၁၈၀၆ခုနှစ် ပရပ်ရှန်း(ဂျာမဏီ) နှင့်ပြင်သစ်စစ်ဖြစ်တယ်။ယေးနားမြို(Jena)မြိုမှာ ပရပ်ရှန်းတွေအတုန်းအရုံး မရှု မလှကျဆုံးတယ်။ပရပ်ရှန်းတွေကအဲဒီအဖြစ်အပျက်ကို ယေးနားကံဆိုးမိုးမှောင်ကျမှု (Disaster of Jena)လို့ခေါ်တယ်။ပရပ်ရှန်းတွေရဲဇာတိမာန်ကျင်စက်နဲအတို့ ခံရသလို့ Shockရသွားခဲ့တယ်။ ပညာရေးကိုပြုပြင်တယ် ပညာရေးကိုပုဂ္ဂိလိက မိသားတစု လူတစုကိစ္စအဖြစ်မစဉ်းစားတော့ဘဲအမျိုးသားရေးအဖြစ်နဲပြုပြင်လိုက်တော့တယ်။၁၈၇၀ တတိယနပိုလီယန်လက်ထက်မှာပြင်သစ်နဲပရပ်ရှားနောက်တကြိမ်စစ်ဖြစ်ပြန်တယ် ဒီအခါတော့ပြင်သစ်တို့ စစ်ရှုံးခဲ့ရပြီSedan မြို တိုက်ပွဲမှာတတိယနပိုလီယံလက်နက်ချခဲ့ရတယ်။သမိုင်းမှာ ပရပ်ရှန်းကျောင်းဆရာအောင်ပွဲလို့ ခေါ်တယ်(Victory of Prussian Schoolmasters)ပညာရေးစံနစ်ပြင်လိုက်တဲ့အတွက်လူတွေစည်းကမ်းရှိလာတယ် ဥာဏ်ပညာထက်မြက်လာတယ် တာဝန်သိတတ်လာတယ် စည်းရုံးလာတယ်အဲဒီပညာရေးပြုပြင်မှုကြောင့်ပြင်သစ်ကိုနိုင်ခဲ့တာဖြစ်တယ်အဲဒီအချိန်ကစပြီးဥရေားပမှာဂျာမဏီဟာတန်ခိုးထွားလာပြီးတခန်တနားထင်ရှာလာခဲ့တယ်။ပညာရေးပြုပြင်ပြောင်းလွဲပြီး ၆၄နှစ်ကြာမှာပြန်နိုင်ခဲ့တာဖြစ်တယ်ကျွှန်တော်တို့ မြန်မာပြည်မှာအင်္ဂလိပ်နဲစစ်ဖြစ်ပြီးစစ်ပွဲ၂ရှုံးထားတယ် Shockရပြီးမင်းတုန်းမင်လက်ထက်မှာပြင်ဘိုကြိုးစားတယ် နောက်ကျခဲ့တယ် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတယ်နှစ်ပေါင်၁၀၀ကျော်ကြာမှလွတ်လပ်ရေးပြန်ရတယ်ပြင်ဘို့ လုပ်တယ်ပြည်တွင်စစ်နဲတိုးတယ်တိုင်းရင်သားအချင်းချင်တိုက်ကြခိုက်ကြတာအခုဆိုရင်နှစ်၆၀ကျော်ခဲ့ပြီစစ်ပွဲတွေမပြီးသေးပညာရေးပြုပြင်မှုတတိုင်းပြည်လုံးမလုပ်နိုင်သေးပေ။အနီးနားကတိုင်းပြည်တွေ တိုတက်ထွန်းကားသွားခဲ့ပြီ သူတို့ တွေကလက်နက်နဲစစ်မတိုက်တော့ ကော်ကျည်ဆံတွေကိုပညာဆိုသည်သေနပ်ထဲးထည့်ပစ်ကြတော့သည်။ကျွှန်တော်တို့ တိုင်းရင်းသားတွေပြည်တွင်းစစ်ထက်သေကြေကုန်ကြသည်။နိုင်ငံတိုင်းမှာမြန်မာတိုင်တိုင်းရင်သားပေါင်းစုံကျွှန်ခံနေကြရသည်။ထို့ ကြောင့်ယခုကြွရောက်လာသောတိုင်းရင်းသားခေါင်ဆောင်များ အမေစုနှင့်ဆွေးနွေးပြီးပြည်တွင်းစစ်ကြီးရပ်နိုင်အောင်ကြီုးစားကြပါ ပြီးရင်ကျွှန်တော်တို့ ပညာရေးပြုပြင်ပြောင်လွဲပြီး တန်ခိုးကြီးသောပြည်ထောင်မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ကြရအောင်လာဗျာ။အားလုံးကိုလေးလေးစားတောင်ပန်တာပါသည်ခင်ဗျာ။စစ်ပွဲတွေရပ်ပြီးကျောင်တွေဖွင့်ကြရအောင်ကြိုးပေးကြပါလို့ ။။။။Aung Khin Zaw
မေလ ၉ ရက်နေ့တွင် Mercury Transit ဗုဒ္ဓဟူးဂြိုဟ်က နေဝန်းကို ဖြတ်သန်းသွားမည်။ ဤအခြင်းအရာကနေ ဗုဒ္ဓဟူးဂြိုဟ်နှင့် ကမ္ဘာတို့ တစ်တန်းတည်းကျသော အချိန်၌ ဖြစ်ပေါ်လေ့ ရှိတတ်ပါသည်။ သို့သော် ဤ Mercury Transit မျိုးက နေ+လ+ကမ္ဘာတို့ တစ်တန်းတည်း ကျစဉ်ကလို နေကြတ်ခြင်းကို မဖြစ်ပေါ်စေတတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ်တို့က နေနှင့် အလွန်နီးကပ်နေ ကြခြင်းကြောင့် နေ-ဗုဒ္ဓဟူးနှင့် ကမ္ဘာတို့ တစ်တန်းတည်းကျချိန်မျိုး မှာဖြစ်စေ၊ နေ-သောကြာဂြိုဟ်နှင့် ကမ္ဘာတို့ တစ်တန်းတည်း ကျနေချိန်မျိုးမှာ ဖြစ်စေ နေကြတ်ခြင်းကို မဖြစ်ပေါ်စေနိုင်ပေ။ ပြီးတော့ Mercury Transit ဗုဒ္ဓဟူးနေဝန်းကို ဖြတ်သန်းခြင်းမျိုးက နေကြတ်ခြင်း-လကြတ်ခြင်း တို့လို နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်မျိုးလည်း မဟုတ်ပေ။
မှတ်တမ်းများအရကတော့ နိုဝင်ဘာလ ၁၂ ရက် ၁၉၈၆ နောက် နိုဝင်ဘာလ ၆ ရက် ၁၉၉၃ မှာ တစ်ခါ၊ နိုဝင်ဘာလ ၁၅ ရက် ၁၉၉၉ မှာ တစ်ခါ၊ မေလ ၇ ရက် ၂၀၀၃ မှာတစ်ကြိမ် ထို့နောက် နိုဝင်ဘာလ ၈ ရက် ၂၀၀၆ နေ့မှာ Mercury Transit ဗုဒ္ဓဟူးဂြိုဟ်က နေဝန်းကိုထွင်းခဲ့သလို မေလ ၉ ရက် ၂၀၁၆ ခုနှစ်ဆယ်ကြာပြီးမှ တစ်ကြိမ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါတယ်။ ဒီတော့ မေလ ၉ ရက်နေ့မှာတော့ (G.M.T 11:12 AM) မြန်မာစံတော်ချိန်အရ (5:42 PM) နေဝင်ဆည်းဆာချိန်မှာ ဗုဒ္ဓဟူးအရိပ်က နေဝန်းကို စတင်ထိတွေ့မှာ ဖြစ်ပြီး တစ်ခါ (G.M.T 14:57 PM) မြန်မာစံတော်ချိန် (9:27 PM) မှာတော့ Transit လမ်းကြောင်း၏ အလယ်ဗဟိုကို ဖြတ်သန်းနေမှာဖြစ်သလို G.M.T (6:42 PM) မေ ၁၀ ရက် မြန်မာစံတော်ချိန် (01:12 AM) အချိန်မှာတော့ ဗုဒ္ဓဟူးနေကိုထွင်းခြင်းမှ ပြီးဆုံးသွားမည်ဖြစ်ပါသည်။ ဗုဒ္ဒဟူး နေကိုထွင်းခြင်းက အချိန် ၇ နာရီ နဲ့ မိနစ်၃၀ ခန့် ကြာမြင့်မည်ဖြစ်ပါသည်။
