဆာဖြစ်ပြီး သေဆုံးသွား ခဲ့ရရှာပါတယ်။
ဒါတွေက လွတ်လပ်ရေးက ကြယ်တံခွန်နဲ့ ယှဉ်ရခဲ့သလို တိုင်းပြည်ဇာတာမှာ ရာဇပလ္လင် ပါပကတ္တိရိယုဂ် သင့်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ (ပါပကတ္တိရိဆိုတာက ပလ္လင်က ဂြိုဟ်ဆိုးနှစ်လုံး ကြားမှာ ညှပ်နေတာကို ဆိုလိုတာပဲဖြစ်ပါတယ်)
ဒါတွေက လွတ်လပ်ရေးက ကြယ်တံခွန်နဲ့ ယှဉ်ရခဲ့သလို တိုင်းပြည်ဇာတာမှာ ရာဇပလ္လင် ပါပကတ္တိရိယုဂ် သင့်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ (ပါပကတ္တိရိဆိုတာက ပလ္လင်က ဂြိုဟ်ဆိုးနှစ်လုံး ကြားမှာ ညှပ်နေတာကို ဆိုလိုတာပဲဖြစ်ပါတယ်)
တစ်ခါ ဖေဖော်ဝါရီ ၂၄ ရက် ၂၀၀၉ ခုနှစ်မှာ စိမ်းပြာရောင် Lulin ကြယ်တံခွန်က ကမ္ဘာမှ (၀ ဒသမ ၄၁ AU) မိုင်အားဖြင့် ၃၈ သန်းအကွာ အဝေးမှဖြတ်သန်းရာ ကြယ်တံခွန်ဖြတ်သန်းသော ရာသီက တိုင်းပြည်၏ ရာဇပလ္လင်တည်ရာ ကေသရာဇာပိုင် Leo သိဟ်ရာသီ ဖြစ်နေခဲ့ပါသည်။ ဤအခြင်းအရာက ကြယ်တံခွန်သီအိုရီ အရ ကြယ်တံခွန်ဖြတ်သန်းပြီး နောက်နှစ်မှာ မင်းပြောင်းမင်းလွှဲ ဧကန်ရှိလာနိုင် ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပပြီး တိုင်းပြည်က ဒီမိုကရေစီလမ်းမပေါ် တင်ပေးပြီး အောင်မြင်စွာ အနားယူသွားခဲ့သလို တိုင်းပြည်မှာ ဆယ်စုများစွာ ဇာတ်သိမ်းမလှသော မင်းတို့၏ သမိုင်းကို ရပ်တန့်သွားစေခဲ့တာမို့ သူတင်ပေးခဲ့သော သမ္မတကြီး ဦးသိန်းစိန်ကလည်း ယနေ့ တာဝန်ပြီးဆုံးပြီမို့ မင်းတို့ဇာတ်သိမ်း မလှသော တိုင်းပြည်မှာ ဇာတ်သိမ်းလှသော သမိုင်းတစ်ခုကို ရင်မှာပိုက်လို့ အောင်မြင်စွာ အနားယူသွားရတော့မည် ဖြစ်ပါသည်။ သို့သော် ၂၀၁၆ နှစ်ဦး ဇန်နဝါရီလ ၁ ရက် နှစ်သစ်ဦးမှာ စတင်ပေါ်လာခဲ့ပြီး၂၀၁၆ ဇန်နဝါရီ ၁၅ မှ ၁၇ ရက် တွင်းမှာတော့ ကက်တာလီးနား (Catalina) ကြယ်တံခွန်က ကမ္ဘာမှ အနီးဆုံးနိုင်ငံတော် ဇာတာ လဂ်-စန်းတို့ အပေါ်မှ ဖြတ်သန်းသွားခဲ့တာမို့ ကြယ်တံခွန်၏ သမိုင်းအစဉ်အလာအရ ၂၀၁၆ မှာဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ တပ်မတော်တို့က ဘက်စုံ သတိထားဖို့တော့ အထူး လိုအပ်လိမ့်မည်။
ဘဲလားလေဘာတီ (Political Scientist)
January 12th 2016
January 12th 2016