NASA ၏မှတ်တမ်းများအရ Mercury Transit ဗုဒ္ဓဟူးက နေကိုထွင်းခြင်းက ပုံမှန်နှစ် အပိုင်းအခြား မရှိသလို ဖြစ်စဉ်က များသောအားဖြင့် မေလနှင့် နိုဝင်ဘာလများတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိတာကို တွေ့ရပါသည်။ နောက်တစ်ချက်က ဤဗုဒ္ဒဟူးနေဝန်းကို ဖြတ်သန်းခြင်းနှင့် ပတ်သက်၍ NASA ၏ ထူးခြားသော အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း မရှိပေ။ သို့သော် အာကာသနက္ခတ် ဗေဒင်လောကနှင့် မာယန်တို့ ယဉ်ကျေးမှု ထွန်းကားခဲ့စဉ်ကတည်း ဗုဒ္ဓဟူး သို့မဟုတ် သောကြာဂြိုဟ် နေကိုထွင်းခြင်း နှင့်ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းများက ရှိခဲ့ဖူးပါသည်။ မာယန်တို့ ခေတ်လောက်ဆီကတည်းက အာကာသတွက်ရိုးများက ရှိနေပြီးဖြစ်တာမို့ မာယန်တို့က နေကြတ်-လကြတ်တို့ကို ကြိုတွက်ထားနိုင်ခြင်း အပြင် Milky way Galaxy စကြဝဠာကြီး၏ အလယ်ဗဟိုနှင့် နေ-ကမ္ဘာတို့ တစ်တန်းကျမည့်နှစ် တို့ကိုလည်း ကြိုတွက်ထားနိုင်ခဲ့သူများလည်း ဖြစ်နေကြပေသည်။ သို့ဖြစ်၍ အာကာသကို အမြဲစောင့်ကြည့် လေ့လာနေခဲ့ကြသော မာယန်တို့က ဤဗုဒ္ဓဟူး သို့မဟုတ် သောကြာတို့ နေကိုထွင်းခြင်းနှင့် ပတ်သက်လို့လည်း အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့တာမျိုးကလည်း ရှိနေပေသည်။ သို့ဖြစ်၍ မာယန်တို့က ဗုဒ္ဓဟူး သို့မဟုတ် သောကြာ Transit နေကိုထွင်းခြင်း၏ နောက်ကွယ်တွင် တိုင်းပြည်၌ မင်းပြောင်းမင်းလွှဲ ဖြစ်ရခြင်း၊ စစ်မက်-အင်္ဂါရပ် ကြီးထွားလာရခြင်း၊ သွေးထွက်သံယိုမှုတွေ ဖြစ်ရခြင်း၊ တိုင်းရေးပြည်ရေး မတည်ငြိမ်ခြင်း စသဖြင့် မာယန်တို့က လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကတည်းက အထက်ပါအခြင်းအရာနှင့် ပတ်သက်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ကြပါသည်။ ထိုခေတ်အခါ ဗုဒ္ဓဟူး သို့မဟုတ် သောကြာတို့ နေကိုထွင်းသော အခြင်းအရာတို့ကို မြင်တွေ့ကြသော် အထက်ဖော်ပြပါ အနိဋ္ဌာရုံများနဲ့ ကင်းဝေးစေရန် မိုးလင်းတာနဲ့ ယစ်ပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း စသည်တို့ကို နေရာအနှံ့မှာ ပြုလုပ်လေ့ ရှိတတ်ကြပါသည်။ ဤသည်ကား ခေတ်တစ်ခု၏ ယုံကြည်မှုနှင့် ခံစားချက်များပင် ဖြစ်ပေသည်။ ခေတ်မီ အာကာသနက္ခတ်ဗေဒင် ကတော့ ဤအခြင်းအရာ တိုက်ရိုက်ဟောကိန်းထုတ်တာမျိုး မဟုတ်ဘဲ မင်းနှင့် တိုင်းပြည်ဇာတာ တို့အပေါ် ချိန်ထိုးပြီးမှသာ တိုင်းရေးပြည်ရေး နိုင်ငံရေး တို့အပေါ် ဆုံးဖြတ်ပေးတတ်ပါသည်။
သို့ဖြစ်၍ ဤဗုဒ္ဓဟူး နေကိုထွင်းခြင်းဖြစ်စဉ်ကို နိုင်ငံတော်ဇာတာနှင့် နိုင်ငံတော်သမ္မတ၏ ဇာတာတို့အပေါ် ချိန်ထိုးရသော် လက်ရှိရောက်ဆဲ လများမှာ နိုင်ငံတော်ဗြိစ္ဆာလဂ်ပေါ်ကို စနေနှင့် အင်္ဂါတို့ စီးထားချိန်ဖြစ်နေသလို နိုင်ငံတော်ဇာတာ၏ MC ဆယ်တန့်ရှိ အင်္ဂါပေါ်သို့ ရာဟုစီးထားချိန် နှင့်လည်း တိုက်ဆိုင်လို့နေပါသည်။ တစ်ခါ နိုင်ငံတော်သမ္မတ ဇာတာ၏ MC ဆယ်တန့်၌ တနင်္ဂနွေ သူရိယနေမင်းက အားကောင်းစွာဖြတ်သန်း နေချိန်မှာ ဗုဒ္ဓဟူးက နေဝန်းကို ထွင်းနေချိန်နှင့် တိုက်ဆိုင်နေသလို နေက ကန်စန်း တနင်္လာ၏ ၈ တန့်သို့ ဖြတ်သန်းနေချိန်တို့နှင့် တိုက်ဆိုင်လို့ နေပြန်ပါသည်။ ပိုပြီး အားကောင်းသွားစေခြင်းက နိုင်ငံတော်၏ MC တိုင်းပြည်၏ ရာဇာပလ္လင်ပေါ် ရာဟုစီးနေချိန် စနေ၏ အမြင်အယှဉ် ရှိနေချိန်တို့နှင့်လည်း တိုက်ဆိုင်နေတာမို့ ဤဗုဒ္ဓဟူးဂြိုဟ် နေကိုထွင်းပြီး နောက်ကွယ်မှာတော့ နိုင်ငံတော်သမ္မတမှ ကျန်းမာရေးကအစ ဘက်စုံ သတိထားစရာများက ရှိလာမှာဖြစ်သလို မာယန်တို့ အဓိပ္ပာယ်ဖွင့်ဆိုထား သလို စစ်မက်အင်္ဂါရပ် ကြီးထွားလာရခြင်း သို့မဟုတ် သမ္မတကြီးကိုယ်တိုင် ရာထူးမှ နုတ်ထွက်လိုစိတ်များ ရုတ်တရက် ပေါ်လာနိုင်ပါသည်။ သို့သော် နုတ်ထွက်မိက ဗုဒ္ဓဟူးနေကိုထွင်းခြင်း၏ နောက်ကွယ်မှာမို့ ဆုံးဖြတ်ချက် မှားသွားနိုင်ပါသည်။ ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လူထုလှုပ်ရှားမှုများ ရှိလာနိုင်ခြင်း၊ အဓိကရုဏ်းများကို ဖန်တီးလာနိုင်ပြီး တိုင်းပြည်က ဘက်စုံယိုင်လာနိုင်တာမို့ မင်းအစိုးရတို့က ဘက်စုံ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မည်ဟု မှတ်ချက်ပေးရမည် ဖြစ်ပါသည်။ ဗုဒ္ဒဟူးကို ပြဒါးနှင့် နှိုင်းယှဉ်ထားတာမို့ ပြဒါးကဲ့သို့ ကိုင်တွယ်ရန် ခက်ခဲသောပြဿနာများက ခေါင်းဆောင်တို့၌ ရှိလာနိုင်ပါသည်။
မြန်မာနိုင်ငံသည် လူဦးရေသန်းပေါင်းထောင်ကျော်စီ ရှိနေသော နိုင်ငံကြီး နှစ်ခုကြား အပါအဝင် နယ်နိမိတ်ပေါင်း ၅ ခုကြားမှာ တည်ရှိနေ သည့်အပြင် တောတောင်ထူထပ်သော တောင်တန်းဒေသက ၅၀ ရာခိုင်နှုန်း နီးပါးရှိနေသလို တိုင်းပြည်က လွတ်လပ်ရေးရကတည်းက သောင်းကျန်း သူတွေနဲ့ ဖက်မွေးလာခဲ့ရတဲ့ တိုင်းပြည်လည်း ဖြစ်နေပြန်ပါတယ်။ သို့ဖြစ်၍ တိုင်းပြည်နဲ့စစ်က အပြန်အလှန်မှီနေတာမို့ ပြည်ထောင်စုကြီး တည်နေသရွေ့ စစ်နဲ့ကင်းနေလို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ဤသည်ကား တိုင်းပြည်၏ အကြောင်းတရားတွေပေမို့ ရှောင်လွှဲရန် အလွန်ခက်ခဲလို့ နေလိမ့်မည်။ သို့ဖြစ်၍ နိုင်ငံသားတိုင်းက တိုင်းပြည်ရဲ့တည်နေရာ၊ အခြေအနေနဲ့ အနေအထားပေါ်ကို နားလည်ပေးဖို့တော့ လိုပါသည်။
နောက်တစ်ချက်က ဗုဒ္ဓဟူးဂြိုဟ် နေကိုထွင်းနေစဉ်အတွင်းမှာ သူရိယနေမင်းမှာ ကြီးမားသော ပရမာဏုမြူပေါက်ကွဲမှုကြီး ဖြစ်ပေါ်နေချိန်နှင့် ကြုံနေပါက နေမှလွှင့်ထုတ်လိုက်သော သံလိုက်မုန်တိုင်းများကြောင့် ဗုဒ္ဓဟူးဂြိုဟ်နှင့် ကမ္ဘာပေါ်သို့ သဘာဝဘေးရန်များကို ဖန်တီးလာ နိုင်သလို ထိုသံလိုက်မုန်တိုင်းကြောင့် အာကာသဓာတ် ပျက်လာမှုများ ဖြစ်ပေါ်စေကာ ယနေ့ခေတ်အရ ဆိုပါက GPS Syetem ကမ္ဘာပတ်လမ်းကြောင်းမှ Satellite ဂြိုဟ်တုဆက်သွယ်ရေး စနစ်များ၊ Satellite Navigation System များ၊ Electronic နှင့် Computerized Control System များကို ဤဗုဒ္ဓဟူး နေကိုထွင်းသွားခြင်းက အလွယ်တကူ ဒုက္ခပေးလာနိုင်တာမို့ အာကာသ၌ သွားလာနေသော လေယာဉ်များ၊ အာကာသမှ (ISS) အပြည်ပြည်ဆိုင်ရာ အာကာသစခန်း၏ ဆက်သွယ်ရေးစနစ် များက ဗုဒ္ဓဟူးနေကိုထွင်းခြင်း၏ အကျိုးဆက် ပစ်မှတ်များ ဖြစ်လာနိုင်ပါသည်။
လူသားတိုင်းရင်၌ အကြည်ဓာတ်တစ်ခု ကိန်းအောင်းလို့ အေးချမ်းကြပါစေ။
ဘဲလားလေဘာတီ (Political Scientist)